အပိုင်း-၂၀

495 55 1
                                    

Unicode

လေထုက သိပ်ကို အေးစက်လွန်းနေသည်။ မခံမရက်နိုင်အောင် ကျယ်လောင်လွန်းနေတဲ့ တိတ်ဆိတ်ခြင်းတွေက လူသုံးယောက်ကို မှင်သက်သွားစေ၏။ Cheol က ကုတင်ပေါ် ထိုင်နေရာကနေ Jeonghan ဘေးနား ယှဉ်ရပ်ရင်း Yoon Suri ကို တစ်ချက်ကြည့်လိုက်သည်။ ခံစားချက် တစ်စိုးတစ်စိမျှ မရှိတော့သည့် မျက်နှာထားပေမဲ့ မျက်ဝန်းတွေက အံ့ဩမှုတွေကို အလျင်းသား ပုံဖော်လျက်။ Jeonghan မနေတတ်စွာ Cheol ကို အကူအညီတောင်းသလို ကြည့်မိသည်။ Cheol က Jeonghan လက်ဖဝါးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ရင်း ယင်းယှက်နွှယ်နေတဲ့ လက်ဖဝါးနှစ်ဖက်ကို ထောင်ပြလိုက်ရင်း

"အမေ ကျွန်တော်တို့က သူငယ်ချင်းထက် ပိုပါတယ်"

"Cheol !"

Jeonghan အထိတ်တလန့်ဖြစ်သွားကာ Cheol ကို သွားကြားစိသံဖြင့် အသိပေးလိုက်သည်။ တကယ်ပဲ သူ့မြတ်နိုးရာလေးက အတင့်ရဲနေသည်လား။ တဖြည်းဖြည်းချင်း ကျော်ဖြတ်သွားမည်ဟု Jeonghan ဆုံးဖြတ်ထားပေမဲ့ လျှပ်တပြတ်အခြေအနေမှာ မထင်ထားသည့် ဖြစ်ရပ်ကြောင့် ကျောက်ရုပ်လို လှုပ်မရတော့။ သို့သော် Cheol ဘက်က တုန့်ပြန်လာသည့် စကားကြောင့် ပို၍ ရင်တုန်ရသည်။ နှလုံးသားတစ်ခုလုံး ချောက်ထဲ ပြုတ်ကျသွားသလို ခံစားချက်မျိုး။ အမေ့ရဲ့ မျက်နှာထားကို ဆန်းစစ်ကြည့်တော့ Jeonghan ကဲ့သို့ မေးခွန်းတွေများလျက်။ အမေက Jeonghan ကိုတစ်လှည့် Cheol ကို တစ်လှည့် စူးစမ်းရင်း အခုဖြစ်နေသည်တွေက အမှန် ဟုတ်၊ မဟုတ် ဇောများနေသည်။

ထိုအချိန်မှာပဲ Cheol ဘက်က တစ်ခုခုပြောမည့်ဟန် ပြုလာသည်ကြောင့် Jeonghan Cheol လက်ဖဝါးပြင်ကို လက်သည်းဖြင့် ကုတ်ခြစ်ရင်း တားမိသည်။ Cheol က

"ကြောက်ရင် လာဘ်လွဲ၊ ရဲရင် မင်း ဖြစ် တဲ့ Jeonghan ။ ငါတို့ သတ္တိမွေးလိုက်ရအောင်"

Jeonghan နာခံစွာပဲ ခေါင်းညိတ်ပြမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ယူရအုံးမည်ဆိုတာ Jeonghan သိပါသည်။ လူသားတွေမှာ နှလုံးသား ဆိုတဲ့ အစိတ်အပိုင်းက ခံနိုင်ရည်မရှိဆုံးမို့ Jeonghan ဝန်လေးနေမိသည်ကတော့ အမှန်ပင်။ ခုရေတွင်းတူး၊ ခုရေကြည်သောက် ချင်နေတာတော့ မဟုတ်ပေမဲ့ အမေ့ရဲ့ လိုက်လျောခြင်းကို စက္ကန့်မခြား Jeonghan ပိုင်ချင်မိတာ ဖြူစင်သော အတ္တပါ။ မိဘကိုယ်တိုင်က ဝံဝံထည်ထည်ပေးလာသည့် ကောင်းချီးအဖုံဖုံနဲ့ ချစ်ခြင်းကို Jeonghan မက်မောပါသည်။

"DANCIN' On to Your Heartbeat"Where stories live. Discover now