အပိုင်း-၃

646 59 2
                                    

Unicode

Seokmin ရဲ့အမေက ဘောလုံးကန်ပြီးတာနဲ့ အိမ်ကိုပဲတန်းတန်းမတ်မတ်ပြန်လာဖို့ပြောတာကြောင့် တခြားသူငယ်ချင်းတွေ အလျိုလျိုကျန်ခဲ့ကြတာတောင် သူကတော့အိမ်ပြန်လမ်းမှာ အထီးကျန်နေရတာပင်။ သီချင်းတညည်းညည်းနဲ့ လမ်းလျှောက်လာရင်း ခုံတန်းရှည်လေးမှာ သူတို့အတန်းဖော် Hong Jisoo ကိုတွေ့လိုက်ရသည်။ ဂစ်တာတတောင်တောင်တီးနေသည်မလို့ ခေတ္တမျှရပ်ကြည့်နေမိသည်။သိပ်မခင်ကြဘူးဆိုရင်တောင် အတန်းအတူတူတက်နေကြသူတွေမလို့ နှုတ်ဆက်သင့်သည်ထင်တာကြောင့်

"Jisoo ရား အာညော်"

သူ့ကိုနှုတ်ဆက်တဲ့အသံကြားတာကြောင့် အံ့ဩတကြီးနဲ့မော့လိုက်ပြီး Seokmin ကိုတွေ့တော့ မျက်ဝန်းလေးတွေ မှေးစင်းသည်အထိ ပြုံးပြကာ ပြန်လည်နှုတ်ဆက်လာသည်။ Jeonghan သဘောကျသည်လည်းမပြောနှင့်။ မျက်နှာလေးက အေးအေးလေးနဲ့ ဖော်ရွေလွန်းသည်ဟု Seokmin တွေးလိုက်သည်။ Jisoo ရဲ့ဘေးမှာ A4 စာရွက်တွေကလည်း ပြန့်ကျဲလို့။ Jisoo ကပြန့်ကျဲနေတဲ့စာရွက်တွေကို ကောက်သိမ်းလိုက်ကာရှင်းလင်းလိုက်ပြီး Seokmin ထိုင်ဖို့ နေရာလုပ်ပေးသည်။

"မင်းဘာလုပ်နေတာလဲ"

"ငါလား၊ သံစဥ်စဥ်းစားနေတာ"

"ဘာအတွက်လဲ"

"ဩ သီချင်းအတွက်လေ၊ ငါနဲ့ Woozi နဲ့က သီချင်းတူတူရေးကြည့်နေတာ"

"Woozi ဆိုတာ??"

"အာ..ဟုတ်သား မင်းမသိသေးဘူးပဲ။ Woozi ကငါတို့အတန်းခေါင်းဆောင် Jihoon ကိုပြောတာလေ။ သူရယ်ငါရယ်က Stage Name ထားထားတယ်"

တက်တက်ကြွကြွရှင်းပြလာတဲ့လေသံက နူးညံ့နေတယ်။

"ဪ အဲ့တာဆို မင်းရဲ့ Stage Name ကကော"

"Joshua "

"ဝိုး မိုက်သား"

"Stage Name ဆိုတာထက် ငါ့ English Name ပါ"

"ဟုတ်သား မင်းက မင်ဂု (အမေရိကန်) ကမလား"

"LA က"

"အဲ့တာဆိုလေ ငါတို့အဖွဲ့ကို အားရင်အားသလို English စာသင်ပေးပါလား"

Seokmin က သူငယ်ချင်းဖြစ်သူ Jeonghan အတွက် ရေလာအောင် မြောင်းဖောက်ပေးနေခြင်းဖြစ်သည်။ ပြီးတော့လည်း သူတို့အဖွဲ့က English လိုအားနည်းသည်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို အကူအညီတောင်းလိုက်တာ Jeonghan အတွက်ကော သူတို့အဖွဲ့အတွက်ပါ အကျိုးမယုတ်ပေ။ တစ်ချက်ခုတ်လျှင် နှစ်ချက်ပြတ်မည့်အကြံပင်။

"ရတယ်လေ၊ မဟုတ်တောင် ငါကမင်းတို့အဖွဲ့နဲ့ ခင်ချင်နေတာ"

