Part-24

1.5K 181 9
                                    

Chapter 24

သို့သော် ဤအချက်သည် အရေးမကြီးပေ။ အရေးသည်က မော့လျှိုကွေ့သည် မွေးတည်းက ချူချာခဲ့ပြီး မော့တိမှာ ပို၍ချူချာခဲ့သော်လည်း သူ အသက်ရှင်နေသည်ဆိုသည့်အချက်က အမှားတစ်ခုဖြစ်ခဲ့သည်။ သူသည် မိခင်ဝမ်းထဲတွင်ရှိခဲ့စဉ်အချိန်က မော့လျှိုကွေ့၏အစာအာဟာရကို ဓားပြတိုက်ကာ တစ်ဦးတည်း ကောင်းစွာအာဟာရမြောက်လာခြင်းသည် ဂြိုဟ်ဆိုးတစ်ကောင်ဖြစ်သည်ဆိုသည့် တိကျသည့် သက်သေအထောက်အထားတစ်ခု ဖြစ်ခဲ့သည်။ သူသာ အသက်မရှင်ခဲ့လျှင် သူတို့၏ချစ်လှစွာသောမင်းသမီးလေးသည် ကျန်းကျန်းမာမာဖြင့် မွေးဖွားလာနိုင်ခဲ့လိမ့်မည်။

"ကိုယ့်ကိုယ့်ကိုယ် အရမ်းအပြစ်မတင်ပါနဲ့"

မော့ရှစ်ဟုန်က ရွမ်ချင်းတန့်ကို နှစ်သိမ့်သည်။

"အဲဒီမျိုးမစစ်ကောင်က မွေးတည်းက ဂြိုဟ်မွှေဖို့ကံပါလာတာ။ ဒီ(၁၇)နှစ်လုံးလည်း သူ့ကိုဆုံးမလို့မရဘူးဆိုတာ သက်သေပဲလေ။ အမြဲတမ်း ရှောင်ကွေ့ကို စိတ်ဆင်းရဲအောင် ဆက်တိုက်လုပ်တယ်။ ဒီတစ်ခေါက် သူပြန်လာရင်တော့ ကောင်းကောင်းသင်ခန်းစာပေးရမယ်။ အဆိုးတကာ့အဆိုးဆုံးဖြစ်လာရင်တော့ အိမ်ကနှင်ချပြီး အမွေဖြတ်စွန့်လွှတ်ပစ်ရမယ်။"

"ဦးလေး၊ မော့တိကို အပြီးအပြတ်စွန့်ပစ်လိုက်မလို့လား။ တရားဝင်လုပ်မှာလား။"

မော့ဝုဟန်က ချက်ချင်းဆိုသလိုပင် ထမေးသည်။

"ဒါ..."

ပထမဒေါ်လေးက မော့ရှစ်ဟုန်နှင့် အိမ်ကြီးရှင်ဘိုးဘိုးကို နွေးထွေးညင်သာစွာကြည့်လိုက်သည်။

"အဖေ၊ တတိယမောင်လေးက နည်းနည်းစိတ်လိုက်မာန်ပါ ဖြစ်နေတယ်။ အမွေဖြတ်စွန့်လွှတ်တာမျိုးကို မလုပ်တာပဲကောင်းလိမ့်မယ်။ ဒီ(၅)နှစ်တာကာလအတွင်း ဟွာရှားမှာ အမှုကိစ္စဖြစ်ဖူးတာဆိုလို့ လက်တစ်ဆုပ်စာ ပမာဏပဲရှိတယ်။ အမှုအားလုံးကလည်း မီဒီယာတွေဆီကို မဖုံးနိုင်မဖိနိုင်ကြဘူး။ ကျွန်မတို့ တစ်ကွက်လောက်ပဲ မှားရွှေ့မိလိုက်ရင် အဆင်မပြေဖြစ်သွားမှာကို စိုးရိမ်မိပါတယ်..."

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now