အပိုင်း-၁၄

502 51 3
                                    

Unicode

Jeonghan က ပါတီစစကနှင့်မတူ မျက်နှာမ​ကောင်း​တော့သည့် Jisoo ကို အကဲခတ်​နေသည်။ ဂိမ်း​တွေ​ဆော့ရင်း အချိန်ကုန်မှန်းမသိကုန်သွားကာ ည​နေ၆ခွဲပဲထိုး​နေ​လေပြီ။ ဗိုက်ထဲမှာ ဆန္ဒ​တွေလည်း ပြ​နေကြပြီမလို့ ​မွေး​နေ့ရှင် Wonwoo ကပဲ အားလုံးအတွက် ဒကာခံရသည်။ သို့​သော် Wonwoo စိတ်ထဲ ရွှင်လန်းရပါသည်။ အခုလို သူ့​မွေး​နေ့ကို မဖြတ်သန်းဖူးတာ​ကြောင့် Mingyu ကို တိတ်တိတ်က​လေး ​ကျေးဇူးတင်​နေမိသည်။ သူငယ်ချင်းတွေမလာခင် အစားအ​သောက်ကြိုပြင်ထားရင် ​အေးသွားမှာ​ကြောင့်ရယ်၊ ဘယ်သူက ဘယ်ဟာကြိုက် မကြိုက် မသိတာ​ကြောင့်ရယ် ကြိုပြင်ထားခြင်းမလုပ်​တော့။ အခုမှသာ အားလုံးစားမည်ဆိုသည့်ဟာကို Deli ဖြင့် လှမ်းမှာရသည်။ Deli မလာခင် ​စောင့်ရကျိုးနပ်​အောင် သီချင်းဆိုကြမည်ဟု Hoshi နဲ့ Dino က တိုက်တွန်းသည်။ Jihoon က သူ့ဂစ်တာကို ထုတ်လိုက်ပြီး Jisoo ကို အချက်ပြ​ပေမဲ့ Jisoo က စိတ်မပါသလို ​ခေါင်းခါပြသည်။ Jeonghan က Jisoo ကို လက်တို့ကာ

"ငါနဲ့ Jisoo သန့်စင်ခန်းခဏ သွားအုံးမယ်"

Jeonghan က​ပြော​တော့ Cheol မျက်လုံး​တွေ ပြူးသွားကာ မက်တပ်ထရပ်သည်။ သူ့ကိုယ်သူ လက်ညှိုးထိုးပြကာသည့် Cheol က သူနဲ့သွားမယ်​လေ ဟု အကြည့်​တွေနဲ့​ပြော​နေသည်။ သို့​သော် Jeonghan က မျက်နှာရိပ်မျက်နှာကဲဖြင့် Cheol အား Jisoo နဲ့ Seokmin ကို အကဲခတ်ကြည့်ရန်ပြသည်။ Seokmin က​တော့ အနည်းငယ်​တွေတွေ​က​လေး ဖြစ်နေသည်ကလွဲ၍ ဘာမျှမ​ပြောပ​​လောက်။ သို့ရာ Jisoo မျက်နှာက မိုး​မှောင်ကျ​နေသည်။ အသိစိတ်လုံးဝ မရှိ​တော့သည့်လူတစ်​ယောက်လို မှိုင်​ဝေ​နေသည်။

Cheol လည်း ​ခေါင်းသာညိတ်ပြလိုက်မိသည်။ Jisoo က Jeonghan ​နောက်ကို လိုက်​နေရ​ပေမဲ့ ​ခြေလှမ်း​တွေက ယိုင်တိယိုင်တိုင်။

"Jisoo"

Jeonghan ​ခေါ်​တော့ ​ခေါင်းငုံ့ထားရာက​နေ ​မော့ကြည့်လာကာ

" အင်း"

"Seokmin က အဲ့လိုပဲ အချိန်​တော့ နည်းနည်းယူရလိမ့်မယ်"

"ငါအဲ့တာသိတယ်။ ဒါ​​ပေမဲ့ ငါအခုလို..."

ရပ်တန့်သွားသည့် Jisoo ရဲ့ စကားလုံး​တွေကို Jeonghan စိတ်ရှည်ရှည်ပဲ ​စောင့်ဆိုင်း​ပေးလိုက်ပါသည်။

"DANCIN' On to Your Heartbeat"Where stories live. Discover now