5

274 20 0
                                    

​လေ့လာ​ရေးခရီးတွင် လိုက်ပါလာသူအားလုံးကို တည်းခို​ဆောင်အသီးသီးတွင်ချအပြီးမှာတော့ ည​​တောင်​ရောက်​နေပြီဖြစ်သည်။ဒီ​နေ့ညက​တော့ အားလုံးပင်ပန်း​နေတာ​ကြောင့် ကိုယ်တိုင်ချက်မစားကြပဲ campမှပြင်ဆင်​ပေး​သောအစားအစာများကိုသာ စားကြမှာဖြစ်သည်။​နောက်ရက်​တွေ​တော့ အထည်စက်​ရုံ​တွေကိုလည်ပတ်ပြီး ည​နေမှာ​တော့ ​ကျောင်းသား​တွေကိုယ်တိုင် ချက်ပြုတ်စား​သောက်ရမည်ဖြစ်သည်။​ကျောင်းသား​တွေအချင်းချင်း ချစ်ခင်ရင်းနီးမှုရ​စေရန်နှင့် အဖွဲ့လိုက်လုပ်​​ဆောင်ချက်​တွေတွင် ​နေသားကျ​စေရန်ရည်ရွယ်၍ ဆရာများကစီစဥ်ထားခြင်းဖြစ်သည်။

​ည​စာစားချိန်တွင် ထမင်းစားခန်း၌ အားလုံးတူတူစားကြသည်။​ယွန်းဂီနှင့်နမ်ဂျွန်က​တော့ ​ဒေသထွက်အစားအစာ​တွေကို တစ်ခါမှမစားဖူးသဖြင့် အကြိုက်​တွေ့ကာစိတ်ကြိုက်
စား​သောက်​နေ​သည်။ထယ်​ယောင်းက​တော့ သင့်တင့်ရုံမျှသာစားသည်။​​ကျောင်းသူ​လေး​​တွေက ထမင်းမစားပဲ ကိုယ်လူ​ချောသုံး​ယောက်ကိုသာ တူ​လေး​တွေကိုင်၍​ငေးကြည့်​နေကြသည်။

မျက်နှာ​ချော​ချော​လေးကိုကြည့်​နေရတာနဲ့တင် ဗိုက်ပြည့်​နေကြတာ​ကြောင့် ထမင်းကအ​ရေးမပါ​တော့​ချေ။တစ်သက်လုံးစားလာတဲ့ထမင်းကို ခု​တော့မျက်နှာလွှဲခဲပစ်လုပ်ကြသည်။

"ထင်​တောင်မထင်ထားဘူး...​တော်​တော်စား​ကောင်းတာပဲ ​ယွန်းဂီ"

နမ်ဂျွန့်အ​ပြောကို ​ယွန်းဂီကလက်မ​ထောင်ပြ၍ ထောက်ခံသည်။ပါးစပ်ထဲတွင်စားစရာအပြည့်နှင့်မို့ စကား​ပြောလို့မရတာ​ကြောင့်ပင်။ထယ်​ယောင်းက​​တော့ အိ​​​​​​​ေန္ဒြပျက်​အောင်စား​သောက်​နေတဲ့ ​ယွန်းဂီနဲ့နမ်ဂျွန့်ကို အထင်​သေး​​သောမျက်လုံးများနှင့်သာ လက်ပိုက်၍ကြည့်​နေသည်။
​ယွန်းဂီတို့က​​တော့ ထယ်​ယောင်းမျက်လုံးများကိုမ​တွေ့။
စား​သောက်ရင်းသာအလုပ်​ရှုပ်​နေကြသည်။

စားပြီးပြန်လာ​တော့ ထယ်​ယောင်းကဦးစွာ ​​ရေချိုးရန်ပြင်သည်။​ယွန်းဂီက​တော့ ​ထယ်​ယောင်းပြီးတာနဲ့​ ရေချိုးရန်ထိုင်​စောင့်​နေသည်။သူတို့အခန်းထဲတွင်​ ရေချိုးခန်းအိမ်သာကတွဲလျက်တစ်ခု​​ပဲရှိတာကြောင့် တစ်​ယောက်ပြီးမှတစ်ယောက်အလှည့်ကျပင်။

Freaky Couple(completed)Where stories live. Discover now