Part-76

692 71 0
                                    

Chapter 76

နေ့တိုင်း မော့တိက ခြောက်နာရီခွဲတွင် နိုးလာကာ သန့်ရှင်းရေးလုပ်ပြီး နံနက်စာစားသည်။ သူကတော့ ခုနစ်နာရီထိုးခါနီးမှ စားပြီးကာ မနက်စာကို စာသင်ခန်းသို့ တိုက်ရိုက်ပို့ပေးလေ့ရှိသည်။

ဤနည်းဖြင့် တခြားသူများမှာ ရှစ်နာရီအထိ အိပ်နိုင်ပြီး ဆေးကြောသန့်စင်ပြီးသည်နှင့် စာသင်ခန်းထဲတွင် မနက်စာ စားရုံပင်ဖြစ်သည်။

ချန်ကျောင်းနှင့် ကျန်သူများက မည်မျှပင် ပင်ပန်းသည်ဖြစ်စေ အချိန်မှီနိုးထနိုင်သည့် မော့တိ၏ အံ့သြဖွယ် ဇွဲလုံ့လကို ချီးမွမ်းရန်အတွက် နံနက်စာစားချိန် ချီးမွမ်းထောမနာပြုကာ အမြဲလိုလို သီချင်းဆိုကြသည်။

"ဒီအဖေက အရမ်းကံကောင်းပြီး ရှောင်တိလိုမျိုး ငဲ့ညှာတတ်တဲ့လူရှိလို့ ပျော်တယ်" 

လင်ကျွင်းဖုန်က သူ့ပေါင်မုန့်ကို ကိုက်ပြီး ဇီးသီးခြောက်ဟင်းရည်ကို သောက်လိုက်ကာ

“ကျေနပ်တယ် ဒီဘဝမှာ ရှောင်တိနဲ့တွေ့ဆုံရတာနဲ့တင် လုံလောက်ပါပြီ''

(Jujube soupကို ရှာကြည့်လိုက်တော့ ကြက်သားတွေ၊ဘဲသားတွေကို ဇီးသီးခြောက်နဲ့ချက်ထားတာပါ)

"ပါးစပ်ပိတ်ထား။" ရှန့်ယွီချောင်က

လင်ကျွင်းဖုန်အား ရွံရှာသောအကြည့်ဖြင့် ကြည့်ပြီး

"စားစရာတောင်မှ မင်းပါးစပ်ကို မပိတ်ထားနိုင်ဘူး ရှောင်တိကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာကို ရပ်လိုက်စမ်း ”

ထိုအချိန်တွင် ချန်ကျောင်းက တံတောင်ဖြင့်လှမ်းတွတ်လိုက်ရင်း ဖုန်းကိုစူးစိုက်ကြည့်ပြီး ရုတ်တရက် ထအော်ကာ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

"ချန်ကျောင်း မင်း ရူးနေတာလာ။!" ရှန့်ယွီချောင်က သူ့ပန်ကိတ်ထဲတွင်သိပ်ထားသော အသားများပြုတ်ကျသွားသောကြောင့် အသားများ ဆုံးရှုံးသွားသည့်အတွက် သူ့မျက်နှာက ရှုံ့တွသွားကာ ဝမ်းနည်းစွာငိုကြွေးရင်း

“ငါ့အသား !!! ချန်ကျောင်း ငါ မင်းကို အရှင်မထားဘူး မင်း…”

"ရှင်းဝေ့သောင်က လတ်တလောရှာဖွေမှုအများဆုံးစာရင်းထဲရောက်နေတယ်''

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now