အပိုင်း-၁

1.8K 84 5
                                    

Unicode

"အားရှီး တစ့်နေ့တစ်နေ့ ဒါတွေချည်းသင်နေရတယ်"

Mingyu ရဲ့အပြောကို ဘယ်သူ့မှအဖတ်မလုပ်ကြ။ မလုပ်ဆို သူတို့အထက်တန်းဒုတိယနှစ်တွေ Mid-term နီးပြီကိုး။ အားလုံးက သူ့ဟာနဲ့သူအလျိုလျိုစာလိုက်ကြည့်နေကြချိန် Mingyu တစ်ယောက်က ထုံးစံအတိုင်း ပျင်းကြောစွဲလျက်။ ဘေးကတိတ်နေကြတဲ့ သူ့ဘော်ဒါတွေကို မကျေနပ်သလိုတစ်ချက်ကြည့်ပြီး jeonghan နားသွားကာ အပူကပ်ဖို့ကြံလေသည်။ ကပ်ရသည့်အကြောင်းမှာ Jeonghan မှာလည်း Mingyu လို သူမသာကိုယ်သင်္ချိုင်းပါပင်။ စာနဲ့ပက်သတ်လျင် ပျင်းကြောကပ်တတ်သည်။ သို့ပေတည်း သူ့သူငယ်ချင်းမှာ နဂိုလိုငပျင်းနှင့်တူမနေပါဘဲ နားချိန်မှာတောင် တစ်ခုခုကိုကုန်းရေးနေသည်။ SSS (စပ်စုစိန်) Mingyu မှာမနေသာတော့ Jeonghan ရဲ့စာရေးခုံကို လက်ဆစ်နဲ့ နှစ်ဆစ်လောက်ခေါက်ကာ

"ဘာတွေကြိုးစားနေတာလဲ။ ဘီထွေး (Betray) တာပေါ့ဟုတ်လား။ တစ်ယောက်တည်းစာတွေကုန်းလုပ်နေတာ"

"ဘယ်ကသာ စာကုန်းလုပ်။ ငါကဒီတိုင်း"

"ဒီတိုင်းဘာဖြစ်"

"ပုံဆွဲနေတာ"

"ပြပါအုံး"

"မပြပါဘူး"

"ပြဆို"

"မပြဘူးကွာ။ ဖယ်"

ရုန်းရင်းဆန်ခတ်နဲ့ပဲ Mingyu ကလုလိုက် Jeonghan ကပြန်ဆွဲလိုက်နဲ့ ကြားထဲကစာရွက်ကလေးမှာ ပဲကြီးလှော်ကြားက ဆားသဖွယ်။ Mingyu ရဲ့အရပ်အမောင်းရှည်မျောမျောကြီးကိုမမီတာကြောင့် လက်လျော့ဖို့ဟန်ပြင်ချိန်မှာပင်

"ဟာ Seokmin ရာ ပြန်ပေးကွာ"

အနောက်ကဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ Seokmin က Jeonghan ကိုပြောင်နေတဲ့ အနှီလူသားရဲ့အနောက်ကနေ စာရွက်ကို လှစ်ခနဲလုယူလိုက်သည်။ ထို့နောက် Mingyu ရဲ့အော်သံ၊ Jeonghan ရဲ့သဘောတကျရယ်သံ၊ သူတို့နှစ်ယောက်ကိုလုံးဝဂရုမစိုက်ပါဘဲ လက်ထဲကစာရွက်ကို Jeonghan လက်ထဲပို့ပေးကာ နေရာမှာပြန်ထိုင်တဲ့ Seokmin၊ သည်သုံးယောက်ကို တစ်ချက်ကလေးရယ်မျှ အဖတ်မလုပ်တဲ့ အတန်းဖော်တွေ။ ဒါတွေဟာ သည်အတန်းလေးရဲ့သာမန်ဖြစ်ပျက်နေကျ နားနေချိန်အခိုက်အတန့်လေးတွေပါပင်။

"DANCIN' On to Your Heartbeat"Where stories live. Discover now