Part 25
" ဝမ်..ဝမ်ရိပေါ်!..."
မနက်မိုးလင်းလင်းချင်း ဝမ်ကိုနှိုးလို့မရတာကြောင့်
ရှောင်ကျန့်စိတ်ပူသွားပြီး ဆရာဝန်ကိုခေါ်လိုက်သည်။" ငါဆေးထိုးပေးခဲ့တယ်
တစ်ခုခုထပ်ဖြစ်ရင် ငါဆီအချိန်မရွေးဖုန်းဆက်လိုက် "" အင်း...ကျန်းချန်! "
" ဒါနဲ့ရှင်းလေးကော "
" အခုမှ၇နာရီထိုးသေးတော့
အိပ်နေသေးတယ်ထင်တယ်
ဘာဖြစ်လို့လဲ ကျန်းချန်! "" ရှင်းလေးကျန်းမာရေးကို
အားမရလို့ဆေးစစ်ချင်လို့ "" ရှင်းလေးနေကောင်းပါတယ် ဆေးလည်းပုံမှန်သောက်နေတာ
မင်းကဒေါက်တာဖြစ်ပြီး လူတွေ့တာနဲ့
ဆေးစစ်ဖို့ပဲပြောနေတာ "" လိုအပ်လို့ပေါ့ကွ..ရှောင်ကျန့် မင်းကတော့
ငါပြန်ပြီ "" အင်း! "
ရှောင်ဝမ် အောက်ထပ်မဆင်းခင်
ဒေါက်တာကိုတွေ့တာကြောင့် မေးလိုက်သည်။" ဒေါက်တာ ဘယ်သူ့ဘာဖြစ်လို့လဲ "
" ဝမ်သခင်လေးဖျားတာပါ "
" ဗျာ!..ကျွန်တော်သွားကြည့် "
" သူတို့နှစ်ယောက်တည်းပဲ ထားလိုက်ပါ "
ဒေါက်တာပြောတာကြောင့် ရှောင်ဝမ် မနက်စောစော
ဝင်မကြည့်သင့်တာကြောင့် အောက်ထပ်ပဲ
ဆက်ဆင်းသွားလိုက်သည်။⛪
မနက်ရှစ်နာရီထိုးတော့ ဝမ်နိုးလာသည်။
" ရှင်းလေး!..ရှင်းလေး "
ရှင်းလေးကိုယောင်ရင်း တိတ်လန့်တကြားနိုးလာတဲ့ဝမ်ကိုဖက်ထားလိုက်သည်။
" ကိုယ်ရှီတယ်..ကိုယ်ရှီတယ် "
ဝမ်ကျောကိုဖွဖွလေးပုတ်ကာ နှစ်သိမ့်လိုက်သည်။
" အဟွတ်..အဟွတ်! "
ဝမ်ရဲ့ချောင်းဆိုးသံကြောင့် ချက်ခြင်းနဖူးကိုစမ်းလိုက်သည်။
" ကိုယ်တွေပူနေသေးတယ် "
ဝမ်ရိပေါ်သည် ရှောင်ကျန့်လက်ကိုပုတ်ထုတ်ကာ
မေးလိုက်သည်။