17

231 19 1
                                    

"ရပြီလား!!!"

လှမ်း​အော်​ပြောတဲ့ ​နမ်ဂျွန်​​ကြောင့် ​ယွန်းဂီokဟုလက်ဖြင့်လုပ်ပြလိုက်သည်။သူ့မှာအခု​အော်​ပြောဖို့အား​တောင်မရှိ​တော့။

"ငါတို့ကိုလည်းကယ်ပါ!!!​ကျေးဇူးပြုပြီး!!!"

"ကျွန်​တော့်ကိုလည်းကယ်ပါ!!!"

"ကျွန်မကိုလည်းကယ်​ပေးကြပါ!!​တောင်းပန်ပါတယ်!!"

​ယွန်းဂီကိုနမ်ဂျွန်တို့ကယ်​နေတာမြင်​တော့ လူအုပ်ကြီးကအ​ပေါ်ကိုတက်သွား​နေတဲ့​ယွန်းဂီခြေ​ထောက်​ကိုအတင်းဆွဲကြကာ ကယ်​ပေးဖို့​တောင်းဆိုကြ​သည်။​ယွန်းဂီမှာ​သေ​လောက်​အောင်ပင်ပန်း​နေသည့်ကြားမှပင် တစ်ကိုယ်​ကောင်းဆန်တဲ့လူ​တွေ​ကြောင့် ထပ်စိတ်ညစ်ရပြန်သည်။

"​​ဟေ့!!!ဝိုင်းဆွဲမထားကြနဲ့​!!သူ့ကိုကယ်ပြီးရင်အားလုံးကိုကယ်မယ်!!!အို​ကေ!!...အခုသူ့ကိုအ​ပေါ်ကိုတွန်းတင်​ပေးကြ!!...အကုန်ဝိုင်းကူညီမှဒီအ​​ခြေအ​နေကြီးက​နေလွတ်မှာ!!...နားလည်ကြလား!!...ကျွန်​တော်တို့အားလုံးကိုကယ်မှာပါ!!!"

နမ်ဂျွန်​အော်​ပြော​တော့ ​အောက်ကလူ​တွေအကုန်လုံးက​ထောက်ခံကြသည်။ပြီး​တော့​​ယွန်းဂီကိုတွန်းတင်​ပေးကြ​သော​ကြောင့် အကူအညီရလို့​တော်​သေးသည်။

"မင်းကဒီကြိုးကိုဟိုတိုင်မှာပတ်ပြီးဆွဲ....ငါကဒီက​နေပဲဆွဲတင်မယ်...ရတယ်မလား"

"အင်း..."

"အို​ကေ...ငါ1 2 3လို့​စ​ရေတာနဲ့မင်းအဲ့က​နေဆွဲလိုက်"

"ကျွန်​တော်နားလည်ပြီ"

"1...2...3.....ဆွဲ​တော့!!"

နမ်ဂျွန်နဲ့ထယ်​ယောင်း ရှိသမျှအား​တွေအကုန်ထုတ်ကာဆွဲတင်ကြသည်။သုံးလွှာဆိုတဲ့အမြင့်က​နေဆွဲတင်ရတာမို့ ​တော်​တော်​တော့မလွယ်ကူ​ပေ။

"ကြိုးကခိုင်ပါ့မလား"

ထယ်​ယောင်းကြိုးကို အားနဲ့ဆွဲနေရင်းနဲ့နမ်ဂျွန့်ကို​မေးလိုက်သည်။

"ငါ​သေချာဆက်ထားတာမို့ ​ယွန်းဂီခန္ဓါကိုယ်​လောက်ကို​တော့ ရမယ်ထင်တာပဲ...အချိန်ဆွဲ​နေရင်ပြတ်ထွက်သွားနိုင်တာမို့...ခပ်မြန်မြန်လုပ်ရ​အောင်"

Freaky Couple(completed)Where stories live. Discover now