Part 26

1.1K 97 3
                                    

Part 26

ရိပေါ်နိုးနိုးချင်း ရှောင်ကျန့်ကိုမြင်ရသည်။
ရှောင်ကျန့် Laptopသုံးရင်း
ကျွန်တော်ကိုလှည့်ကြည့်သည်။

" နိုးလာပြီလား ဝမ် "

ရှောင်ကျန့် ဖုန်းဆက်ကာ အောက်ထပ်က
အစေခံတွေကို မှာနေသည်။

" ဘယ်လိုနေသေးလဲ သက်သာရဲ့လား "

" ဘယ်နှာနာရီ ထိုးပြီလဲ "

" တစ်နာရီထိုးတော့မယ် "

ရိပေါ်ခေါင်းညိတ်လိုက်သည်။
အစေခံက အမဲသားဆန်ပြုတ်ယူလာသည်။
ရှောင်ကျန့်သေချာမှုတ်ကာ ခွံကျွေးချင်နေသည်။

"  ကိုယ်ဘာသာစားပါမယ်"

"  ကိုယ်ခွံကျွေးပါမယ် ပါးစပ်ဟ..အာ "

ရိပေါ် ပါးစပ်ဟပေးလိုက်သည်။

"  စားလို့ကောင်းလား "

" အင်း.."

" များများစားရမယ်နော်
ဝမ်ကမြန်မြန်နေကောင်းချင်နေတယ်မှတ်လား "

" ဟုတ်တယ် များများစားရမယ် "

ရှောင်ကျန့်ထပ်ခွံကျွေးလိုက်သည်။ ဝမ်စားနေရင်း
မျက်ရည်ကျလာသည်။

" ဘာလို့လဲ..ဘာလို့ငိုတာလဲ

ရှောင်ကျန့်တိတ်လန့်သွားကာ ပန်းကန်လုံးကို
ဘေးမှာချကာ ရိပေါ်ကိုပုခုံးကိုယုယစွာကိုင်ကာ
မေးလိုက်သည်။

" ဘယ်နားနာနေလို့လဲ ကိုယ့်ကိုပြောပါ "

"  ခင်ဗျားကြောင့်..ခင်ဗျားကြောင့်!. "

ရိပေါ်ကျွန်တော်ကိုထုကာငိုကျွေးနေသည်။

" ဘာဖြစ်လို့လဲ ဘာပြဿနာရှီလို့လဲ
ကိုယ့်ကိုပြော ကိုယ်အားလုံးဖြေရှင်းပေးမယ် "

ဝမ်ကခေါင်းရမ်းကာ ငိုနေသည်။
ရှောင်ကျန့် ဝမ်ကိုဖက်ထားလိုက်သည်။

" ဘာပြဿနာဖြစ်လို့ ဒီလောက်ဝမ်းနည်းပက်လက်
ငိုနေရတာလဲ ကလေးရယ် "

ကလေးတဲ့လား ရှောင်ကျန့် ကျွန်တော်ကိုယုယစွာခေါ်ပြီး
ချော့နေပေမဲ့ အထီးကျန်စွာ ဝမ်းနည်းမိတုန်းပဲ
သူက ရှောင်လေးမှမဟုတ်တာ

အမြတ်နိုးဆုံးဝမ်Where stories live. Discover now