အပိုင်း-၁၈

530 53 21
                                    

Unicode

Mid term က နှစ်ရက်ခွဲ​ဖြေရသည်။ ပထမရက်မှာ​တော့ Jeonghan တို့ အုပ်စု​ဖြေနိုင်သည်ဟု ဆိုသည်။ ခုံ​တွေကို ​ရောကာ ​ခပ်​ဝေး​ဝေးမှာ ​နေရာစီထားသည်​ကြောင့် တစ်​ယောက်နဲ့ တစ်​ယောက် အ​ဖြေတိုက်ရန်မလွယ်။ စာ​မေးပွဲ​စောင့် ဆရာကလည်း အထူး စည်းကမ်းကြီးကာ ကြပ်မတ်သည်မို့ တစ်ခါ​ငေါက်လျှင်ပင် ဒူးတုန်ရသည်။ အရင်နှစ်ကနဲ့မတူဘဲ Jeonghan တို့ သူငယ်ချင်း​တွေ ကိုယ့်အားကိုယ်ကိုးကာ ​ဖြေသည်။ 

Hoshi က ​နောက်ကျမှ ​ရောက်လာသူမို့ စာ​တွေလိုက်မီ​အောင် မနည်းကြိုးစားရ​​ပေမဲ့ အတူတူထိုင်သည့် Jihoon က ကူညီ​ဖေးမ​ပေးသည်​ကြောင့် အဆင်​ပြေ​ချော​မွေ့​နေသည်။ သူ့သူငယ်ချင်း​တွေကို စာနဲ့ပတ်သတ်ပြီး ​မေးခွန်းမထုတ်ချင်၊ သည်သ​ကောင့်သား​တွေက စာကလွဲပြီး ကျန်တာအကုန် ​ခေါင်းထဲ ထိုးသိပ်ထားကြတာ။ 

Mingyu လည်းဘာထူးလဲ။ အရင်က စာ​မေးပွဲနီးမှ ဖင်ဘူး​တောင်း​ထောင်ပြီး စာကုန်းကျက်သည့်သူက Wonwoo နဲ့မှ အချိုး​ပြောင်းကာ Equations ​တွေ​တောင် ဒတ်ခနဲ ​အလွတ်​ဖြေနိုင်​နေပြီ။ Mid term အမှတ်​ကောင်းရင် ပထမဆုံးအနမ်း​ပေးမည် ဟု ကတိ​ပေးထား၍လည်း စိတ်ခွန်အား​တွေရပြီး တက်ကြွ​နေ​လေသည်။

Seungkwan မှာ သူတို့အားလုံးထက် စာရသူဟု ​ပြောလို့ရသည်။ သူမရသည့် ဘာသာမှာ English စာ။ ထို့​ကြောင့်လည်း အားရင်အားသလို Vernon ဆီက ​လေ့လာမှတ်သားရသည်။ သူကလည်း Vernon မရသည့် ဘာသာရပ်တစ်ချို့ကို တတ်နိုင်သ​လောက် ကူညီ​ပေးသည်။ 

Seokmin က​တော့ အတန်းထဲက သူငယ်ချင်း​တွေ တစ်​ယောက်ချင်းစီကို အားကိုးရင်း စာမှတ်သည်။ မ​နေ့က​တောင် စာစုလုပ်မည်ဟု အ​မေ့ကို ​ကြော်ငြာကာ သူ့အိမ်တွင် လူ​​ထောင်လိုက်​သေးသည်။ တကယ်တမ်း အာလာပသလာပ ထိုင်​ပြော​နေကြသည်သာ။ Joshua နဲ့လည်း မ​တွေ့ရတာ ကြာပြီမလို့ အိမ်​ခေါ်လိုက်ခြင်းဖြစ်သည်။ ခါတိုင်းထက် ပါးရိုးနား​လေးက ​ချောင်ကျသွားတာ​​ကြောင့် နေများမ​ကောင်းဘူးလား ဟု ဝတ္တရားအရ​မေးချင်​ပေမဲ့ ဝတ္တရားဟု မထင်မှာစိုး၍ အသာ​လေး​နေလိုက်ရသည်။ 

တစ်ချို့​တွေက သ​ဘောရိုးဖြင့် ဂရုစိုက်​ပေးမိရင် ကိုယ့်ဆီက တစ်စုံတစ်ခု ​မျှော်လင့်တတ်ကြတာမို့ Seokmin အရင်က​လောက် Joshua အ​ပေါ် မနီးစပ်ချင်​​တော့​ပေ။ သူ့စိတ်ထဲ Joshua နဲ့ ပတ်သတ်လို့ လုံးဝ ဗလာကျင်း​နေသည်ကို လိပ်ပြာသန့်စွာ ယုံသည်။ Joshua ကို တစ်ခါမှ မချစ်ခဲ့သလို မချစ်ချစ်တာ​ကြောင့် ​စောင့်ကြည့်ပါမည်ဟုလည်း အ​ဖြေမ​ပေး​တော့ဘဲ တန်းငြင်းခဲ့မိတာ။ 

"DANCIN' On to Your Heartbeat"Dove le storie prendono vita. Scoprilo ora