အပိုင်း-၅

592 54 19
                                    

Unicode

သည်နေ့ပိတ်ရက်ဖြစ်တာကြောင့် Cheol တို့အုပ်စုက စကိတ်သွားစီးဖို့ Group chat ထဲတိုင်ပင်နေကြသည်။ သို့သော် Jun ကပေါ်မလာ။ အခုတလော Jun က သူတို့အဖွဲ့နဲ့ ‌စကားသိပ်မပြောဖြစ်ဘဲ Minghao နဲ့သာ စာအုပ်အကြောင်းတွေ၊ သီချင်း‌အကြောင်းတွေပြော‌ဖြစ်နေသည်ကြောင့် သတိထားခံနေရသည်။ Cheol က စကိတ်စီးဖို့ပြောနေသည်ကို တက်တက်ကြွကြွမရှိသည့် Jun ကြောင့်စိတ်ဆိုးသွားပြီး Chat ထဲ

"ရား Jun မင်းအသစ်တွေ့တော့ ငါတို့ကိုပလစ်ပြီပေါ့"

ထိုအခါကျမှ Group Chat ထဲ Jun ရောက်လာကာ

"ဟာမဟုတ်ပါဘူး"

အားလုံးက Jun ကို ဝိုင်းစနေကြသည်။ ထို့နောက် Vernon က မဆီမဆိုင် အကြောင်းအရာတစ်ခုကို Chat ထဲပြောလာသည်။

"Seungkwan တို့ကိုရော ခေါ်မလား"

အားလုံးကကြောင်သွားပေမဲ့ စကားဝင်ပြောနည်းသည့် Vernon ကပြောလာတာကြောင့် ရတယ်လေ ဟုသာ စာပြန်လိုက်သည်။ Cheol က ဖုန်းပိတ်လိုက်ပြီး တစ်ဖက်ဝန်ရံတာကို လှမ်းကြည့်သည်။ အခန်းထဲ Jeonghan ကိုမတွေ့။ သူ Jeonghan ကို စာပို့ကြည့်သည်။

"Jeonghan nrr ဘယ်မှာလဲ"

သူပို့လာမည့်စာကို အရမ်းမျှော်လင့်နေတာကြောင့် ဖုန်းကိုပဲ တစိမ့်စိမ့်ကြည့်နေမိသည်။ မကြာပါ၊ Jeonghan ဆီကစာလေး ဝင်လာသည်။

"ငါတို့ပန်းခြံမှာ၊ Hoshi က စကိတ်စီးချင်တယ်ပြောတာနဲ့"

Jeonghan က သူ့သူငယ်ချင်း Hoshi အကြောင်း အားရင်အားသလို Cheol ကိုပြောပြထားတာကြောင့် Cheol သိနှင့်နေပါ၏။ သူတို့ရပ်ကွက်က ပန်းခြံနှင့် စကိတ်ကွင်း ကပ်လျက်ဖြစ်သည်။ မုန့်တန်းတွေလည်းရှိသည်။ ထို့ကြောင့် ပိတ်ရက်ဆို ကလေးတွေကော၊ လူကြီးလူငယ်လူရွယ် အစုံအလင်နှင့်စည်ကားသိုက်မြိုက်သည့်နေရာဖြစ်သည်။ Cheol တက်ကြွသွားပြီး သူ့သူငယ်ချင်းတွေဆီ အခုပဲစကိတ်သွားစီးကြမယ် ဟုစာပို့လိုက်ကာ Jeonghan ဆီလည်း

"ဟေး ငါလာခဲ့မယ် စောင့်နေမယ်မလား"

Cheol က Jeonghan ဘယ်လိုဖြေလာမလဲ သိချင်သဖြင့် ထိုသို့အမေးထည့်လိုက်ခြင်းဖြစ်သည်။ Jeonghan က

"ဒါပေါ့၊လာခဲ့လေ"

ဖုန်းကို ကုတင်ပေါ်ခဏတင်ထားကာ သူအင်္ကျီခပ်မြန်မြန်လဲသည်။ ပေါ့ပေါ့ပါးပါး Oversized တီရှပ်နှင့် ကာကီရောင်ဘောင်းဘီတိုကိုသာ ဝတ်လိုက်သည်။ ဆံပင်ကို ကြည့်ကောင်းအောင် ခပ်ဖွာဖွာလေးဖီးလိုက်ပြီး လွယ်အိတ်ထဲ ဆောင်နေကျ Beanie ကိုထည့်လိုက်သည်။ ထို့နောက် တစ်ကိုယ်လုံးကို မှန်ထဲ သိမ်းကြုံးကြည့်သည်။ ခေါင်းအစခြေအဆုံး အဆင်ပြေပြီဆိုမှ ကျေနပ်စွာ တစ်ချက်ပြုံးကာ ထွက်လာခဲ့သည်။

"DANCIN' On to Your Heartbeat"Opowieści tętniące życiem. Odkryj je teraz