Part-22

1.6K 182 0
                                    

Chapter 22

မနက်ခင်း ခြောက်နာရီအချိန်တွင် ကားပိတ်မှုမှာ အလွန်မဆိုးဝါးသေးသဖြင့် မုထျန်းဟန် မော့တိ၏အိမ်နားသို့ ခြောက်နာရီခွဲအချိန်တွင် ရောက်ရှိလာခဲ့သည်။

ယခုအချိန်တွင် မော့တိမှာ အိပ်ရာနိုးနေပြီဖြစ်နိုင်သော်လည်း မနက်စာ စားရဦးမည် မဟုတ်ပေ။ မုထျန်းဟန် အပြင်သို့ထွက်ကာ အနီးနားရှိမနက်စာဆိုင်မှ ပဲနို့နှစ်ခွက်နှင့် ရှောင်လုံပေါင်းနှစ်ပွဲဝယ်လိုက်လေသည်။

ဆိုင်ပိုင်ရှင်အန်တီကြီးအနေဖြင့် ထိုမျှကြည့်ကောင်းကာ ရည်မွန်သောလူငယ်လေးကို ပထမဦးဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ထိုကောင်လေးမှာ တီဗွီမှ နာမည်ကျော်ထက်များပင် ကြည့်ကောင်းသည်ဟု သူမခံစားမိသည့်အတွက် ပျော်ရွှင်မြူးထူးသွားကာ သူ့အား ဂျူဂျူဘယ် ဖက်ထုပ်နှစ်ခုပင် အပိုပေး‌လိုက်လေသည်။ သဝန်တိုနေသည့်ဆိုင်ရှင်ကြီးမှာမူ ဘေးမှထိုင်ကာ မုထျန်းဟန်ကိုသာ တစ်ချိန်လုံးစိုက်ကြည့်နေခဲ့သည်။

မုထျန်းဟန် သူမကိုကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် မနက်စာမုန့်ကိုသယ်ဆောင်ကာ သူ၏သူငယ်ချင်းငယ်လေးကိုရှာရန် ထွက်လာလိုက်သည်။

သူ ထိုကောင်ငယ်လေးအတွက် ငှားရမ်းပေးခဲ့သည့်တိုက်ခန်းဆီသို့ရောက်ချိန်တွင် အကြိမ်အနည်းငယ်မျှ ခေါက်လိုက်သော်လည်း ပြန်လည်‌ဖြေကြားလာခြင်းမရှိပေ။

တစ်ခုခုမူမမှန်တော့ဘူးဆိုသည်ကို မုထျန်းဟန် ခံစားမိလိုက်သည်။ တံခါးကို နှစ်ချက်သုံးချက်ထပ်ခေါက်ပြီးသည်အထိ အိမ်ထဲမှ ပြန်ထူးသံမကြားရသောအခါ ဖုန်းထုတ်ပြီး မော့တိထံကို ဖုန်းဆက်လိုက်မိသည်။

မော့တိတစ်ယောက်မှာတော့ KFC ဆိုင်မှာ နှစ်နာရီကြာအောင် အိပ်ပျော်နေခဲ့သည်။ ဖုန်သံကြား၍နိုးလာသောအခါ သူ၏စိတ်မှာ နောက်ကျိကျိဖြစ်နေသေးသည်။ ယခုကဲ့သို့သောအချိန်တွင် ဖုန်းခေါ်သူက မုထျန်းဟန်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ မည်ကဲ့သို့တုံ့ပြန်မှုမျိုး ပေးရမှန်းပင် မသိတော့ပေ။

သို့သော်လည်း သူ၏မသိစိတ်ထဲတွင်တော့ တစ်ဖက်ကဖုန်းခေါ်ဆိုသူသည် သူ့အတွက်အန္တရာယ်မရှိနိုင်ကြောင်းကို သိရှိနေသည့်အတွက် ဖုန်းပြန်သည့် ခလုတ်ကိုဆွဲလိုက်သည်။ "ဟယ်လို"

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Wo Geschichten leben. Entdecke jetzt