"ဟိုကောင် ကလေးနားမှာရှိတာဘယ်လောက်ကြာပြီလဲ"
စားပွဲခုံကို လက်နဲ့ခေါက်နေရင်းမေးလာတဲပုံကယောကျာ်းသားချင်းတောင်ကြောက်ရတဲ့အရှိန်အဝါအပြည့်။အညိုရောင်ဆံပင်တွေကိုသေသေသပ်သပ်လှန်တင်ထားပြီးမျက်ခုံးတန်းတန်း၊မျက်ဆန်နက်နက်နဲ့မေးရိုးထင်းထင်းများက ထိုလူရဲ့ချောမောမှုကိုပိုလေးနက်စေသည်။
"သုံးလကျော်နေပါပြီ သခင်လေး"
"ရက်အတိအကျနဲ့ပြော"
ထွက်လာတဲ့အသံအေးစက်စက်ကြောင့် သတိစွဲကာရပ်နေတဲ့လူသုံးယောက်ဖြေရခက်စွာမျက်နှာခေါင်းငုံ့လိုက်ကြသည်။
"မကြားဘူးလား မင်းတို့နားတွေ!!"
"၁၀၃ရက်ရှိပါပြီ သခင်လေး"
မတ်တပ်ရပ်နေတဲ့လူသုံးယောက်က အခုမှခေါင်းပြန်မော့လာကြသည်။ဖြေလိုက်တဲ့သူက သခင်လေးရဲ့အတွင်းရေးမှူးတစ်ဖြစ်လည်းကိုယ်ရံတော်ဆီမှဖြစ်သည်။
'ဖြောင်း! ဖြောင်း! ဖြောင်း!'
စားပွဲခုံကိုခေါက်နေတဲ့လက်တွေရပ်တန့်သွားပြီး ကိုင်ထားတဲ့ဖိုင်တွဲနဲ့ညှာတာမှုကင်းမဲ့စွာမျက်နှာကိုရိုက်လိုက်မှုကြောင့် သတိစွဲနေတဲ့လူသုံးယောက်လုံးနောက်ပြန်လဲကျသွားသည်။သို့သော်ချက်ချင်းပြန်ထလာကြပြီး သတိစွဲထားကြတုန်းပင်။
'ခွမ်း'
လက်ထဲမှာကိုင်ထားတဲ့ဖိုင်တွဲကိုအဝေးသို့လွှတ်ပစ်လိုက်သောကြောင့်ပန်းအိုးနဲ့ထိကာထွက်လာတဲ့အသံဖြစ်၏။ဖိုင်တွဲထဲမှာ စာရွက်များကလည်းပြန့်ကျဲကုန်သည်။ကြမ်းပြင်မှာကျနေတဲ့ စာရွက်မြောက်များစွာကလူတစ်ယောက်ရဲ့သတင်းအချက်အလက်တွေဖြစ်သည်။
"နောက်ဆို ကလေးနဲ့ပတ်သက်ပြီးဘာမေးမေးအဖြေ
ရှိအောင်လုပ်ထားကြ!!...အခုငါ့မျက်စိရှေ့ကထွက်သွား!!"အမိန့်ပေးတော့ချက်ချင်း ထွက်သွားကြသည်။ယခုအခန်းထဲမှာကျန်ခဲ့တာက အတွင်းရေးမှူးဆိုတဲ့လူနဲ့သခင်လေးဆိုသူနှစ်ယောက်တည်း။