Part 30

1.1K 108 6
                                    

Part 30

ရိပေါ်နိုးနိုးချင်း ရှင်းလေးအခန်းထဲသို့ပြေးကြည့်မိသည်။

" ရှင်းလေး! "

ရှင်းလေးကိုမတွေ့တာကြောင့် စိတ်ပူစွာ
အိမ်အောက်ထပ်သို့ ပြေးဆင်းလာမိသည်။

" သခင်လေး..သခင်ငယ်လေးတို့က
ထမင်းစားခန်းထဲမှာပါ "

ဝမ်ချက်ခြင်း ထမင်းစားခန်းထဲပြေးဝင်လာလိုက်သည်။

" အိပ်ပုတ်လေး နိုးပြီလား "

ကိုကိုကရှင်းလေးနဲ့ ထမင်းစားနေရင်းက
ထလာကာ ကျွန်တော်ကိုနှုတ်ဆက်သည်။

" ရှင်းလေး!..ကိုကိုက "

ရိပေါ် ကလေးနဲ့မျက်နှာခြင်းဆိုင်ခုံမှာထိုင်လိုက်သည်။

"ကျွန်တော်စားလို့ပြီးပြီ "

ရှင်းလေးကကျွန်တော်ကိုမမြင်ချင်လို့ထင်တယ်
ထထွက်သွားသည်။

" ရှင်းလေး! "

ရှောင်ကျန့် ဝမ်လက်ကိုဆုတ်ကိုင်ထားလိုက်သည်။

" ဝမ်ဘာမှမစားရသေးဘူး
ထမင်းအရင်စားရအောင် "

" ကျွန်တော်မစားချင်ဘူး ရှင်းလေးနောက်လိုက်ပြီး
ရှင်းပြရအုံးမယ် "

" ဝမ်ဘယ်လိုရှင်းပြမလို့လဲ  ပါ
ပါးရဲ့သေတမ်းစာကြောင့်
မဖြစ်မနေပို့ရတယ်လို့ ထပ်ပြောမလို့လား "

" ကိုကို! "

  ရိပေါ် ကိုကို့ကိုအံသြစွာကြည့်လိုက်သည်။

" ထမင်းအရင်စားရအောင် ကိုယ်ခွံမယ် "

ရှောင်ကျန့် ထမင်းစားခန်းထဲက ဝန်ထမ်းတွေကို
အပြင်ထွက်ခိုင်းလိုက်သည်။

" ပါးစပ်ဟ..အာ! "

" ကိုကို.."

" ပါးစပ်ဟပါဆို ကိုယ်ဝါးပြီးခွံကြွေးရမှာလား "

ရိပေါ် ပါးစပ်ဟပေးလိုက်သည်။

" ဘယ်လိုလဲစားကောင်းလား "

" မကောင်းဘူး "

" ဟားဟား ကိုယ်ယောက်ကျားကခွံရင်
ဟင်းမကောင်းလည်း
အရသာရှီတယ်ပြောရမှာကိုး "

အမြတ်နိုးဆုံးဝမ်Where stories live. Discover now