Part 41

956 84 2
                                    

Part 41

    မနက်စာသိပ်မစားတဲ့ ရှင်းလေးကို
ရိပေါ်စိတ်ပူကာမေးလိုက်သည်။

" စားမကောင်းဘူးလား ကလေး "

" ခေါင်းနောက်နေလို့ကိုကို "

  ရှောင်ဝမ်ချက်ခြင်း သူ့နားမှာရှီသော
ရှင်းလေးနဖူးကိုစမ်းလိုက်သည်။

" နေမကောင်းဘူးလို့ မပြောနဲ့နော်
ကျွန်တော်ဒီနေ့ တင်းနီနဲ့လျှောက်လည်မှာ "

  ရှင်းလေးပြောလို့မှမဆုံးသေး
တင်းနီရောက်လာသည်။

" ရောက်လာပြီလား ထိုင်ပါအုံး
မနက်စာစားသွားအုံး  "

   အစ်ကိုရှောင်ကျန့်ကထိုင်ခိုင်းနေတာကြောင့်
တင်းနီထိုင်လိုက်သည်။ အိမ်ကူကရောက်လာကာ
ကော်ဖီငှဲ့ပေး ခေါက်ဆွဲထည့်ပေးသည်။

"  အပြင်ထွက်တဲ့အချိန် ဂရုစိုက်ပေးပါ "

  ရှောင်ဝမ်ပြောပြီး ထွက်သွားသည်။

" မြန်မြန်စား ရုပ်ရှင်ကြည့်ချင်နေပြီ "

" တင်းနီကောင်းကောင်းစားပါစေ မလောပါနဲ့
ရှင်းလေး ဆေးသောက်ရအုံးမယ်နော် "

" မသောက်ချင်ဘူး "

  ရိရှင်းထအရပ် ခန္ဓာကိုယ်ယိုင်သွားသည်။

" ကလေး "

  ရှောင်ကျန့်မြန်မြန်သွားပြီး ထိန်းထားလိုက်သည်။

" အိမ်မှာပဲနားရအောင် ကိုယ်တနေကုန်
အဖော်ပြုပေးပါမယ် "

    တင်းနီစိုးရိမ်ပြီး ထရပ်ကာပြောလိုက်သည်။

" မရဘူး ဒီနေ့အပြင်ထွက်မှာ လမ်းမှာလဲသေချင်သေပါစေ "

" ရိရှင်း! "

  ရိပေါ်အော်လိုက်တာဖြစ်သည်။
နေမကောင်းကလေးကို အော်မယ်လိုမထင်ခဲ့ဘူး။ ကျွန်တော်နဲ့တင်းနီ အံသြကာကြည့်မိသည်။

" ကိုကိုကတော့ မင်းကိုစိုးရိမ်လို့
အိပ်မပျော်တဲ့ညတွေဆို ရေတွက်မရဘူး
မင်းနဲ့ခွဲရမှာ ကိုကိုသေမလောက်ကြောက်တယ်ဆိုတာ
မသိဘူးလား "

" ဝမ်လေး!  "

" အစ်ကို! "

  ရိပေါ်လည်းဝမ်းနည်းပြီးပြောလိုက်ပေမဲ့
ရှင်းလေးရဲ့အမေးကြောင့်လန့်သွားသည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now