[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၂၆ ။ လူကယ်ခြင်းထောင်မုသည် လက်ထဲမှာ ဖုန်းကိုကိုင်ထားပြီး အချိန်အကြာကြီး ရပ်နေခဲ့သည်။ ထောင်မု ကို တိတ်တဆိတ်စောင့်ကြည့်နေသည့် ဝမ်ပေါ်ယွမ်က "ဘာဖြစ်လို့လဲ?" ဟု မေးခဲ့သည်။
"ဘာမှမဖြစ်ပါဘူး၊ ကျွန်တော့်ဆီ မက်ဆေ့ချ်တစ်စောင် ၀င်လာတာပါ" ထောင်မုသည် တစ်စုံတစ်ယောက်မှ နောက်ပြောင်ခြင်း သို့မဟုတ် တကယ်ပဲ အကူအညီလိုအပ်နေသလား ဆိုသည်ကို သေချာမသိပါ။ ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို ကြည့်လိုက်သည့်အခါ ထိုဖုန်းနံပါတ်သည်Hမြို့မှ ဖြစ်သည်။ ထောင်မုသည် ခဏလောက် စဉ်းစားလိုက်ပြီး ထိုဖုန်းနံပါတ်ကို ပြန်ခေါ်ခဲ့သည်။
ဖုန်းသည် နှစ်ကြိမ်ပဲ မြည်ခဲ့ပြီး တစ်ဖက်မှ ဖုန်းချပစ်ခဲ့သည်။ သူ ဒုတိယအကြိမ်ခေါ်သည့်အခါ လုံးဝစက်ပိတ်သွားခဲ့သည်။
ထောင်မု၏စိတ်ထဲတွင် လေးလံလာသဖြင့်သူသည်ဖုန်းကိုင်လျက် မတ်တပ်ထရပ်လိုက်သည် "ကျွန်တော် အပြင်သွားပြီး ဖုန်းခေါ်လိုက်အုံးမယ်"
လမ်းလျှောက်ရင်းနှင့်ပင် သူသည် Hမြို့ရှိသူ၏ အဆက်အသွယ်များကို ရှာကြည့်နေခဲ့သည်။ သူသည် တစ်ချက်သတိရသွားခဲ့သည်။ ထို့ကြောင့်ပြီးခဲ့သည့်အပတ်က သူနှင့်တွေ့ဆုံခဲ့ကြသည့် မိန်းကလေးသုံးဦး၏ ဖုန်းနံပါတ်များကို ရှာခဲ့ပြီးတစ်ယောက်ချင်းစီကို ဆက်သွယ်ခဲ့သည်။ သူတို့ဖုန်းအားလုံးသည် စက်ပိတ်ထားကြသည်။
"မဟုတ်လောက်ပါဘူး?" ထောင်မုသည် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး တမောက် ကို ဖုန်းဆက်လိုက်သည်"မင်း ဒီရက်ပိုင်း ယွင်သော်၊ ဝူရှောင်ရွှမ်း နဲ့ ကျန်းဟန့်ယာတို့ကို တွေ့မိသေးလား?"
တမောက် သည် ခဏလောက် ပြန်စဉ်းစားလိုက်ပြီး "ဘယ်သူ?"
ထောင်မု : "....." သူ့သူငယ်ချင်းကို မည်သို့ပြောရမှန်းပင် မသိတော့ပေ။
"ပြီးခဲ့တဲ့ အပတ်က ငါတို့နဲ့အတူ ညစာစားခဲ့တဲ့ မိန်းကလေးသုံးယောက်လေ" ထောင်မု သည် အမြန်ပြောခဲ့သည် "ငါမသိတဲ့ ဖုန်းတစ်ခုကနေ စိတ်ပျက်စရာကောင်းတဲ့ စာတစ်စောင်ကို ပို့လာခဲ့တယ်။ ဖုန်းနံပါတ်ကလည်း Hမြို့ကပဲ။ငါဖုန်းခေါ်ပေမယ့် ဘယ်သူမှ မကိုင်ကြဘူး။ ဒုတိယအကြိမ်ထပ်ခေါ်တော့ ဖုန်းက လုံးဝစက်ပိတ်သွားခဲ့တယ်။ ငါ သူတို့သုံးယောက်လုံးကို ခေါ်ကြည့်တော့လည်း တစ်ယောက်မှ မကိုင်ကြဘူး။ ဒုက္ခရောက်နေတာတော့ မဟုတ်လောက်ပါဖူးနော့်?"

YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
RomanceName -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Romance, Shounen Ai Chapters - 293 + 5 extras ငယ်စဉ်ကလေးဘဝကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ Tao Mu က သူ့ဘဝဟာ ဇာတ်ညွှန်းမှားကောက်မိလို့ ဖြစ...