Part-13

1.6K 187 10
                                    

Chapter 13

“မင်း ငါ့ကို ညစာ ဝယ်ကျွေးစရာ မလိုပါဘူး… မင်း အဆင်ပြေတယ်ဆိုရင်ပဲ ငါ ဝမ်းသာပါတယ်… တခြားကိစ္စတွေအတွက်ကတော့…”

ကောင်လေး၏ မူလက တောက်ပနေသော မျှော်လင့်တကြီး မျက်ဝန်းများ မှိန်ဖျော့သွားသည်ကို မြင်လိုက်ရသောအခါ မုထျန်းဟန်ခမျာ သူ့စကားကိုပင် ဆုံးအောင် မပြောနိုင်တော့ချေ။

အိုင်း… ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် ဟွာရှားမှာ သုံးတဲ့သူ့နံပါတ်က လွန်ခဲ့တဲ့ လပေါင်းများစွာတည်းက အသုံးပြုပြီးသားပဲလေ။

“ဒီလိုလုပ်ပါလား… ငါ့ကို မင်းဖုန်းနံပါတ် ပေးထားလိုက်လေ… နောက်ကျ ငါ မင်းဆီကို မက်ဆေ့ခ်ျ ပို့လိုက်မယ်…”

“ကောင်းပါပြီ…”

မော့တိက ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။ သူက ခေါင်းမော့လာပြီး အားရပါးရ ခေါင်းငြိမ့်ပြရန် ကြိုးစားလိုက်လေသည်။ သို့သော် ရလဒ်အနေဖြင့် သူ့ဒဏ်ရာများကို ဆွဲဆုတ်လိုက်သလို ဖြစ်ကာ စူးခနဲ နာကျင်သွားရှာသည်။

မုထျန်းဟန်၏ မျက်လုံးများမှာ အနည်းငယ် မသိမသာ ကွေးညွှတ်သွားပြီး နက်ရှိုင်းသော မျက်ခုံးများကြား၌ ပြုံးယောင်သန်းသွား၏။

တကယ်တမ်းတွင် ထိုကလေး၏ ရုပ်ရည်သွင်ပြင်က သူ့နှလုံးသားကို လှုပ်ဆွနေရုံသာမက သူ့အကျင့်စရိုက်မှာလည်း အင်မတန် နှစ်လိုဖွယ် ကောင်းလှပေသည်။

သို့တိုင် သူက အလွန်ငယ်ရွယ်နေသေး၏။

မုထျန်းဟန်နှင့် လိုင်သယ်စစ်တို့က အချိန်အကြာကြီး မနေကြဘဲ ၁၀ မိနစ် မပြည့်ခင်မှာပင် ပြန်သွားကြသည်။

ဆေးရုံအခန်းတံခါး ပိတ်သွားပြီး ခြေသံများ လုံးဝ ပျောက်ကွယ်သွားသောအခါမှသာ မော့တိ၏ ချုပ်တည်းထားရသော ကျိုးနွံသော မျက်နှာထား၊ ရှက်ရွံ့ပြီး မျှော်လင့်စောင့်စားတတ်သော မျက်ဝန်းများမှာ အရိပ်အယောင်ပင် မတွေ့ရလောက်အောင် ပျောက်ကွယ်သွား၏။

မော့တိက ကုတင်ပေါ်တွင် ပက်လက်လှဲလျောင်းရင်း သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now