Part 32

1K 102 6
                                    

Part 32

နံနက်စာစုံညီစွာ စားနေတုန်း ကိုကိုက

" ရှောင်ဝမ်!..မင်း ရှင်းလေးကျောင်းအကြိုအပို့
တာဝန်ယူ "

" ဗျာ...ကျွန်တော်ကလား "

" အင်း ဘာလဲမင်းအလုပ်ရှုပ်လို့လား "

" မရှုပ်ပါဘူး ကျွန်တော်လုပ်ပါမယ် "

တော်သေးတယ် အချိန်မှီသေးလို့
ရှောင်ကျန့်ပြုံးပြီး ဝမ်ကိုလှည့်အကြည့်
ဝမ်ရဲ့မကျေနပ်သောအကြည့်နဲ့ ကြည့်ခြင်းကို
ခံရသည်။

ဝမ်ကဘာလို့အဲ့လိုကြည့်တာလဲ သူဘာမှားသွားလို့လဲ

" ကျွန်တော်စားလို့ဝပြီ ကျောင်းသွားတော့မယ် "

"  အစ်ကိုလည်းပြီးပြီ သွားရအောင် "

ရှောင်ဝမ်နဲ့ ရှင်းလေးထွက်သွားတော့
ရှောင်ကျန့်ပြုံးပြီး ဝမ်ကိုမေးလိုက်သည်။

" ဘယ်လိုလဲ ကိုယ်တော်တယ်မဟုတ်လား "

ဝမ် ကျွန်တော်ကိုမကြည့်ပဲ ထမင်းစားခန်းထဲက
ထွက်သွားသည်။

" ဝမ်ဘာဖြစ်လို့လဲ "

ရှောင်ကျန့် မြန်မြန်ပဲ ဝမ်နောက်ကိုလိုက်လိုက်သည်။

" ကိုယ့်ရဲ့မောင်က ကိုယ့်ဘာမှားလို့ စိတ်ဆိုးသွားရတာလဲ "

" ဘာမောင်လဲ! "

" ဝမ်ပဲ တချိန်က မောင်လို့ခေါ်ဆို "

ရိပေါ်မျက်စောင်းထိုးလိုက်ပြီး အိတ်ယူကာ
ထွက်ဖို့အလုပ် ကိုကိုကလက်ကိုလှမ်းဆွဲကာ
နမ်းဖို့ကြိုးစားနေသည်။

" ရပ်!...ကျွန်တော်ဒေါသဖြစ်နေတာနော် "

" ကိုယ်ဘာအမှားလုပ်လို့လဲ "

" ကိုကိုက ကိုယ့်ကိုယ်ကိုဘာအမှားလုပ်မိလဲ
ကိုယ်တိုင်တောင်မသိဘူးလား "

ရှောင်ကျန့် စဥ်းစားလိုက်ပေမဲ့ အဖြေမထွက်လာပေ။

" ကိုယ် ဒီမနက်ဘာအမှားမှမလုပ်ပါဘူး "

ဝမ်ကျွန်တော်ခြေထောက်ကိုကန်ချလိုက်သည်။

" အား..ဝမ်! "

ဝမ်လက်ကိုလွှတ်ပေးလိုက်ပြီး
ခြေထောက်ကိုပွတ်လိုက်သည်။ယ

အမြတ်နိုးဆုံးဝမ်Where stories live. Discover now