Part-74

779 85 3
                                    

Chapter 74

နောက်ဆုံးတွင် အခြားအကြောင်းပြချက်တစ်ခုလည်းရှိသည်။ ယင်းက သူ သူ့အဆောင်သို့ ပြန်သွားပြီး hackingလုပ်ကာ ကိုင်တွယ်ရမည့်အစား မုထျန်းဟန်အား တွေ့ချင်၍ပင်။

မော့တိက ဂိတ်ပေါက်နှင့် နီးကပ်နေခဲ့ခြင်းကြောင့် မုထျန်းဟန် ရောက်လာသောအခါတွင် ဝင်ပေါက်အနီးရှိ အကြီးဆုံးဝူးထုံသစ်ပင်အောက်တွင် မော့တိရပ်နေသည်ကို သူတွေ့လိုက်ရသည်။

သူ့ဆီသို့ အရှိန်မြှင့်ကာသွားလိုက်ရင်း မုထျန်းဟန်၏ မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။ အရပ်ရှည်ပြီး ချောမောသည့်ပုံရိပ်မှာ လူအများကြားတွင် ဆွဲဆောင်မှုအရှိဆုံးဖြစ်နေသည်။

မော့တိက ထို့သို့သော သူ၏ကောင်းမွန်သည့်အရသာခံနိုင်စွမ်းကြောင့် နောက်ကျောကို သူ့ကိုယ်သူ တိတ်တဆိတ် ပုတ်လိုက်ရင်း ကူကယ်ရာမဲ့စွာ ပြုံးမိသွားသည်။ (အရသာကောင်းလေးဆိုတာက လူရွေးတောကြောင်းပြောချင်တာပါXD)

“မင်းစောင့်နေရတာ ကြာပြီလား?”

မုထျန်းဟန်က သူရောက်သည်နှင့် မော့တိ၏ဆံနွယ်လေးများကို ပွတ်သပ်လိုက်သည်။ ဆယ့်တစ်ရက်ရှိပြီ၊၊ ဤသို့အံ့သြစရာကောင်းသော အထိအတွေ့ကို သူအမှန်ပင် လွတ်သွားခဲ့သည်။ 

"ကိုကိုက မင်းကို နေ့လည်စာစားဖို့ ခေါ်သွားပေးမယ်၊ ဟုတ်ပြီလား"

''ကောင်းပါပြီ'' မော့တိက ခေါင်းငြိမ့်၍ သူ့ကိုကြည့်ကာ ''ကိုကို ခင်များပြန်လာတာ ဘာလို့ကျွန်တော့်ကိုမပြောတာလဲ''

''ကိုယ် မင်းအံ့သြသွားအောင် လုပ်ချင်ခဲ့တာ၊ ဒါပေမယ့် ခန့်မှန်းချက် နည်းနည်းလွဲသွားတယ်လေ၊ ကိုယ်က မင်းကို မင်းရဲ့စာသင်ခန်းမှာ လာတွေ့ဖို့စီစဥ်ထားတာ''

'' အဆင်ပြေပါတယ်၊ ဒါက အံ့သြစရာကောင်းနေတုန်းပဲ ''

မော့လျှိုကွေ့ ကြုံရာဆိုလိုက်သည့် ထွင်လုံးကိုပင် မတုန်လှုပ်သွားသော မော့တိက စည်းကိုက်ဝါးကိုက်ပင် ပြောပေးလာသည်။

“ကိုကို ကျွန်တော့်ကို ဒီအကြောင်း တိုက်ရိုက်ပြောပြလို့ ဝမ်းသာပါတယ်၊  မော့လျှိုကွေ့နဲ့ မော့မိသားစုက တခြားသူတွေက အနာဂတ်မှာ ထပ်ရှာတယ်ဆိုရင် ကိုကို... ခင်များ ကျွန်တော့်ကို ဖုံးကွယ်မထားပါနဲ့"

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now