"ခင်လို့ရပါတယ်ကွာ၊ ငါတို့ထဲမှာ အချေစိုက်ကြီးနဲ့နေတဲ့သူ တစ်ယောက်မှမရှိဘူး"

သူကတခစ်ခစ်ရယ်ပြီး "ငါသိပါတယ်" လို့ပြန်ပြောသည်။ ဂစ်တာကြိုးကို ညှိနေတဲ့ သူ့လက်ချောင်းတွေကို မျက်စိရောက်မိတော့ ရှည်ရှည်သွယ်သွယ်လေး သိပ်ကြည့်လို့ကောင်းနေသည်။ Joshua နဲ့ ဂစ်တာက သိပ်ကိုလိုက်ဖက်နေပုံများ။ Seokmin တွေးမိသည်။ Joshua မှာတကယ်ပဲ ပြစ်ချက်ဆိုတာမရှိဘူးလားပေါ့။ အတန်းထဲမှာလည်း အဆင့်ကောင်းသည်။ အဆင့်ကောင်းလို့‌ စိတ်ထားက မောက်မာသလား ဆိုတာမဟုတ်၊ နူးညံ့ပြီး ဖော်ရွေတတ်တာ အားလုံးအသိ။ လူတိုင်းနဲ့လိုက်လျောညီထွေပေါင်းသင်းတတ်မှန်း သိသာတဲ့ ပုံစံမျိုးဖြစ်သည်။

"မင်းဘယ်ကတည်းကဂစ်တာတီးတတ်တာလဲ"

"အလယ်တန်းလောက်ကတည်းက"

"ဪ ငါလည်းတီးတတ်ချင်တာ၊ ဒါမဲ့ သင်ဖို့ကလည်း အတန်းသီးသန့်မတက်ချင်လို့။ ငါကအပျင်းကြီးတယ်"

Seokmin က သူ့ကိုယ်သူအပြစ်တင်တဲ့စကားပြောတော့ Joshua က ပြုံးပြုံးလေးငေးတယ်။ ပြီးတော့ ဂစ်တာကို တစ်ချက်တီးလိုက်ပြီး

"ငါသင်ပေးရမလား"

"မဟုတ်တာ၊ မင်း English စာလည်းသင်ပေးရ၊ ဂစ်တာတီးလည်းသင်ပေးရဆို ပင်ပန်းမှာပေါ့"

"မပင်ပန်းပါဘူး၊ မင်းနဲ့လည်းပိုခင်အောင်လို့ပေါ့"

"ငါနဲ့??"

Joshua က Seokmin ရဲ့အမေးကို ခေါင်းတဆတ်ဆတ်ညိတ်ပြတယ်။ Seokmin တွေးလိုက်တယ်။ သူ Joshua သင်ပေးမှာကိုလက်ခံလိုက်ရင် Jeonghan နဲ့လည်း မိတ်ဆက်ပေးလို့ရပြီး သူတို့နှစ်ယောက် ရင်းနှီးသွားနိုင်သည်။

"မင်းအဆင်ပြေရင်ရတယ်လေ Shua။ ငါကပိုတောင်သဘောကျသေးတယ်"

Seokmin က Shua နဲ့ စကားတပြောပြောနှင့် ရင်းနှီးမှုယူနေကြရင်း အချိန်လင့်နေပြီကို သတိထားမိတာကြောင့် ရုတ်တရပ်မတ်တပ်ရပ်လိုက်သည်။ Joshua ကတော့ ကြောင်စီစီလေးငေးကြည့်နေသည်။ Seokmin က

"Shua ရား၊ ငါပြန်ရတော့မယ်။ မနက်ဖြန်ကျောင်းမှာတွေ့မယ်နော်"

"ငါပြန်လိုက်ပို့ပေးရမလား"

"မဟုတ်တာ၊ ငါ့ဘာငါပြန်လိုက်မယ်။ သက်သက်မဲ့ အလုပ်ရှုပ်မခံပါနဲ့ကွာ"

"အလုပ်မရှုပ်ပါဘူး၊ အတူတူပြန်မယ်။ ခဏလေးပဲစောင့်နော်၊ ဒါတွေသိမ်းလိုက်အုံးမယ်"

