Part 24

1.1K 102 6
                                    

Part 24

ရိပေါ် မနက်စာစားရင်း ဖုန်းမြည်သံကြောင့်
ကိုင်လိုက်သည်။

" ဗျာ! "

  ရှောင်ကျန့် အံသြတုန်လှုပ်သွားတဲ့ ရိပေါ်ကိုကြည့်မိသည်။

" ဘာဖြစ်လိုလဲ ကိုကို "

  ရိပေါ် ရှင်းလေးအမေးကို ဖြေမအားပဲ
ရှောင်ဝမ်ဘက်လှည့်ကာ ပြောလိုက်သည်။

" ရှောင်ဝမ် ညီကိုကျောင်းပို့ဖို့ မင်းကိုအပ်တယ် "

ရိ​ပေါ်ထမင်းစားခန်းထဲက တန်းထွက်သွားသည်။

" ကိုကို! "

သူ့အစ်ကိုနောက်လိုက်သွားမဲ့ ရှင်းလေးလက်ကို
ရှောင်ကျန့်ကိုင်လိုက်သည်။

"  ကုမ္ပဏီမှာအရေးကြီးကိစ္စပေါ်လို့နေမှာ
ပြီးအောင်စား "

" မနက်စောစောစီးစီး ကုမ္ပဏီကိစ္စမဟုတ်လောက်ဘူး "

ရှင်းလေးပြောတာမှန်တယ် ဝမ်ကုမ္ပဏီက
ကျွန်တော်ကူညီမှုကြောင့် အဆင်ပြေနေတာပဲ
ဝမ် ဘယ်ကိုအရေးတကြီး ထွက်သွားပါလိမ့်

" ရှောင်ဝမ်!..ရှင်းလေးကို ငါကျောင်းလိုက်ပို့လိုက်မယ် "

" ပေါ်လေးက ကျွန်တော်ကိုအပ်သွားတာ "

" ရှင်းလေးက ငါ့ယောက်ဖ "

" အစ်ကို ပိုင်စိုးပိုင်နင်းလုပ်တာများနေပြီ "

"  တော်ပါတော့ မိသားစုချင်းရန်မဖြစ်ပါနဲ့
ကျွန်တော်ကကျင်းရီနဲ့ပဲသွားမှာ "

"  အစ်ကိုလိုက်ပို့မယ် "

" မပို့နဲ့ယောက်ဖ ကျွန်တော်ဝင်စရာရှီလို့ "

" ဘယ်ဝင်မလို့လဲ "

" အိမ်ကိုပါ ယူစရာရှီလို့ "

" ကျောင်းကအပြန်မှ အစ်ကိုပို့ပေးမယ် "

" ဟုတ်.."

  ရှောင်ကျန့်ပဲ ရှင်းလေးကို ကျောင်းပို့လိုက်သည်။

....⛪

  ဝမ်ရိပေါ် အိမ်ရောက်တော့ ဦးလေးက ဧည့်ခန်းမှာထိုင်နေသည်။ အိမ်တော်ထိန်းက ဧည့်ခံထားသည်။

" ဦးလေး "

  ဝမ်ရိပေါ်  ဦးလေးရှေ့ ချက်ခြင်းဝင်ထိုင်လိုက်သည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now