2

417 22 0
                                    

"ငါ့မမက သိပ်​ကိုတော်ဝင်ဆန်တာ...နာမည်​လေးက ကင်မ်ထယ်ဟီးတဲ့"

​ယွန်းဂီကသူ့ဘာသာ​ပြောပြီး သူ့ဘာသာရှက်ပြုံးပြုံး​​နေပြန်သည်။ဒါနဲ့ ဒီ​ကောင်​ပြောတဲ့နာမည်ကို ဘယ်မှာကြားဖူး​နေတာပါလိမ့်?​ယွန်းဂီလိုလူမျိုးက သ​ဘောကျတဲ့ဆို​တော့
​တော်ရုံ​တန်ရုံထဲက​တော့မဟုတ်နိုင်။

​wait!!ငါသိတဲ့ကင်မ်ထယ်ဟီးများလား??

"​ယွန်းဂီ...မင်းမမဆိုတာ...ငါထင်​နေတဲ့တစ်​ယောက်များလား"

နမ်ဂျွန့်အ​မေးကို မျက်ခုံးခပ်ဆဆပင့်ပြလိုက်ရင်း

"မင်းထင်​နေတဲ့တစ်​ယောက်ပဲသားကြီး...ငါ​လေ...မမကိုသိပ်သ​ဘောကျတယ်"

​ယွန်းဂီသ​ဘောကျလည်းကျချင်စရာ​လေ။ကင်မ်ထယ်ဟီးဆိုတဲ့သူမက ​တောင်ကိုရီးယားကအလှမယ်​တွေထက်ပင်ပိုလှတဲ့သူ။ပုရိသ​ယောကျာ်းသားတိုင်း ပိုင်ဆိုင်ချင်ကြတဲ့ နတ်သမီး။ဒါ​ပေမဲ့ အရမ်းလှတဲ့မမကတွဲဖက်​တော့မရှိ​သေး​။​ဒါနဲ့ဒီ​ကောင်က ဘယ်က​နေဘယ်လိုအခုမှ မမ၊မမဖြစ်သွားရတာပါလိမ့်?မ​တွေ့လိုက်ရတဲ့ တစ်ပတ်​လောက်အတွင်းမှာတင် ​အချစ်ကို​တွေ့​နေပြီဆိုတဲ့​ယွန်းဂီကြောင့် သူ့ရဲ့​ရွှေဦး​နှောက်ပင် သိပ်အလုပ်မလုပ်ချင်​တော့​။

"မင်းကအခု...ဒီလိုဝတ်စားထားတာက...မမ့ဆီသွားမလို့​ပေါ့"

"ဘယ်ကသာ...မမခိုင်းတာသွားလုပ်လာတာ"

"Oh...အဲ့​လောက်​တောင် အ​​ခြေအ​နေ​တွေကတိုးတက်​နေပြီလား...လက်သွက်ချက်ကွာ"

နမ်ဂျွန့်စကား​ကြောင့် ​​​ယွန်းဂီမှာ ဘဝင်မြင့်သွားသလိုသွား​တွေအကုန်​ပေါ်​အောင်ပြုံးနေ​တော့သည်။တစ်ဖက်ကနမ်ဂျွန်မှာ​တော့ ​ယွန်းဂီကိုကြည့်ကာ နည်းနည်းတော့အမြင်ကပ်ချင်​နေ​လေပြီ။မမဆီက attention ​တွေအကုန်သူရထားပါတယ်ဆိုတဲ့ ​ကောင်​လေးဂိုက်ဖမ်း​နေတဲ့ယွန်းဂီပုံစံက နမ်ဂျွန့်မျက်လုံးထဲမှာ​တော့ ကန့်လန့်ကန့်လန့်ရယ်။​ထိုပုံစံ​ကြောင့်လည်း နမ်ဂျွန့်မှာသိချင်စိတ်​တွေကတစ်ဖွားဖွား။

"​ပြောပြပါဦး...ချစ်မိသွားတဲ့အ​ကြောင်းပြချက်​လေးကို"

နမ်ဂျွန့်စကား​ကြောင့် ခုံကို​ခေါက်​နေ​သောလက်​ချောင်းတို့ကိုခဏရပ်ရင်း ထပ်ပြုံးမိပြန်သည်။မမ​ကြောင့်နဲ့ အခုတ​လောအရမ်း​တွေ ပြုံးဖြစ်​နေပါ​ရောလား?

Freaky Couple(completed)Where stories live. Discover now