အပိုင်း-၁၆

484 53 7
                                    

Unicode

Yoon Suri က သူမအမျိုးသားအတွက် ည​နေစာချက်ဖို့ အိမ်ပြန်သွားသည်။ Jeonghan တစ်​ယောက်တည်း Cheol အိမ်မှာကျန်ခဲ့​တော့ Cheol က သူ့ဆန္ဒအတိုင်း အ​မေဖြစ်သူကို အ​ကြောင်းစုံ​ပြောပြဖို့ ပြင်သည်။ Jeonghan က​တော့ Cheol ​နောက်တ​ကောက်​ကောက်လိုက်လို့။ သည်လိုကိစ္စမျိုးကို မဆိုင်းမတွဘဲ တက်ကြွလျက်ရှိသော Cheol ကို Jeonghan မြတ်နိုးရမည်လော၊ အမြင်ကတ်ရမည်လော မသဲကွဲပေ။ Cheol အမေက ကလေးတွေကို လွတ်လပ်စွာနေစေချင်၍ အလို့ငှာ အခန်းထဲဝင်ပြီး အနားယူနေသည်။ Cheol က အမေဖြစ်သူ၏ အခန်းတံခါးကို ဦးဆောင်ခေါက်လိုက်သည်။ Jeonghan ကတော့ ရင်တထိတ်ထိတ်။ Cheol ဘက်ကရော ရင်ခုန်မနေဘူးလား ဟု စနည်းနာကြည့်တော့ ဆံဖြူကောင်လေးက အေးအေးလူလူပင်။ သူ့မှာတော့ ရင်ထဲ မိုးကြိုးတွေပစ်နေသည်သာ။

စက္ကန့်ပိုင်းမျှကြာတော့ Choi Nam Ra တံခါးဖွင့်ပေးလာသည်။ သူတို့နှစ်ယောက်ကိုလည်းမြင်‌ရော နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ

"သားတို့ ဝင်လေ လာလာ"

Cheol က Jeonghan လက်ကောက်ဝတ်လေးကို ဖွဖွကိုင်ရင်း အခန်းထဲ ဦးစွာဝင်သွားသည်။ Choi Nam Ra က​တော့ Cheol ကိုင်ထားသည့် Jeonghan လက်ကို ငေးရင်း အကဲခတ်ကြည့်နေသည်။ နှစ်ယောက်ထိုင် ဆိုဖာပေါ် Cheol တို့နှစ်ယောက် နေရာယူထားပြီး Choi Nam Ra က အလယ်ခေါင်ရှိ တစ်ယောက်ထိုင်ခုံမှာ ထိုင်ရင်း လာရင်းကိစ္စကို အပြုံးတစ်ခု ပန်ဆင်ကာမေးသည်။ Jeonghan ကတော့ ရင်ထဲသိပ်နေလို့ကောင်းမနေ။ Choi Nam Ra ၏တုန့်ပြန်ချက်က အစွန်းနှစ်ဖက်မှာရှိ၏။ သူမ,မည်သည်ကို​ရွေးချယ်မည်မှန်း Jeonghan မကျိန်း​သေပါ။ 

Cheol က သူ့စိတ်​တွေ ​ယောက်ယက်ခတ်​နေသည်ကို သိသည့်အလား လက်ဖမိုးကိုခပ်ဖွဖွ အုပ်မိုး​ပေးလာသည်။ 

"အ​မေ၊ ကျွန်​တော့်ဘဝရဲ့ အ​ရေးကြီးဆုံး စိတ်ဆန္ဒတစ်ခုကို အ​မေ့ကို ခွင့်​တောင်းချင်တယ်"

Choi Nam Ra က သားဖြစ်သူစကား​ကြောင့် မျက်ခုံးပါးလွှလွှကို လှလှပပ ပင့်တင်ရင်း

"​ပြောသား"

Cheol က သက်ပြင်းတစ်ခုကို ခပ်​လျော့​လျော့ချပြီး

"Jeonghan နဲ့ ကျွန်​တော် နှလုံးသားချင်း ဖလှယ်ထားပြီးပြီ။ သူငယ်ချင်း ဆိုတာထက်ကို ပို​နေပါပြီ"

"DANCIN' On to Your Heartbeat"Donde viven las historias. Descúbrelo ahora