အပိုင်း_၂

819 67 1
                                    

Unicode

Seokmin ကို ဘေးအိမ်ကကောင်လေးအကြောင်းပြောပြတော့ မျက်စောင်းလှမ်းထိုးတယ်။ ပြီးတော့ Jeonghanကို ပြောပါသေးတယ် ငါးစိမ်းမြင်တော့ ငါးကင်ပစ်ပြီပေါ့တဲ့။ Jeonghanကတော့ သူ့စကားကို နားမလည်။ သည်တိုင်း ပြောင်းလာတဲ့ကောင်လေးက ချစ်စရာလေးဖြစ်ကြောင်း၊ ပါးချိုင့်လေးလည်းပါကြောင်းနဲ့၊ အသံဩဩချိုချိုလေးဖြစ်ကြောင်း ပြောပြရုံသာ။

Seungkwan နဲ့ Mingyuက ကျောင်းနောက်ကျတတ်တာမလို့ Seokmin တစ်ယောက်တည်းကိုသာ ပြောပြရသေးသည်။ ပြီးရင် ဂျယ်ဂျူဒိုသား iced americano ကိုင်ပြီး လာတော့မဲ့ပုံကို ပြေးမြင်မိသည်။ ကျောင်းခန်းထဲ တစ်ယောက်ပြီးတစ်ယောက်ဝင်လာရင်း သူတို့ကို Dino ကလှမ်းနှုတ်ဆက်သည်။ Dinoက မနှစ်ကပြောင်းလာတဲ့ကျောင်းသားပေမဲ့ သူတို့အဖွဲ့နဲ့တော့ သိပ်မခင်သေး။ ဒါပေမဲ့မေးထူးခေါ်ပြောဆက်ဆံရေးတော့ရှိသည်။

နှစ်ယောက်သား စကားတပြောပြောနဲ့ ဟီလာတိုက်နေရင်း ကျောင်းခန်းထဲကို Hong jisoo ဝင်လာတော့ Seokmin က Jeonghan ကိုတွတ်ထိုးကာ ဆွဲဆိတ်လာသည်။ လက်မောင်းကို ဆွဲဆိတ်လာတဲ့ Seokmin လက်ကို ဖြတ်ခနဲရိုက်ရင်း Jisoo ကိုပြုံးပြလိုက်တော့ မျက်လုံးလေးတွေ မှေးခနဲဖြစ်သွားသည်အထိ ပြန်ပြုံးပြလာသည်။ Seokmin ကတော့ သက်ပြင်းတချချ။

ကျောင်းတက်ချိန်ရောက်တော့ သူတို့အဖွဲ့ကော အတန်းထဲကလူတွေကော အကုန်အစုံရောက်ပြီဖြစ်သည်။ Mingyu နဲ့ Seungkwan က ညနေကျောင်းဆင်းရင် ဘောလုံးကန်ကြမှာမလို့ အဖော်လိုက်ညှိနေကြသည်။ ထိုစဉ် Dino ကရောက်လာပြီး

"ဟိုလေ မင်းတို့ ဘောလုံးကန်မယ်ဆို ငါတို့အဖွဲ့နဲ့ ပေါင်းလိုက်မလား"

"မင်းတို့အဖွဲ့က ဘယ်နှစ်ယောက်တုန်း"

"ငါအပါအဝင် လေးယောက်"

"ဪ နည်းသေးတာပဲ"

"အဲ့တာကြောင့် ပေါင်းလိုက်ကြမလားလို့ လာမေးတာ"

"အေးရတယ်လေ ညနေငါးနာရီလောက် ဘောလုံးကွင်းမှာ စုကြတာပေါ့"

"အိုခေ အိုခေ၊ ကျေးဇူးနော်"

Mingyu က စုစုပေါင်းရထားတဲ့ လူအရေအတွက်ကို ခန့်မှန်းနေပြီး

"DANCIN' On to Your Heartbeat"Where stories live. Discover now