Part 12

1.3K 95 20
                                    

Part 12 ( 🚨 အသက်မပြည့်ရင်
ဒီအပိုင်းကို ကျော်သွားနော်☺️ )

ရှောင်ကျန့် သခင်လေးရှင်းကိုခေါ်ပြီး
မနက်စာဆင်းအစား အံသြဖွယ်မြင်ကွင်းကို
တွေ့ရသည်။ အကြောင်းမှာ ဝမ်ကApronဝတ်ပြီး
စားပွဲပေါ်မှာ စားစရာချနေတာဖြစ်သည်။

" သခင်လေး! "

" နိုးလာကြပြီလား ရှင်းလေးအကြိုက်
ကိုကိုက ထမင်းကြော်ထားတယ် "

" သခင်လေးကိုယ်တိုင်ကြော်တာလား "

" ဟုတ်တယ် မနက်အစောကြီးထပြီး
သခင်လေးက ချက်ပြုတ်နေတာ
ထမင်းကြော်နဲ့ ၁၂မျိုးဟင်းချို "

ကျင်းရီကရှင်းပြလိုက်သည်။ ဝမ်က Apron
ချွတ်ဖို့အလုပ် ရှောင်ကျန့်အသဲအသန်အော်လိုက်သည်။

" မချွတ်သေးနဲ့ ကျွန်တော်ဓာတ်ပုံရိုက်အုံးမယ် "

ရှောင်ကျန့်ဘောင်းဘီထဲကဖုန်းထုတ်ကာ
တဖျက်ဖျက်ရိုက်နေလိုက်သည်။
အစေခံတွေက ထူးဆန်းစွာကြည့်နေကြသည်။
ရှောင်ကျန့် ဒီလိုလုပ်တာကို သခင်ကဘာမှမပြောပဲ
Photo အရိုက်ခံနေတာဖြစ်သည်။

" ဗိုက်ဆာနေပြီ "

ရှောင်ကျန့်ပြုံးပြီး ခုံထုတ်ပေးကာ သခင်လေးရှင်းကို
ထိုင်စေလိုက်သည်။

" သခင်​လေး! "

ရှောင်ကျန့်ထိုင်ဖို့ သခင်လေးကခုံဆွဲထုတ်ပေးသည်။
အိမ်တော်ထိန်းအပြင်
အားလုံးအံအားသင့်သွားကြသည်။
ရှောင်ကျန့်ပျော်သည်။ ဝမ်ကသူလို့အစေခံကို
တန်ဖိုးထားလိုက်တာဖြစ်သည်။ ရှောင်ကျန့်
အမှန်တကယ်ပဲ
ဒီလိုဘဝမျိုးကို ပထမဆုံးမက်မက်မောမောကို
သဘောကျသည်။ သူဘာကြောင့် မဆင်းရဲရတာလဲ။

" ဘယ်လိုလဲ စားကောင်းလား "

ရှောင်ကျန့်စားတာကြည့်ပြီး ဝမ်က
ဂရုတစိုက်မေးနေတာဖြစ်သည်။

" အရမ်းကောင်းတယ် သခင်လေး "

ရှောင်ကျန့်လက်မထောင်ကာပြောလိုက်တာဖြစ်သည်။

" များများစား "

" သခင်လေးလည်းစား "

ရှောင်ကျန့် သခင်လေးပန်းကန်ထဲ ဟင်းရည်ထဲက
အသဲဖတ်ရွေးပြီး ထည့်ပေးလိုက်သည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now