အပိုင်း-၁၁

570 46 4
                                    

Unicode

Mingyu တို့အဖွဲ့က အောင်ပွဲခံတဲ့အနေနဲ့ သုံးထပ်သားသွားစားကြဖို့ တိုင်ပင်ကြသည်။ သူတို့အတန်းက လူတစ်ဝက်လောက်နဲ့ တခြားအတန်းကလူတွေပါ စုဝေးကြသည်။ Wonwoo က‌ အဖြေတောင်းထားပြီး တခြားဝိုင်းမှာပျော်နေသူကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ အသားတစ်တုံးကို ပါးစပ်ထဲပစ်ထည့်လိုက်သည်။ မကြာပါ...သူထိုင်နေသည့်ဝိုင်းစီ ခပ်ပြုံးပြုံးနဲ့ လှမ်းလာသည်။ Minghao က​ ​Mingyu ကို တစ်ချက်မျှ ​​မော်ကြည့်ပြီး သူ့ဖုန်းသူ အာရုံစိုက်​နေသည်။ 

"Wonnu​ အပေါ် ခဏလိုက်ခဲ့​ပေး"

ပိုင်ဆိုးပိုင်နင်း လာ​ခေါ်သူကို မျက်​​မှောင်ကျုံ့၍ ကြည့်မိကာ

"ဒီမှာစား​နေတယ်​လေ"

အသံကမမာ​ပေမဲ့ ခါတိုင်းထက် ​​အေးစက်​နေသည်​ကြောင့် Mingyu တစူးတစမ်းကြည့်မိသည်။ Minghao ကလည်း နှစ်​ယောက် အ​ချေအတင်စကားများထားသလားဟု အကဲခတ်​နေသည်။ Wonwoo က ထိုအခါကျမှ ဘာရယ်မဟုတ် ​လေသံကျယ်မိသည့် သူ့ကိုယ်သူ သတိထားမိကာ

"ဘာ​ပြောမလို့လဲ Min"

"Wonnu နှစ်​ယောက်တည်း ​ပြောချင်လို့"

Wonwoo ရဲ့ လက်​ကောက်ဝတ်ကို ဆွဲယမ်းပြီး ​ပြောလာသူက အတင့်ရဲလှစွာ။ သို့​သော်လည်း Wonwoo အပြစ်​ပြော​မ​နေ​​တော့ဘဲ Mingyu ​ခေါ်ရာ​နောက် လိုက်သွားမိသည်။ Minghao က​​တော့ မျက်နှာသာတည်​နေတာ Mingyu တစ်ခွန်းဆို တစ်ခွန်း နာခံ​နေသည့် သူငယ်ချင်းဖြစ်သူကို ​ခေါင်းယမ်းမိသည်။

အသားကင်ဆိုင်က နှစ်ထပ်ဖြစ်တာ​ကြောင့် အ​ပေါ်ထပ် ဝန်ရံတာ​​ထောင့်ချိုး​လေးစီ နှစ်​ယောက် ​ရောက်လာခဲ့သည်။ Mingyu က Wonwoo လက်​​​​ကောက်ဝတ်​​လေးကို မဖြုတ်​ပေး​သေး။ 

"အ​ဖြေတောင်းထားတာ မေ့များနေသလား Wonnu"

Wonwoo တစ်ချက်မျှ ခပ်ဖျော့ဖျော့လေးရယ်မိပါသည်။ တကယ်တမ်း အဖြေယူဖိုမေ့နေတာ Mingyu ပင်မဟုတ်ပါလား။ သူ့လက်ကောက်ဝတ်ကို ကိုင်ထားသူအား ဖြုတ်လိုက်ပြီး မျက်လုံးတည့်တည့်ကြည့်လိုက်ကာ

"ငါ့ကိုဘာလိုကြိုက်တာလဲ"

Mingyu ကWonwoo မျက်ဝန်းဆီကို လက်လှမ်းလာကာ တပ်ထားသည့် မျက်မှန်လေးကို ဖွဖွယွယွချွတ်လိုက်သည်။ ထိုနောက်

"DANCIN' On to Your Heartbeat"Where stories live. Discover now