Part-30

1.6K 191 8
                                    

Chapter 30

မုထျန်းဟန်၏ မျက်နှာထက်တွင် ငြင်သာမှုတို့ ကိန်းအောင်းနေသော်လည်း သူနှလုံးအိမ်ကတော့ ဒေါသကြောင့် လောင်ကျွမ်းနေလေသည်။ ကျောင်းတွင်းအကြမ်းဖက်မှုကြောင့် ဆေးရုံတင်ထားရဖူးသည့် ဤကလေးငယ်သည် မော့မိသားစု၏ ဆူပူရိုက်နှိက်မှုကိုလည်း ခံခဲ့ရသည်။မုထျန်းဟန်သည် မော့တိက မော့မိသားစု၏ နှိပ်စက်ခြင်းကိုခံရမှန်းသိထားသော်လည်း ယခု ကလေးငယ်၏ ပုံစံကိုမြင်လိုက်ရသောအခါ သူတွေးထားသည့်အရာက သူတို့ မော့တိ၏အပေါ် လုပ်ခဲ့သည်တို့ထဲမှ တစ်စိတ်တစ်ပိုင်းပဲရှိသေးမှာကိုသူကြောက်မိသည်။

‌"ရှောင်တိ နင်ဘာလို့အိမ်မပြန်ချင်ရတာလဲ ၊ အဖေ၊အမေ၊အဖိုးနဲ့ ဦလေးတို့ကနင့်ကိုစိတ်ပူနေကြပြီ၊ အခြားသူစိမ်းအိမ်မှာ နေတာက ကိုယ့်အိမ်ထက်ကောင်းပါ့မလား၊ပြီးတော့ နင့်မှာပိုက်ဆံမရှိဘူးလေ၊ သူများတကာကိုသွားပြီး နှောက်ယှက်ပေးမနေပါနဲ့၊ စားတာသောက်တာက ဘယ်လောက်ငွေကုန်ကြေးကျများလဲသိလား"

မော့လျှိုကွေ့က ကြိုးမဲ့ အနီရောင်ဂါ၀န်ရှည်ကို ဝတ်ဆင်ထားကာ နေရောင်ထဲတွင်ရပ်နေခဲ့ပြီး အလွန်လှပနေခဲ့သည်။ ပြီးတော့ သူမက မော့တိကို နီရဲနေသောမျက်လုံးတို့ဖြင့်ကြည့်လိုက်ပြီး

"အခုထိ နင်ငါကို ‌မုန်းနေတယ် နာကြည်းနေတယ်ဆိုရင်တောင်မှ ဒီမု.....အစ်ကိုမု ထက်စာရင် ငါနဲ့အတူ အိမ်ပြန်ရတာက ပိုကောင်းပါတယ်။"

"တချို့နေရာတွေမှာ ငါကောင်းကောင်းမလုပ်နိုင်ဘူးဆိုတာ ငါသိတယ်၊ ဒါပေမယ့် ငါပြောင်းလဲနိုင်တယ်။ ငါဘယ်မှာ ကောင်းကောင်းမလုပ်ခဲ့ဘူးလို့ ထင်လဲ၊ ငါအားလုံးကို ပြောင်းလဲပစ်မယ်။ နင် ဒီအစ်မနဲ့တူတူ အိမ်ပြန်လိုက်ခဲ့ပါ။ ဟုတ်ပြီလား ငါနင့်ကိုတောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ် "

"သူကများ အတင့်ရဲလို့"

သူကို ဆက်တိုက်ဆန့်ကျင်နေသော မော့တိအတွက် မော့ရှစ်ဟုန်၏ ဒေါသထိန်းသိမ်းမှုက အ‌တိုင်းထက်လွန်နေပြီဖြစ်သည်။ သူ၏သမီးငယ်ဆီကစကားကိုကြားလိုက်ရသည့်အခါမှ။တော့ စိတ်ဆင်းရဲပြီး များစွာသောဒေါသကို ခံစားရသည်။ ပြီးနောက် လူတစ်ကိုယ်လုံး ထိန်းမရတော့ဘူးဖြစ်လာသည်။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်On viuen les histories. Descobreix ara