Part 36

882 86 5
                                    

Part 36

  ရှောင်ကျန့် သတင်းကြားကြားချင်း ဆေးရုံသို့
မြန်မြန်ရောက်ရှီလာခဲ့သည်။

" ဝမ်လေး "

   ကျွန်တော်ကိုတွေ့တော့ ဝမ်လေးပြေးဖက်သည်။

" ဘယ်လိုဖြစ်တာလဲ "

" မသိဘူး မနိုးဘူး ရှင်းလေးကမနိုးဘူး "

" စိတ်လျော့ပါ..စိတ်အေးအေးထားပါ "

  ဝမ်လေးကျောကိုပုတ်ပေးလိုက်သည်။
ကျန်းချန် ထွက်လာပြီး

" ရှင်းလေးနိုးပြီး "
 
ရိပေါ်နဲ့တင်းနီ အခန်းထဲပြေးဝင်သွားကြသည်။
ကျန်းချန် ကျွန်တော်ကိုကြည့်ကာ

"  ငါလိုအပ်တာကြောင့် ဆေးစစ်ထားတယ်
အမှန်ကလိုအပ်တာကြာပါပြီ ရှောင်ကျန့် ငါမင်းကိုပြောထားတယ်လေ မင်းမေ့လျော့နေတာလား "

" မင်းဘယ်တုန်းက..."

" ငါမင်းကို ဆေးရုံလာဖို့ခေါ်ထားတယ်လေ "

" ဟုတ်သားပဲ ဒီကြားထဲ ပြဿနာတွေအများကြီးဖြစ်သွားတယ်  အခြေအနေဘယ်လိုနေလဲ "

ကျန်းချန် သက်ပြင်းချပြီး

" ဆေးစစ်ချက်ရမှ ဆက်ပြောကြတာပေါ့ "

   ကျန်းချန် ကျွန်တော်နားလာပြီး ကျွန်တော်ပုခုံးကိုပုတ်ကာဆိုလိုက်ခြင်းဖြစ်သည်။

" ​မင်းမျက်နှာကဘာဖြစ်တာလဲ ကျန်းချန်
အဖြေတောင်မသိသေးဘူး မင်းကဘာမျက်နှာကြီးလဲ "

" ရှောင်ကျန့် မင်းစိတ်ထိန်း "

" အဖြေသိရရင် ငါကိုအရင်ခေါ်ပြော "

" ရိပေါ်လည်းသိဖို့လိုတယ် ဒါဖုန်းကွယ်ထားရမဲ့ကိစ္စ
မဟုတ်ဘူး "

" ငါကိုပဲအရင်ပေးသိ! "

  ရှောင်ကျန့်လေသံမာသွားသလို ရှောင်ဝမ်လည်း
ဆေးရုံကိုအလာ အကုန်ကြားသွားမိသည်။
ကျန်းချန် ခေါင်းညိတ်ကာ ထွက်လာခဲ့လိုက်သည်။

" ရှင်းလေးက အခြေအနေဆိုးနေတာလား "

  ရှောင်ဝမ်အနားကိုရောက်လာပြီး မေးလိုက်သည်။

" မင်းပါးစပ်ပုတ်ကြီးနဲ့ "

" အစ်ကို! "

" အခန်းထဲဝင်ရအောင် "

အမြတ်နိုးဆုံးဝမ်Where stories live. Discover now