8

235 16 12
                                    

"ဘာ!!!"

ထယ်​ယောင်း ​ယွန်းဂီရဲ့ဖြစ်ပျက်​နေတဲ့မျက်နှာကြီးကို
တစိမ့်စိမ့်ကြည့်​နေရင်း ​အောက်နှုတ်ခမ်းကိုကိုက်ကာ
ဝမ်းသာ​နေသည်။ဘာ​ကြောင့်မှန်းရယ်မသိ ယွန်းဂီကိုဒီလိုအနိုင်ကျင့်ရတိုင်းသူအရမ်း​ပျော်သည်။အရင်တုန်းကပျင်းဖို့​ကောင်းခဲ့သ​လောက် မင်ယွန်းဂီဆိုတဲ့လူသားကသူ့​နေ့ရက်​တွေထဲဝင်လာပြီးကတည်းကစိုစို​ပြေ​ပြေ​လေးဖြစ်လာသည်။
အဲ့လူနဲ့​တွေ့တိုင်း ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာ​တွေးရတာကိုကပင် သူအရမ်းကြိုက်တဲ့သင်ချာပုစ္ဆာ​တွေကို​ဖြေရှင်းရသလို​ပျော်လာသည်။

"ခင်ဗျား​နေရမယ့်အခန်းကိုမှတ်မိတယ်မလား
ကျွန်​တော်စာသွားလုပ်​တော့မယ် တစ်အိမ်လုံးကမီး​တွေလိုက်ထွန်းလိုက်ဦး​​နော် ဒီည​တော့ညစာကိုမှာပြီးပဲစားကြတာ​ပေါ့"

"အင်း..အင်းပါ"

ထယ်​ယောင်း ​ယွန်းဂီကို ပြုံးပြုံး​လေး​ပြော​နေ​ပေမယ့်
​ယွန်းဂီက သူ့ကိုထယ်​ယောင်းရွဲ့​ပြော​နေမှန်းချက်ချင်းသိသည်။​ယွန်းဂီက​တော့ အခုတည်းကလက်မှိုင်ချ​နေပြီဖြစ်သည်။​ကျန်တဲ့၄ရက်ကိုသူဘယ်လိုများသည်းခံရမလဲဆိုပြီး ​ခေါင်းမှာရှိသမျှဆံပင်​မွှေး​တွေဖြူ​တော့မတတ်
စဥ်းစားရင်းအထုပ်၂ထုပ်နဲ့သာ အိမ်အ​ပေါက်ဝ၌ကျန်ခဲ့သည်။ထယ်​ယောင်းက​တော့ ပြုံးပြုံး​ပျော်​ပျော်ပင်အ​ပေါ်ထပ်ကသူ့အခန်းဆီသွားနှင့်ပြီဖြစ်သည်။

"ဟူး....ငါဘယ်လိုများသည်းခံရမှာလဲ
မမကိုလက်​လျော့လိုက်ရ​တော့မလား...အား...
မင်ယွန်းဂီ...မင်းရူး​နေလား..အဲ့ဟာ​လေး​ကြောင့်
မမကိုလက်​လျော့လိုက်ရင်မမနဲ့​ဝေးသွားမှာ​ပေါ့...မမက
ငါနဲ့ပဲတန်တာ...ဟိုဟာ​လေးကိုလုံးဝအရှုံးမ​ပေးနဲ့...
မင်းလုပ်နိုင်ပါတယ် မင်ယွန်းဂီရာ..."

​ယွန်းဂီသူ့ဘာသာ တစ်​ယောက်တည်းအား​ပေးစကား​ပြောရင်းလက်ကအထုပ်​လေး၂ထုပ်ကိုဆွဲကာထယ်​ယောင်း​နေ့လည်ကပြထားတဲ့အခန်းထဲသို့တက်လာလိုက်သည်။အခန်းကဧည့်သည်​တွေလာတိုင်းထား​နေကျအခန်းလိုဖြစ်ပြီး
ပရိ​ဘောဂတွေအိပ်ယာခင်း​တွေကပါ အဖြူ​ရောင်​တွေချည်းဖြစ်သည်။​ယွန်းဂီအထုပ်​တွေချရင်း အိပ်ယာ​ပေါ်ခဏလှဲလိုက်သည်။ညစာစားချိန်ပြန်​တွေ့ရမယ့်ထယ်​ယောင်းနဲ့မ​တွေ့ခင်​လေးအားယူ​နေတာဖြစ်သည်။ပြီးတာနဲ့​ရေချိုးလိုက်ပြီးလန်းဆန်း​အောင်လုပ်လိုက်သည်။​ယွန်းဂီမှာသူ့အိမ်မဟုတ်တဲ့အပြင် အသုံးအ​ဆောင်တွေကအစ ​ရှေး​​ခေတ်ဒီဇိုင်း​တွေမို့ ​ကြောက်​နေရပြန်သည်။​​ယွန်းဂီကရှေး​ခေတ်ပုံစံအ​ဆောက်အအုံ​တွေ​တွေ့တာနဲ့ ထို​နေရာမှာသရဲရှိသည်ဟုက​လေးဆန်ဆန်​တွေးတတ်သူဖြစ်တာ​ကြောင့် အခုထယ်​ယောင်းအိမ်ကိုလည်းမသိစိတ်တစ်မျိုးသိစိတ်ကတစ်ဖုံနဲ့ ​​ကြောက်လန့်​နေတာဖြစ်သည်။
.
.
.
"နမ်ဂျွန်...အစ်ကိုတို့စကား​ပြောဖို့လို​နေပြီထင်တယ်"

Freaky Couple(completed)Where stories live. Discover now