Shua က အလျင်အမြန်ပဲ စာရွက်တွေကို အိတ်ထဲထည့်သိမ်းတယ်။ ဂစ်တာကိုလည်းသိမ်းကာ လွယ်လိုက်ရင်း Seokmin ကိုပြုံးပြီး သွားရအောင် ဟုပြောသည်။ အဲ့လိုနဲ့ နှစ်ယောက်တူတူပြန်ကြရင်း သူတို့သဘောကျတဲ့ သီချင်းတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း မျှဝေကြသည်။ Joshua က Rooftop Prince ရုပ်ရှင်ကိုသဘောကျကြောင်းပြောသည်။ Seokmin က သီချင်းဆိုရတာဝါသနာပါသူဖြစ်ကြောင်းပြောတော့

"ငါမင်းကိုဂစ်တာတီးသင်ပေးတဲ့အချိန် တစ်ပုဒ်လောက်ဖြစ်ဖြစ် မင်းကဆို၊ ငါတီးပေးမယ်လေ။ အပျော်ပေါ့"

"အိုခေ Shua ရား"

ဒီလိုနဲ့ Seokmin နဲ့ Joshua မထင်မှတ်ဘဲ သူငယ်ချင်းတွေဖြစ်သွားခဲ့သည်။ တကယ်တမ်းတော့ မထင်မှတ်ထားတာမဟုတ်ဘဲ Seokmin ထိုလမ်းကပြန်လာမှာကို စုံစမ်း၍သိထားတဲ့ Shua တစ်ယောက်က တမင်ကို ထိုင်စောင့်နေခဲ့ခြင်းဖြစ်သည်။ ဒါကိုတော့ Seokmin တစ်ယောက်မသိပါချေ။

//

At internet Cafe (PC Bang)

ဂိမ်းဆိုင်ရောက်ရောက်ခြင်း Seungkwan က စားဖို့အတွက် Menu ကိုအရင်ကြည့်ကာ Jjajang rabokki မှာသည်။ တခြားသူတွေလည်းအလျိုလျိုစားချင်တာ အရင်မှာကြပေမဲ့ Wonwoo ကတော့ ဂိမ်းသာအရင်ဆော့သည်။ Mingyu က ရောက်တာနဲ့ ဂိမ်းကိုချည်း သည်းကြီးမည်းကြီးဆော့နေတဲ့ Wonwoo ကိုကြည့်ရင်း သက်ပြင်းချကာ Wonwoo အတွက် Chicken mayo rice bowl မှာပေးသည်။ Wonwoo တစ်ယောက်တည်း သီးသန့်ဂိမ်းအရင်ဆော့နေတာကြောင့် ကျန်လေးယောက်သာ တစ်ဂိမ်းတည်း တူတူဆော့ဖြစ်သွားကြသည်။ Mingyu ကတော့ သူ့ဂိမ်းထက် Wonwoo ဆီကိုသာအာရုံရောက်နေသည်။ တစ်ယောက်တည်းဆော့နေရတာကြောင့် ပျင်းနေမှာစိုးရိမ်နေသည်။ ဒါပေမဲ့လည်း Wonwoo ကတော့ တခြားသူတွေကို အာရုံမစိုက်အား သူ့ဂိမ်းကိုသာ အားကြိုးမာန်တက်ဆော့နေသည်။

"Wonnu ရား"

"ဟင်"

Mingyu ခေါ်သံကို တစ်ချက်သာအသံပြုသည်။

"ပြီးရင် တူတူဆော့ကြမလား"

ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်ပြသည်။ Mingyu ကတော့ ပြုံးလိုက်၊ တစ်ဖက်ကို ငေးလိုက်နှင့်ပင်။ Seungkwan ကတောင် မျက်စောင်းကြိတ်ထိုးရသည်အထိ။ Mingyu က လက်ရှိ Seungkwan တို့နဲ့ ဆော့နေတဲ့ဂိမ်းကို အမြန်အဆက်ဖြတ်လိုက်ပြီး Wonwoo နဲ့အတူဆော့ဖို့သာ စိတ်အားထက်သန်နေသည်။

"Wonnu ရား ငါ့ကိုလာကယ်ပါအုံး"

"မင်းကိုမသွားနဲ့လို့ ပြောသားပဲ"

"လာကယ်ပါအုံးလို့"

"ငါက Sniper လို့ဆို"

