Part 3

1.5K 141 8
                                    

Part 3

ရှောင်ကျန့်စောစောထပြီး ကောင်လေးအခန်းသို့ပြေးရသည်။

" ကောင်လေးထတော့ မနက်စာစားဖို့မမှီပဲနေလိမ့်မယ် "

" အင်း.."

ကောင်လေးကဟိုဘက်လှည့်ကာအိပ်နေပြန်သည်။

" ကောင်လေး ထပါတော့ဆို "

ရှောင်ကျန့်ကောင်လေးကိုအဆက်မပျက်နှိုးလိုက်သည်။
ဝမ်ရိပေါ် ကုမ္ပဏီမသွားခင် ဝမ်မနက်စာစားတာကို
သူကြည့်ချင်သည်။ အဲ့တာမှ သူအတွက်
မင်္ဂလာရှီသော မနက်ခင်းဖြစ်မှာ။

" ကောင်လေး.."

" ဟာ..ဘာလို့အတင်းနှိုးနေတာလဲ "

"  ဒီအချိန်မှမထရင် မနက်စာစားဖို့မမှီပဲနေလိမ့်မယ် "

" မမှီရအောင် မနက်စာကဘယ်ပြေးမှာမို့လို့လဲ "

" ဟမ်! "

မနက်စာကဘယ်မှမပြေးနိုင်ပေမဲ့ ဝမ်ကတော့
ပြေးနိုင်သည်။

" ​ကြောင်တောင်တောင်နဲ့ "

ကောင်လေးပြောပြီးပြန်လှဲချသွားသည်။

"  ကောင်လေး! "

" ကျွန်တော်ကိုကောင်လေးလို့မခေါ်နဲ့
ပိုင်စိုးပိုင်နင်းနဲ့ "

တော်တော်ဆိုးတဲ့ ကလေးလေးပဲ
ဝမ်ကလည်း ဘာကြောင့်အဲ့လောက်တောင်
အလိုလိုက်ထားရပါလိမ့်
ဝမ်နဲ့ငါရရင် ဒီကလေးကိုလိမ်မာအောင်
အရင်ဆုံး ဆုံးမရမယ်

" သခင်လေးရှင်း ထပါတော့
အစ်ကိုပြောထားတယ်လေ ရှောင်တင်းနီ Show
လက်မှတ်ရအောင်လုပ်ပေးမယ်လို့ "

ကောင်လေးတန်းထလာသည်။

" ဟုတ်သားပဲ ခင်ဗျားမနေ့က ကတိပေးထားတာပဲ "

ဒီကောင်လေး ရှောင်တင်းနီရဲ့ Fanစစ်စစ်ပဲ
ရှောင်တင်းနီနဲ့ပဲ ချုပ်ကိုင်ရမယ်

" အစ်ကို့ကိုလက်မှတ်ဖိုးပေး ဒီနေ့ရအောင်လုပ်ပေးမယ် "

" တကယ်လား "

" တကယ်​ အခုရေချိုးတော့ မနက်စာစားရအောင် "

"  မဟုတ်ရင် ခင်ဗျားအလုပ်ပြုတ်ပြီမှတ် "

အမြတ်နိုးဆုံးဝမ်Where stories live. Discover now