အပိုင်း-၁၂

512 50 3
                                    

Unicode

Cheol က Jeonghan အိမ်မှာ ထမင်းလက်ဆုံစား​နေသည်။ Jeonghan အ​မေက သ​​​ဘော​ကောင်းသူပီပီ Cheol ကို ​နွေး​ထွေးလှိုက်လှဲစွာကြိုဆိုသည်။ Jeonghan အ​ဖေက​တော့ အ​နေ​အေးတာ​ကြောင့်ရယ်၊ ထမင်းဝိုင်းထဲ စကား​ပြော​လေ့မရှိသည့်အကျင့်​ကြောင့်ရယ် တည်တည်ငြိမ်ငြိမ်ဖြင့်သာ နား​ထောင်​နေသည်။ သို့​သော် Jeonghan အ​ဖေက သူစိမ်းဆန်မ​နေပါ။ ရင်းနှီးနှစ်မြို့ဖွယ် အပြုံးမျိုးတို့​​ကြောင့်​ သ​​ဘောမ​နော​ကောင်းပြီး ဖော်​ရွေတတ်သူဖြစ်​ကြောင်း ထင်ရှားပါသည်။ အိမ်ကို ခါတိုင်း အလုပ်ချိန်ထက် ပိုပြီး​စော​​စော​ရောက်လာတာ​ကြောင့် Jeonghan တို့ အိမ်​လေးက မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လို့​နေပါသည်။ Cheol ကို Jeonghan အ​​မေက ​နေရမခက်​အောင် စကား​တွေ​​ပြော​ပေး​နေသည်။ ထမင်းဝိုင်းမှာ Cheol အသံနဲ့ Jeonghan အ​မေအသံကသာ လွှမ်းခြုံလျက်ရှိသည်။

"သားကတစ်​ယောက်တည်း​နေတာဆို​တော့၊ ပျင်း​နေမှာပဲ​လေ။ ​ဘေးအိမ်ကို လူသစ်​ပြောင်းမလာတာ Jeonghan ​လေး အသက်တစ်ဝက်ရှိ​ရော့မယ်။ အန်တီ့သားအရွယ်​လေးပဲဟာ၊ ဂရုစိုက်​ပေးရမှာ​ပေါ့။ ဟုတ်လား"

"ဟုတ်ကဲ့ဗျ၊ မဟုတ်​တောင် ကျွန်​တော်က ဒီအိမ်၊ ဒီမိသားစုနဲ့ ရင်းနှီးချင်​နေတာ"

"အချိန်မ​ရွေးသား​ရေ လာလည်​နော်"

Jeonghan အ​မေစကားကို အ​ဖေဖြစ်သူက ​ထောက်ခံသလို ​​ခေါင်းတဆတ်ဆတ်ညိတ်သည်။ Jeonghan က​ Cheol စကား အသွားအလာကို ရိပ်မိ​နေတာ​ကြောင့် Cheol ကိုမသိမသာ၊ အံကြိတ်ပြမိ​တော့ ဆံဖြူ​ကောင်ကပြုံးသည်။

"အရင်ရက်​တွေက အန်တီလည်း မအားတာနဲ့ ထမင်းစားဖိတ်ချင်လို့ကို ရက်​တွေ​နှောင့်​နှေးကုန်တာ။ Jeonghan က​တော့ Cheol တို့အိမ်ဘက်ခဏ ဆိုပြီးထွက်ထွက်သွား​တော့တာပဲ"

အ​​မေက​တော့ သ​ဘောရိုးနဲ့​ပြောလိုက်​ပေမဲ့ အ​ကြောင်းသိနှစ်​ယောက်က တစ်​ယောက်ကိုယ် တစ်​ယောက်ကြည့်မိရင်း လူကြီး​တွေ​ရှေ့ မ​​ပေါ်​အောင် ဖုံးဖိ​နေရသည်။ Cheol က 

"Jeonghan နဲ့က စ​​ရောက်ကတည်းက ခင်သွားတာပဲ၊ Jeonghan က​ပေါင်းသင်းဆက်ဆံ​ရေး ​ကောင်းတယ်နော်"

"DANCIN' On to Your Heartbeat"Where stories live. Discover now