"စနိုက် ပဲပါပါ၊ ဘာပဲ ပါပါ လာကယ်ကွာ"

Wonwoo တစ်ယောက်သက်ပြင်းချရင်း ဘေးကတစ်ယောက် စက်သေနတ်ပစ်သလို တရစပ်ပြောနေသူကို သွားကယ်လိုက်ရသည်။ ကယ်ပေးလိုက်မှ စိတ်ကျေနပ်သွားသလို ဟီးခနဲပြုံးပြရင် ပုံမှန်အတိုင်း ဂိမ်းပြန်ဆော့နေသည်။ Wonwoo စက္ကန့်ပိုင်းမျှ ပြုံးလိုက်မိသည် ထင်ပါရဲ့။ ဂိမ်းအတူတူဆော့ရင်း အရင်က စကားသုံးလုံးတောင်ပြည့်အောင် မပြောဖူးပေမဲ့ အခုတော့ Mingyu ပွစိပွစိလုပ်တာကို Wonwoo ခံနေရပါပြီ။ အစက Mingyu ကိုအချေကြီး‌မယ်ထင်ခဲ့ပေမဲ့ သူ့ထင်မြင်ချက် လွဲချော်သွားမှန်းသိလိုက်ရသည်။ သူ့ကို ပေါ့ပေါ့ပါးပါးဂိမ်းဆော့လို့ရအောင် လေထုကို ရင်းနှီးမှုတွေ သယ်ဆောင်ပေးနေတဲ့ Mingyu ကြောင့် ခိုးခိုးပြုံးရသည်။
ဆော့နေရင်း သူတို့မှာထားတာတွေ ရောက်လာတာကြောင့် အားလုံးက စားဖို့လုပ်နေကြသည်။ Mingyu က Chicken mayo ကို Wonwoo ဘက်ပို့ပေးပြီး

"ငါဝယ်ကျွေးတာ"

"ဟင် အင်း... ကျေးဇူးနော်"

ပြီးတော့ Wonwoo က ကျေးဇူးတင်တဲ့အနေနဲ့ ‌ပြုံးပြလာတာကြောင့် Mingyu မှင်သက်မိသည်။ Wonwoo က ပြုံးသည်တဲ့။ အတန်းထဲမှာ ခပ်အေးအေးလေးပဲ နေတတ်တာကြောင့် သတိထားခံရတဲ့လူက အခုတော့ပြုံးနေတာကြောင့် သူငေးကြည့်နေမိသည်။ မျက်မှန်အောက်က မျက်ဝန်းလေးတွေ မှေးသွားတာကအစ နှုတ်ခမ်းထိပ်က အချိုင့်လေးအဆုံး သဘောကျချင်စရာ။ ဒီလို နှစ်မြို့ဖွယ်အပြုံးမျိုး Mingyu မမြင်ဖူးခဲ့ပေ။ သူတအားငေးမိသွားတာကြောင့် Wonwoo က အပြုံးတို့ကိုခပ်ဖြည်းဖြည်းလျော့လိုက်ရင်း ဂိမ်းကိုသာအာရုံစိုက်လိုက်သည်။ ဒါတောင် Mingyu က ဘေးတိုက်ငေးနေရင်းပင်။ လူတစ်ယောက်ကို ငေးနေရင်းကနေ ပျော်ရွှင်မှုကို ရှာတွေ့သွားသည်။ သည်ပျော်ရွှင်မှုလေးက မျက်မှန်နဲ့လူသားလေးကြောင့်ဆိုတာကို တွေးမိရင်း Mingyu ဝဲဘက်ရင်အုံက အဆက်မပြတ်တုန်ခါမှုပြုသည်။ Keyboard နဲ့ Mouse ကိုသာ လက်ကကိုင်ထားမိပေမဲ့ သူ့ ဂိမ်း characters ကနေရာမှာရပ်နေလို့ သေရတာလည်းအခါခါ။ Wonwoo က မခံနိုင်တော့တာမလို့

"Mingyu ရား၊ ဘာလုပ်နေတာလဲ။ သေချာဆော့လေ"

"‌ဆော့မယ် ဆော့မယ်"

