"အားလုံးလူစုံပြီလား ကလေးတို့"
ဘိုးဘွားရိပ်သာသို့သွားကြရန် ကျောင်းသားအားလုံး
စုနေကြသည်။စက်ရုံ3ခုလုံးကိုလေ့လာတာပြီးသွားတာကြောင့် ဒီနေ့ကဘိုးဘွားရိပ်သာသို့ ကျောင်းသားတွေဖန်တီးထားတဲ့အနွေးထည်တွေသွားလှူမှာဖြစ်သည်။နေ့တစ်ဝက်ကို ဘိုးဘွားရိပ်သာမှာကုန်ဆုံးပြီး ကျန်တဲ့နေ့တစ်ဝက်ကိုတော့ ယခုရောက်နေတဲ့ယန်းဖိုဒေသရဲ့နာမည်ကြီးယန်းဖိုရေတံခွန်သို့လိုက်ပို့မယ်ဟု ဆရာကပြောထားတာကြောင့် အားလုံးတက်ကြွနေကြသည်။"လူစုံပြီလားကလေးတို့...ကိုယ့်ဘေးကသူငယ်ချင်းကိုစစ်ကြဦး...လုပ်အားပေးသားလေးတွေရော စုံပြီလား"
ကားပေါ်ရောက်တဲ့ကျောင်းသားတိုင်းက ဘေးကကိုယ့်သူငယ်ချင်းကိုစစ်ပြီးတာနဲ့ လူစုံပြီဟုအော်သည်။လုပ်အားပေးယွန်းဂီတို့လည်း 3ယောက်လုံးစုံတာကြောင့် လူစုံကြောင်းပြောလိုက်တော့ ကားစထွက်တော့သည်။
"ခင်ဗျား ကျွန်တော့်ဘက်အရမ်းမကပ်နဲ့လေ"
"ကိုယ်ဘယ်မှာကပ်လို့လဲ"
"လက်မောင်းချင်းထိနေတယ်...ခင်ဗျားမမြင်ဘူးလား"
"ဒါကတော့ကိုယ့်လက်ထဲမှာ...ထယ်ယောင်းပေးတဲ့အထုပ်တွေနဲ့လေကွာ"
သူ့အသားကိုငါကထင်ချင်လို့ ထိတယ်များထင်နေလားမသိဘူး။မညှာမတာ သူလှူမယ့်အထုပ်တွေကိုသူမသယ်ဘူး။သူကျတော့အခန့်သားထိုင်ပြီး ငါကအကုန်သယ်။ပြီးတော့ထိတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သုံးစားမရတဲ့ဟာလေး။
နည်းနည်းလေးထိတာကိုဖြစ်ပျက်နေတာ။တမင်ကိုမှီပြဦးမယ်ကြည့်နေ့။သည်းခံလို့ရောင့်တက်နေတာ...ဒင်းလေးက။"ဘာပဲဖြစ်ဖြစ်ခင်ဗျားလာမထိနဲ့"
"အင်းပါ"
ယွန်းဂီက အကြံကြီးရှိတာကြောင့် လောလောဆယ်တော့ရယ်သာပြလိုက်သည်။ထယ်ယောင်းကတော့ ယွန်းဂီကိုမျက်စောင်းထိုးပြီး နားကြပ်တပ်ကာကားတံခါးမှန်တွေကနေတစ်ဆင့် အပြင်သို့ကြည့်နေသည်။ယွန်းဂီကတော့
တမင်မှီချရန် ကာလမ်းအကွေ့တွေကို အားတက်သရောလိုက်ကြည့်နေသည်။