[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၂၇ ။ မိသားစုဝင်များရောက်ရှိလာခြင်း"သော်သော် အဆင်ပြေရဲ့လား?"
H စတူဒီယိုအဖွဲ့ဆေးရုံတွင် ထောင်မုနှင့် ရဲများမှ ယွင်မိသားစုအား အကြောင်းကြားလိုက်သောအခါ သူတို့သည် ညတွင်းချင်း ပြေးလာခဲ့ကြပြီး လူနာဆောင်ထဲသို့ ၀င်လာခဲ့ကြသည်။"ဖေဖေ၊ မေမေ၊ အစ်ကို....." ယွင်သော်သည် သူ့မိသားစုကို မြင်သည်နှင့် ချက်ချင်းပင် မေမေယွင်၏ ရင်ခွင်ထဲသို့ ပြေး၀င်လိုက်ပြီး အပြင်းအထန် ငိုကြွေးခဲ့သည် "သမီး သေတော့မလို့ ဒီဘ၀မှာ အမေတို့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ"
"အိုး.. ငါ့ကလေးရယ် ထပါအုံးကွယ် အမေကြည့်ပါရစေ ဘယ်ကနာနေသေးလဲဟင်?" သူတို့သမီးငယ်လေး၏ မျက်နှာသည် ပွန်းပဲ့ပြီး ဖူးရောင်နေသည်ကို တွေ့လိုက်ရသောအခါ ယွင်မိသားစုသည် စိတ်ထိခိုက်သွားခဲ့သည်။ မေမေယွင်သည် စိတ်မကောင်းစွာဖြင့် သူ့သမီးငယ်လေးကို ပွေ့ဖက်လိုက်ပြီး နှာခေါင်းများ ထုံကျင်လာကာမျက်ရည်စများထွက်လာသည်။
"နာတယ်။ သမီးတစ်ကိုယ်လုံး နာကျင်နာတယ်။ သူတို့ သမီးကို သေသွားတော့မယ့်အထိကိုရိုက်ကြတယ်။" ယွင်သော်သည် မေမေယွင်၏လည်ပင်းကို ဖက်လိုက်ပြီး လုံး၀မလွှတ်ခဲ့ပေ။ ထိုလူများမှ သူမအား ရိုက်နေသည့်မြင်ကွင်းကို ပြန်မြင်ယောင်လာမိသည့်အခါ သူမသည် တုန်လှုပ်သွားပြီး "မေမေ၊ ဖေဖေ၊ အစ်ကို သမီးအရမ်းသတိရနေခဲ့တာ"
"အို ကလေး!" ယွင်ရှင်းကျန်း၏ မျက်လုံးများမှာလည်း ပူနွေးလာပြီး သူ၏သမီးငယ်လေးအားသနားမိသော်လည်း သူတို့စကားနားမထောင်သည့်အတွက် ဒေါသလည်းထွက်နေခဲ့သည် "ဘာမှသေချာမသိရပဲ အင်တာနက်ပေါ်ကနေ တွေ့ပြီးခင်သွားတဲ့ သူငယ်ချင်းတွေနဲ့ ဘယ်မှမသွားဖို့ ငါတို့မင်းကို ပြောထားတယ်လေ။ မင်းက နားမှမထောင်ပဲ နာမည်ကြီးတွေရှိတဲ့ H မြို့ကိုသွားလည်ပြီး နောက်ခံသရုပ်ဆောင်လုပ်ဖို့ကိုပဲ အတင်း တောင်းဆိုနေခဲ့တာလေ။ မင်းပြောပါအုံး ငါတို့ကို ဘာလို့စိတ်ပူအောင်လုပ်ရတာလဲ? မင်းသာ တခုခုဖြစ်သွားခဲ့ရင် ငါတို့ဘယ်လို နေရမလဲ?"

YOU ARE READING
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
RomanceName -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Romance, Shounen Ai Chapters - 293 + 5 extras ငယ်စဉ်ကလေးဘဝကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တဲ့ Tao Mu က သူ့ဘဝဟာ ဇာတ်ညွှန်းမှားကောက်မိလို့ ဖြစ...