Part 28

1K 105 20
                                    

Part 28

"  မသက်ဆိုင်ဘူးဟုတ်လား
မင်းဘာစကားပြောတာလဲ "

  ကျန်းချန်သက်ပြင်းအရှည်ကြီးချပြီးမှ
စကားစလိုက်သည်။

" ငါဦးလေးက ဝမ်အိမ်တော်ရဲ့မိသားစုဆရာဝန်မို့လို့
ငါပါ အကြောင်းစုံသိနေတာပါ ငါသိတယ်ဆိုတာလည်းဝမ်သခင်လေးသိတယ် "

"  ငါကိုမြန်မြန်ပြောစမ်းပါ ဝမ်ကရှင်းလေးကို
ဒီလောက်ချစ်တာ သူတို့ကဘာကြောင့်
ဘာမှမဆိုင်တာလဲ "

" လူနာအေးဆေးနားပါစေ
ငါတို့မင်းစာကြည့်ခန်းမှာ စကားပြောရအောင် "

  ရှောင်ကျန့် ခေါင်းညိတ်ပြီး  ကျန်းချန်ကို
စာကြည့်ခန်းထဲသို့ ခေါ်လာလိုက်သည်။

" မြန်မြန်ပြော အားနင်ဆီက ဆက်သွယ်လာရင်
ရှင်းလေးဆီ ငါလိုက်သွားရမယ် "

" တိုတိုပြောရရင် ဝမ်ရိပေါ်က ဥက္ကဋ္ဌဝမ်ကျင်းရဲ့
အလုပ်သမားကမွေးတဲ့ကလေးပဲ "

" ဘာ! "

" ဝမ်ရိပေါ်အမေကမွေးမွေးချင်းဆုံးသွားသလို
ဝမ်ရိပေါ်အဖေကလည်း ဝမ်ရိပေါ်ဆယ်နှစ်အရွယ်မှာ
ယဥ်တိုက်မှုနဲ့ ဆုံးသွားလို့
ဥက္ကဋ္ဌက ဝမ်ရိပေါ်ကိုမွေးစားလိုက်တာပဲ "

" ဘာ!.."

" ဝမ်ရိပေါ်ကိုမွေးစားပြီးမှ
ဥက္ကဋ္ဌကတော်က ရှင်းလေးကို ကိုယ်ဝန်ရခဲ့တာ
ဥက္ကဋ္ဌတို့က အရမ်းစိတ်ထားကောင်းသလို
ဝမ်ရိပေါ်ကိုလည်း သားအရင်းလို့ချစ်ခဲ့တယ် "

" ရှင်း​လေးသိလား "

" ဘယ်လိုသိမှာလဲ ဝမ်သခင်လေးကို
သူ့အစ်ကိုရင်းလို့ထင်နေတာ "

ရှောင်ကျန့် ဝမ်ဘဝကိုကြားရတာ
အလွန်ဝမ်းနည်းမိသည်။

" မင်းဖုန်းမြည်နေတယ် "

ကျန်းချန်ပြောလိုက်တော့မှ
အသိဝင်ကာကိုင်လိုက်သည်။

" ကျန်းချန် ငါသွားမှဖြစ်မယ် "

  ရှောင်ကျန် ဖုန်းပြောပြီး
ကျန်းချန်ကို ဝမ်ကိုဂရုစိုက်ဖို့ မှာခဲ့ပြီး
မြန်မြန်ထွက်လာလိုက်သည်။

🌃

....တင်းတောင်

ဘဲတီးသံအကြား ရှောင်တင်းနီ သွား၍ဖွင့်ပေးလိုက်သည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now