အပိုင်း-၁၅

554 50 11
                                    

Unicode

သူတို့အတန်း​ထဲကသူ​တွေ တစ်​ယောက်နဲ့တစ်​ယောက် ပိုပြီးရင်းနှီးသွားကြ​လေပြီ။ သန်ဘက်ခါဆိုရင်Mid term ​ဖြေရ​တော့မည်မို့ စာအတူတူလုပ်ကြ၊ တစ်​ယောက်နဲ့ တစ်​ယောက် စာ​မေး၊ စာဆို လိုက်နှင့် အလုပ်ရှုပ်​နေကြသည်။ ဆရာ​တွေကလည်း နှစ်လယ်အတွက် အပြတ်ဖြတ်သင့်ပြီဖြစ်သည့် သင်ခန်းစာ​တွေအကုန် ပြီးသွားပြီမလို့ တစ်ပတ်ကို Self study လုပ်ဖို့ အချိန်​ပေးထားသည်။ ​ကျောင်းက​တော့ ဆက်တက်​နေရ​ပေမဲ့ ​စောဆင်း​ပေးသည်။ အတန်းထဲတွင်​တော့ ခါတိုင်းလို ဆူညံပူညံ​သိပ်မရှိ၊ စာခပ်တိုးတိုးရွတ်​နေသံ​တွေက စု​ပေါင်းသွားကာ တစ်တန်းလုံး ပြည့်နှက်​နေလျက်ရှိသည်။ Mid term မ​ဖြေရ​သေးခင် Mid term ပြီးရင် ဆင်နွှဲမည့် အစီအစဥ်​တွေကို တက်ကြွသူတို့အဖွဲ့ဖြစ်သည့် Mingyu၊ Seungkwan နဲ့ Hoshi တို့က လှုံ့​ဆော်​ကြော်ငြာကြသည်။ ထုံးစံအတိုင်း Seokmin က ဦးစွာ​ထောက်ခံသည်။ 

သည်ရက်​တွေထဲ Joshua ဘက်က အနည်းငယ် ငြိမ်ကျသွား​သော်လည်း Seokmin က​တော့ ပုံမှန်သာ။ Joshua နဲ့ ခါတိုင်းလို​တော့ ဖက်လှဲတကင်းဆက်ဆံ​ပေါင်းသင်းခြင်း မပြု​တော့​သော်လည်း စကားစမြည်​တော့ သွား​ပြော​လေ့ရှိပါသည်။ Seokmin ၏ အ​တွေးက ပကတိ​အေးချမ်းသည်၊ ဖြူစင်သည်။ Joshua ကို သူငယ်ချင်းလိုပဲ သ​ဘောထား​ကြောင်း သူ့လိပ်ပြာသူလုံသည်။ သို့ရာ ခင်မင်ကျွမ်းဝင်ခဲ့ရသူမို့ မနာကျင်​စေချင်တာ သူ့​စေတနာပါ။ ချစ်​မေတ္တာ၏ သ​ဘောတရားကို သူမသိ​ပေမဲ့ သူငယ်ချင်းသံ​ယောဇဥ်ကို​တော့ သူ​လေးစားပါသည်။ အခုတ​လော ငြိမ်ကုတ်​နေသည့် Joshua ကို အပြစ်မတင်ချင်​ပေမဲ့ Joshua ရဲ့ အပြုအမူ​တွေက သူ့ကိုလူဆိုးဖြစ်သွား​စေသည်ဟု Seokmin တစ်ဖက်​စောင်းနင်း ​တွေးမိသည်။ 

Joshua နဲ့သူ ‌အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ ကွေကွင်းနေရသည်။ သည်အခြေအနေကို သူ့ဘက်ကတော့ လျစ်လျူရှု၍ နေနိုင်ပေမဲ့ Joshua ဘက်ကိုတော့ ထည့်မစဥ်းစားချင်တော့။ သူရွေးချယ်သွားခဲ့သည့်လမ်းပဲဟု အသည်းမာမာနဲ့ပဲ ဆုံးဖြတ်ချက်ချခဲ့သည်။ 

သူမတတ်နိုင်...

စိတ်ထဲရှိသည့်အတိုင်း ရိုးသားစွာအ​ဖြေ​ပေးလိုက်ခြင်းအ​ပေါ် လူ​တွေက လက်မခံနိုင်ကြ​ပေဘူးလား။ ချစ်ခြင်း​မေတ္တာအတွက် သူ့ခံယူချက်​တွေကို ဖိနိုပ်ပစ်လိုက်ရမှာလား။ လူ​တွေ စံသတ်မှတ်ထားတဲ့အချစ်က အပြန်အလှန်သက်​ရောက်မှုလား။ Joshua နဲ့ သူ့ကြားမှာ ဘယ်အရာက လွဲ​ချော်သွားလဲ မသိ​ပေမဲ့ သူငယ်ချင်းဆက်နွှယ်မှုကို​တော့ Seokmin သတိရမိပါသည်။ 

"DANCIN' On to Your Heartbeat"Where stories live. Discover now