အပိုင်း-၄

642 56 8
                                    

Unicode

မနက်၆နာရီခွဲ

Jeonghan တစ်ယောက် ထူးထူးဆန်းဆန်းပင် ခပ်စောစောနိုးနေလေပြီ။ သူမျက်နှာသစ်၊ သွားတိုက်နေရင်း စာရေးခုံဆီသွားကာ ရေးခြစ်ခဲ့ဖူးတဲ့ Cheol ပုံတူခဲပန်းချီကို ကြည့်နေမိသည်။ Jeonghan ပြုံးမိပါသည်။ မနေ့ညက Cheol နဲ့စကားပြောနေတုန်း သူတို့ကျောင်းက မနက်၇နာရီစတာမလို့ Jeonghan တို့ကျောင်းထက် ပိုစောသည်။ ထို့ကြောင့် Cheol နဲ့ကျောင်းတူတူသွားလို့ရအောင် အစောကြီးထမိခြင်းဖြစ်သည်။ ဝန်ရံတာတံခါးဖွင့်လိုက်တော့ Cheol က ကျောင်းဝတ်စုံလဲနေလေပြီ။ အချိန်တိကျပါလား လို့တွေးမိရင်း ထပ်ပြုံးမိရသည်။

"ဩ Jeonghan နိုးပြီလား၊ မောနင်း"

"အင်း မောနင်း Cheol၊ ဒါနဲ့"

"ပြော"

Cheol က အင်္ကျီကြယ်သီးနောက်ဆုံးအလုံးကို တပ်လိုက်ရင်း ဝန်ရံတာကိုထွက်ကာ Jeonghan အဖြေကိုစောင့်သည်။

"ငါ့ကိုခဏစောင့်မလား၊ ငါနဲ့ကျောင်းအတူသွားရအောင်"

"ကျောင်းမတူဘူးလေ"

"လမ်းကြုံသားပဲဟာ"

"ဩ ဟုတ်ပြီ၊ ရတယ်လေ စောင့်မယ်"

Cheol ‌က ပြုံးပြုံးလေးပြောကာ အခန်းထဲကထွက်သွားသည်။ Jeonghan က ကျောခိုင်းသွားတဲ့ Cheol ပုံရိပ် မျက်ဝန်းထဲက ပျောက်သည်အထိ ငေးကြည့်နေမိသည်။ နောက်မှ မနက်စာစားဖို့ သတိရကာ အိမ်အောက်ပြေးဆင်းပြီး ခေါက်ဆွဲပြုတ်ဖို့ပြင်သည်။ Jeonghan အမေက ပန်းပင်ရေလောင်းနေသည်။ အဖေကတော့ ရုံးသွားပြီဖြစ်သည်။ Jeonghan အိပ်ချင်မူးတူးဖြစ်နေသေးသည့် ကိုယ့်ကိုယ်ကိုယ် သတိချပ်စေရန် လှုပ်နှိုးလိုက်ကာ ခေါက်ဆွဲနူးဖို့ ဖုန်းကြည့်ရင်း စောင့်နေမိသည်။ မနေ့ညက Seokmin ပို့ထားသည့်စာတွေကို ဝင်မဖတ်မိပေ။ တစ်ညလုံး Cheol နဲ့စကားပြောနေမိသည်ပင်။ အခုမှ သတိရ၍ ဝင်ဖတ်ကြည့်တော့

"Jeonghan ရေ မင်းငါ့ကိုကျေးဇူးတင်နော်"

"ငါ မင်းနဲ့ Shua အတွက် လမ်းဖောက်‌ပေးထားတယ် ㅋㅋㅋ"

"ဪ မေ့လို့ Shua ဆိုတာ Jisoo ကိုပြောတာလေ။ သူ့ Stage name ဆိုလားပဲ"

"မင်းဘယ်ရောက်နေတာတုန်း လာခဲ့။ မင်းအတွက်လုပ်ပေးနေတာကို "

"DANCIN' On to Your Heartbeat"Where stories live. Discover now