ပြာပြာသလဲဖြေလာတဲ့ အဖြေက မြန်လို့ဆန်လို့။ သုံးနာရီလောက် ဆိုက်တိုက်ဆော့နေတာမလို့ညောင်းညာနေကြပြီဖြစ်သည်။ တစ်ဖက်မှာလည်း စိတ်ရော၊ ကိုယ်ပါ နှစ်ပြီးဆော့နေတဲ့ Seungkwan ကို Vernon သတိထားမိသည်။ သူက ဂိမ်းသိပ်မကျွမ်းတာကြောင့် မဆော့ခင် သူမသာကိုယ်မသာ Dino က ရှင်းပြပေမဲ့ သိပ်နားမလည်ပေ။ သို့သော် စိတ်မရှည်ဘူး ထင်ရသည့် Seungkwan က အသေအချာရှင်းပြတာကြောင့် ကြိတ်ပြုံးရသည်။ နောက်တော့ ပြောပါသေးသည်။

"ငါသေချာ‌ရှင်းပြတယ်နော်၊ နိုင်အောင်ဆော့၊ မနိုင်လို့ကတော့ တွေ့မယ်။ အခုမှသိတာဆိုပေမဲ့ မညှာဘူး"

အမယ် တယ်ဆိုပါလား။ ရှင်းပြပေးလို့ ဟုတ်လှပြီထင်နေတာ၊ သူရှုံးမှာဆိုလို့ စိတ်ရှည်ပေးသည်ဆိုပဲ။ ပွင့်လင်းတဲ့ Seungkwan ကြောင့် Vernon တစ်ချက်ရယ်မိသည်။ ဆော့တော့လည်း ပါးစပ်ကအငြိမ်မနေ။ သို့သော် သူ့ကြောင့်မလို့ နိုင်နေတာကြောင့် ဘာမှပြောခွင့်မရှိပေ။ Vernon က Seungkwan နဲ့ စကားပြောကြည့်ချင်ပေမဲ့ လူစိမ်းတွေနဲ့ စကားသိပ်မပြောတတ်တဲ့ သူ့အကျင့်ကြောင့် အခက်တွေ့နေသည်။ အခွင့်အရေးရရင်တော့ စကားပြောကြည့်မယ်ဟု တေးကာ အသံတိတ်ပြီးသာနေလိုက်သည်။ သူတို့ငါးယောက်လုံး ဂိမ်းဆော့ပြီးကြတော့ တက်ကြွသူပီပီ Seungkwan က ရင်းနှီးမှုရအောင်ဟုဆိုကာ Social Account တွေတောင်းသည်။ Vernon က လျင်မြန်စွာပင် အရင်ပေးမိတာကြောင့် အကုန်ထူးဆန်းသလိုကြည့်နေကြသည်။

"Mingyu ပြန်မယ်"

Seungkwan က ပြောတော့

"တစ်ယောက်တည်းပြန်လိုက် ငါသွားပြီ"

Mingyu က အရင်ပြန်သွားတဲ့ Wonwoo နောက်ကို ပြေးလိုက်သွားတာကြောင့် Seungkwan ကျိန်ဆဲလိုက်ပြီး တစ်ယောက်တည်းပြန်ဖို့သာ ပြင်လိုက်ကာ Vernon နဲ့ Dino ကို နှုတ်ဆက်လိုက်သည်။

"အလကားကောင်တွေ သူ့တို့ဟာနဲ့သူတို့ အဆင်ပြေနေတိုင်း ထားခဲ့ကြတယ်။ Mingyu အဲ့မကောင်းတဲ့ကောင် မနက်ဖြန်တွေ့မယ်"

အပြန်လမ်းမှာ Seungkwan က စိတ်တိုတိုဖြင့် အံကြိတ်လာသည်။ လမ်းလျှောက်နေရင်း အနောက်ကနေ တစ်ယောက်ယောက် လိုက်လာသည်ဟု ထင်မိတာကြောင့် မဝံ့မရဲလှည့်ကြည့်မိတော့ Vernon ဖြစ်နေသည်။ သို့သော် ရုတ်တရပ် Vernon ဟုမထင်မိပေ။ Beanie အမည်းကြီးနဲ့ leather Jacket အမည်းကြီးကြောင့် အသက်၄၀ကျော်ဦးလေးကြီးတစ်ယောက်ဟု ထင်မှားသွားရသည်။ ခေါင်းကိုလည်း ငုံ့ထားသည်ကြောင့် မည်သူမည်ဝါမှန်း အတိမကျမမြင်ရ။ ဂိမ်းဆိုင်မှာသာ မသိခဲ့ရင် လူဆိုးဟု ‌ထင်မှတ်၍ အိမ်ကို ဘစ်ကျွတ်အောင်ပြေးမိမှာပင်။

