အပိုင်း-၇

591 50 12
                                    

Unicode

Cheol တို့ကျောင်းလိုပဲ Jeonghan တို့ကျောင်းလည်း ဘောလုံးကန်ဖို့ လူရွေးသည်။ Seungkwan ကတော့ ဘောလုံးဝါသနာပါသူပီပီ စာရင်းသွားသွင်းသည်။ Mingyu လည်း Wonwoo ဆီက အား‌ပေးမှုနဲ့ ‌‌သဘောကျမှုပါလိုချင်သည်ကြောင့် စာရင်းပေးလိုက်သည်။ ဤသို့နှယ့် အတန်းချိန်တွေမှာ Jeonghan တို့အဖွဲ့လူမဆုံတော့ပေ။ လေ့ကျင့်ရေးဆင်းနေသည့် သူငယ်ချင်းနှစ်ယောက်ကို စိတ်ပါရင် ပါသလို သွားအားပေးတတ်ကြပေမဲ့ Mingyu ကတော့ Wonwoo လောက် သူတို့ကို အဖတ်မလုပ်တာကြောင့် စိတ်ဆိုးပြီး မလာတော့ပေ။

Seungkwan ကတော့ Mingyu ကိုကြိမ်းမောင်းသည်။ Mingyu ကတော့ တစ်နှစ်တစ်ခါပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်းသူ Wonwoo ကိုသာစောင့်နေသည်။ ဘောလုံးကွင်းမှာပြေးနေပေမဲ့ ခုံတန်းက မျက်မှန်နဲ့သူလေးကို တွေ့မိတာနဲ့ စိတ်တွေလွတ်ကုန်တာ။ Wonwoo ကလည်း သူကိုယ်တိုင်တောင် သတိမထားမိဘဲ ခြေလှမ်းတွေက Mingyuတို့ ကန်နေသည့် ဘောလုံးကွင်းဆီ ရောက်ရောက်သွားမိတာ။

အရင်က Juice တွေယူယူလာပေးတာ Mingyu ဖြစ်ပေမဲ့ အခုတော့ သူကပြန်‌ပေးနေရသည်။ အရပ်အမောင်းကြီးက ကန်နေသူတွေကြားမှာမှ ထင်းနေတာမလို့ မိန်းကလေးတွေကလည်း Mingyu ကိုဆို သဘောကျကြသည်။ သည်လို အများတကာ ငေးခြင်းခံနေရသူက Wonwoo ကိုသာ မျက်စိတစ်ဖက်မှိတ်ပြလိုက်၊ နှုတ်ခမ်းထော်ပြလိုက်နဲ့ အလုပ်များနေတာ။

"Wonwoo မင်းနဲ့ Mingyu ကအတည် တွဲနေပြီလား"

Minghao ကအဖြေကို အတိအကျသိချင်နေသည်။ သူသိရသလောက် Mingyu မှာ ခြေလှမ်းများသည့် လူတစ်ယောက်။ ရုပ်ကချော၊ စကားကတတ်၊ ဖော်ဖော်ရွေရွေနဲ့မလို့ ဘယ်သူ့ကိုမဆို သူ့ဘက်ပါအောင် မာယာများတတ်သည့်လူ။ Wonwoo ကို အတည်မဟုတ်ဘဲ တစ်ဖက်သက်ခံစားချက်တွေ ပေးလိုက်မှာ Minghao စိုးရိမ်မိပါသည်။ သူငယ်ချင်းဖြစ်သူက အနေအေးတာမလို့ အပေါ်ယံနဲ့ ဘာတွေတွေးနေသလဲ မခန့်မှန်းနိုင်ပေမဲ့ Mingyu နားရောက်ရင် တောက်ပသွားတဲ့ အကြည့်တွေနဲ့ ကြည်ကြည်နူးနူး အပြုံး‌တို့က ဖုံးဖိမရ။ ‌Wonwoo ကလေးနက်နေသလောက် Mingyu က တစ်ဖက်တစ်လမ်းနဲ့ လှည့်ထွက်သွားမှာ သူမလိုလားပါ။

"DANCIN' On to Your Heartbeat"Where stories live. Discover now