Part-35

1.5K 200 10
                                    

Chapter 35

"ကိုယ်တယောက်ယောက်ကို ရဲတွေနဲ့ အလုပ်တွဲလုပ်ခိုင်းလိုက်မယ်။ ကိုယ် ဖြောင့်မှန်တဲ့ အမှုစစ်တချို့ကိုလည်း သိပါတယ်၊ ကျန်းခွမ်းချန်ကို ကိုတုန်လှုပ်အောင်လုပ်ပြီး စကားပြောလာ အောင်ကူညီပေးဖို့ တောင်းဆိုလိုက်မယ်။"

"သူ ဆက်ဟန်မဆောင်နိုင်လောက်ဘူး၊ ဝန်ခံရုံပဲရှိလိမ့်မယ်၊ ဒါပေမယ့် ဘာမှဘေးကြပ်နံကြပ်ဖြစ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အရမ်းကျေနပ်ပြီး ပျော်ရွှင်နေ တုန်းပဲ။"

မော့တိသည် မုထျန်းဟန် ကို ကြည့်ကာ ထိန်းမရသော အပြုံးတစ်ခု ထုတ်လွှတ်လိုက်ပြီး ထိုအရာသည် သူ့နှလုံးသားထဲရှိ အစစ်အမှန် ခံစားချက်မှ အမှန်တကယ် ဖြစ်ပေါ်လာသည့် လုပ်ရပ်တစ်ခု မဟုတ်ပေ။

"ကိုကို့ကို အရမ်းကျေးဇူးတင်ပါတယ်"

သူက စားပွဲများကို သူ့ဘာသာသူ လှန်နိုင်သော်လည်း ဤမျှ ချောမွေ့နေမည်မဟုတ်ပေ။

(ပြသနာကိုသူ့ဘာသာသူရှင်းနိုင်)

မုထျန်းဟန်က ပြန်ပြုံးပြပြီး မော့တိ၏ ဆံပင်တို့အား ညင်သာစွာ ပွတ်သပ်လိုက်သည်။

" တော်လိုက်တဲ့ကောင်လေး။"

အိမ်ပြန်ရောက်သောအခါ၊ မုထျန်းဟန်က လက်ထောက်ကောင်းအား အဓိက ကွန်ရက်များနှင့် ဆက်သွယ်ရန် အမိန့်ပေးလိုက်သည်။ ယနေ့ညအတွက် ရေပန်းအစားဆုံး သတင်းချန်နယ်တွင် အချိန်တစ်ခုကို သေချာပေါက်ရယူစေခဲ့သည်။ ထို့နောက် မော့မေားရောက်လာချိန်က ဗီလာဂိတ်ရှိ စောင့်ကြည့်ကင်မရာမှ ဗီဒီယို ကိုကူးယူးတည်းဖြတ်ကာ ဟန်လန်ယီထံမှ ဗီဒီယိုအားလည်း အရန်တစ်ခုကူးယူလိုက်လေသည်။

ထိုအချိန်တွင် မော့တိသည် သူ၏ Weibo၌ ရှာဖွေနေသည်။ အက်ပ်ကိုဖွင့်လိုက်သည်နှင့် အနီရောင် ဇာတ်ကောင်များကို ဓားဖြင့်ထိုးသည့် ထိပ်တန်းရှာဖွေမှုများသည် မျက်နှာပြင်ပေါ်တွင် ပေါက်ကွဲသွားသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများအပြင်၊ တစ်ခုမှာကတော့ 'မော့မိသားစုက မော့တိနှင့် ဆက်ဆံရေးဖြတ်တောက်ခြင်း' ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now