"Vernon ရား လန့်လိုက်တာ"

"ဘာလို့"

"ထားလိုက်ပါတော့၊ Dino ရော"

"မသိဘူး"

"ဟင် နှစ်ယောက်တူတူပြန်တာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး၊ သူ့ဘာသာသူပြန်မှာပေါ့ "

"ဪ အေးပါ၊ အေးပါ"

"ပြီးတော့"

"ဟေ"

"ငါမင်းနဲ့ပြန်မလို့"

"အေး ပြန်လေ၊ မင်းအိမ်ကဘယ်နားလဲ"

"ရှေ့တစ်ကွေ့ပဲ"

"ဩ မင်းကနီးတယ်၊ ငါကနည်းနည်းသွားရအုံးမှာ"

"ငါ..."

"‌အေး"

"ငါ...လိုက်ပို့...အဟမ်း ဟို"

"ဟဲ့ ပြောလေ မြန်မြန်သွက်သွက်"

"ငါမင်းကို လိုက်ပို့ပေးရမလားလို့"

"မလိုပါဘူးကွာ၊ ရပါတယ်။ ငါ့အိမ်က နည်းနည်းလှမ်းသေးလို့ "

"ပြီးရောလေ"

Seungkwan ခေါင်းညိတ်ပြလိုက်သည်။ တိတ်ဆိတ်စွာ လမ်းလျှောက်နေကြရင်း Vernon က သူ့အိမ်ရောက်တော့ တန်းနေအောင် ဝင်သွားသည်။ လူကိုနှုတ်တောင်မဆက်သွား။ Seungkwan တစ်ယောက် အချေခံလိုက်ရသလို ခံစားမိတာကြောင့် စိတ်ထဲတင်းခနဲဖြစ်သွားပြီး ကိုယ့်အိမ်ကိုသာ ပြန်လိုက်တော့သည်။

//

Vernon က လမ်းတစ်ဝက်မှာ Dino ကို ထားခဲ့ရင်း တစ်ဖက်လမ်းဆီ ကွေ့သွားသည်။ Dino မှာတော့ ကြောင်တောင်တောင်လေး ‌ကျန်ခဲ့ရသည်။ Seungkwan ကို တွေ့တော့ ဖြည်းဖြည်းချင်း နောက်ကလိုက်ရင်း အိမ်သိအောင်လုပ်မည်ဟု တွေးမိသေးသည်။ သို့သော် ထိုအတွေးက သူခိုးနှင့်တူနေတာကြောင့် နောက်လှည့်ဖို့လုပ်တုန်း Seungkwan ကလည်း နောက်ပြန်လှည့်ကြည့်လာတာကြောင့် တည့်တည့်သွားတိုးသည်။

Seungkwan နဲ့တူတူပြန်ချင်ပေမဲ့ ပိတ်ဆို့နေတဲ့ နှုတ်ခမ်းဖျားကနေ စကားလုံးတွေ ထွက်ကျမလာပေ။ လိုက်ပို့ပေးမယ် ဟု အရဲစွန့်ပြီးပြောလိုက်သော်လည်း ငြင်းခံလိုက်ရတာကြောင့် ရှက်သလိုလိုဖြစ်သွားရကာ ဘာစကားမှထပ်မဆိုတော့ဘဲ သူစကားပြောမှာကိုသာ စောင့်နေသည်။ သို့သော် သူ့ဘက်ကလည်း ဘာတစ်ခွန်းမှမပြောလာ။ ထို့ကြောင့် အိမ်ထဲသာ အလျင်စလိုပြေးဝင်မိသည်ပေ။ Seungkwan နားကပ်ချင်ပေမဲ့ မလွယ်မှန်းရိပ်မိသွားသည်ကြောင့် Vernon သက်ပြင်းရှည်ကြီးချမိသည်။ 

//

"Wonnu ရား"

ရုတ်တရပ်ကြီး Mingyu အသံကြားတာကြောင့် လှည့်ကြည့်မိတော့ သူ့ဆီပြေးလာနေသည်ကို တွေ့ရသည်။

"ဘာလဲ"

"အတူပြန်ချင်လား"

"ဟမ်"

"အတူပြန်မလား"

"ဟင်"

"အတူပြန်မယ်"

"..."

