Part 9

1.2K 115 8
                                    

Part 9

  ရှောင်ကျန့် ရှင်းလေးကိုဆေးတိုက်ပြီး
အခန်းထဲကအထွက် ဝမ်နဲ့ဆုံလေသည်။

" ရှင်းလေးကအိပ်ပျော်သွားပြီ
သူအိပ်ပျော်တဲ့အထိ စောင့်ပြီးမှထွက်လာတာ "

" အင်း "

ဝမ်ကသူကိုအေးဆက်ဆက်နဲ့ကြည့်ကာဖြေသည်။

" မနက်ကကိစ္စအတွက်တောင်းပန်ပါတယ် "

  ဝမ်ကသူအတွက်စိတ်အနှောက်အယှက်ဖြစ်ရတာ
သူမလိုလားပေ။ ဝမ်ကသူကိုကြည်ဖြူမှ ဒီအိမ်မှာဆက်နေဖို့
ရှောင်ကျန့် အားရှီမှာဖြစ်သည်။

" ရှင်းလေးက လူတစ်ယောက်ကိုခင်တာ
တွယ်တာတာ တော်တော်ရှားတယ်
မနက်က မင်းရှေ့မှာ မားမားမက်မက်ရပ်တည်ပြီး
ကာကွယ်တဲ့ကိစ္စကြောင့် ကျွန်တော်လန့်သွားတယ်
သူဘေးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက်
ကျွန်တော်စိတ်တိုင်းကျ အလုပ်ထုတ်နေလည်း
သူဘာတစ်ခွန်းမှ ဝင်မပြောခဲ့ဘူး "

" အဲ့ဒါက.."

     ဝမ်မျက်နှာကသူမျက်နှာရှေ့ ကပ်လာသည်။
ဝမ်မျက်နှာကို အနီးကပ်မြင်ရတာကြောင့်
ရှောင်ကျန့် ရင်ခုန်မိသည်။

" မင်းရဲ့ဘာကထူးခြားတာလဲ "

" ဗျာ! "

" ငါကြည့်တာကတော့ ဘာမှမထူးခြားပါဘူး "

" သခင်လေးအနီးကပ်ကြည့်ပေမဲ့ မမြင်သေးလို့နေမှာပါ "

    ဝမ်ရှေ့တိုးပြီးထပ်ကြည့်သည်။

" ဘာမှမထူးခြားပါဘူး "

" ကျွန်တော်မျက်လုံးကို သေချာကြည့်လေ "

    ဝမ်ကသူမျက်လုံးကိုစိုက်ကြည့်သည်။ အကြည့်ချင်းဆုံပြီး
ရှောင်ကျန့် ရင်ထဲအဆမတန်ခုန်နေသည်။

" တွေ့လား "

  ရှောင်ကျန့်မေးလိုက်သည်။
ကျွန်တော်မျက်ဝန်းထဲက အချစ်ရွှန်းလဲ့ရည်တွေကို
ဝမ်တွေ့လား

" ဘာမှမထူးခြားပါဘူး "

  ဝမ်အကြည့်လွှဲပြီး အနားကချက်ခြင်းထွက်သွားသည်။

" ဘာဖြစ်သွားတာလဲ "

  ရိပေါ်အခန်းထဲဝင်ပြီး တံခါးမြန်မြန်ပိတ်လိုက်သည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now