ရုတ်တရပ်ဆန်စွာပဲ သူ့ပုခုံးကိုဖက်လာသည်။ အတူပြန်မလားမေးပေမဲ့ ခေါင်းလည်းမညိတ်မိ၊ ခေါင်းလည်းမခါမိတဲ့ သူ့ကိုယ်သူ နားမလည်နိုင်တော့ပေ။ အတူပြန်တဲ့လမ်းမှာ Mingyu ဘက်က စကားတွေပြောနေပေမဲ့ Wonwoo ကတော့ တိတ်တဆိတ်သာ နားထောင်နေသည်။ Mingyu က သူ့ဘာသာသူ ဟာသတွေပြောရင်းရယ်သည်။ စကားတွေဆက်ပြောသည်။ သွားတက်ပါသည့် Mingyu ကြောင့် ပြုံးလိုက်တိုင်း ပိုကြည့်ကောင်းသည်ဟုထင်မိသည်။

သည်လိုနဲ့ ရုတ်ချည်းဆန်ဆန် ရောက်လာတဲ့ Mingyu က သူ့အာရုံကို တဖြည်းဖြည်းနှိုက်ယူလာသည်။ နေခြည်လို နွေးထွေးနေတဲ့ Mingyu အပြုံးက နစ်ဝင်ဖွယ်ကောင်းတာတော့ လိမ်မရပေ။ တစ်ဖက်လူ မသိအောင် ပင့်သက်ရှိုက်ရင်း၊ ဖမ်းစားတတ်တဲ့ အပြုံးပိုင်ရှင်နဲ့ မျက်လုံးချင်းမဆုံအောင် သတိထားနေရသည်။

//

ည၁၁နာရီ

Seokmin တစ်ယောက် Internet သုံးနေရင်း စာတစ်စောင်ဝင်လာတာကြောင့် ကြည့်မိ‌တော့ Joshua က

"Seokmin ရား ကောင်းကောင်းအိပ်နော်၊ မနက်ဖြန် ဂစ်တာတီးသင်မလား၊ ငါဂစ်တာယူလာခဲ့မယ်"

Seokmin ပြုံးလိုက်ပြီး စာရိုက်လိုက်သည်။

"မင်းအဆင်ပြေရင် ယူလာလေ၊ ငါကရတယ်။ မနက်ဖြန် ငါကောင်းကောင်းလုပ်နိုင်ဖို့ မျှော်လင့်တယ်ㅋㅋㅋ"

"ငါတို့ Seokmin ဖိုက်တင်း"

"ကျေးဇူးနော်၊ မင်းရော ကောင်းကောင်းအိပ်"

"Sweet dreams"

//

Wonwoo က ရေမိုးချိုးပြီး Netflix ကြည့်ဖို့လုပ်တုန်း ဖုန်းကနေ Noti တောင်ခနဲ ဝင်လာတာကြောင့် ကြည့်မိတော့

"Wonwoo ရား အိပ်ပြီလား"

Mingyu ဆီက စာမလို့ ပြန်ရမလား၊ မပြန်ရမလား စဥ်းစားမိသည်။ ခေတ္တကြာမှ

"Netflix ကြည့်ဖို့"

"အိုခေ ငါခဏနေအိပ်တော့မှာ၊ ကောင်းကောင်းအိပ်နော် (ကြိုပြောတာ ㅋㅋㅋ) "

"အင်း မင်း‌ရော"

Goodnight Sticker ပို့လာသည်။ သည်တိုင်း ဖုန်း Screen ကို တစ်ချက်မျှကြည့်ရင်း ပြုံးမိသည်။ ထို့နောက် Adventure Time ကြည့်ဖို့သာ အာရုံထားလိုက်သည်။

//

8: 14 PM
8/ 27/ 2023
Lamin Pann Laung

"DANCIN' On to Your Heartbeat"Where stories live. Discover now