21

192 12 0
                                    

"ဒါ​တွေက​ရှေ့နှစ်ကစာရင်းအနှစ်ချုပ်​တွေပါ ဥက္ကဌ​လေး
မသိတာရှိရင် ကျွန်​တော့်ကို​မေးပါ...သိသ​လောက်​ပြောပြ​ပေးပါ့မယ်"

"​ကျေးဇူးပဲ အတွင်း​ရေးမှူးလီ...ကျွန်​တော်မသိရင်လှမ်း​ခေါ်လိုက်ပါ့မယ်"

အတွင်း​ရေးမှူးလီ ​ယွန်းဂီကိုခါးကိုင်းကာအရိုအ​သေ​ပေးပြီးရုံးခန်းထဲက​နေထွက်လာခဲ့သည်။

​ယွန်းဂီကအခုတ​လော ထယ်​ယောင်းရဲ့ဆုံးမမှု​ကြောင့်ကုမ္ပဏီကအဘိုး​နေရာတွင်အလုပ်​တွေစတင်​လေ့လာ​နေပြီဖြစ်သည်။၂၇နှစ်လုံးအဘိုးလုပ်စာပဲ ထိုင်စားလာတာ​ကြောင့် အလုပ်ဆိုဘယ်က​နေစလုပ်ရမှန်းမသိ​ပေမယ့် ထယ်​ယောင်းက 'ခင်ဗျားအဘိုးကအသက်ကြီး​နေပြီ ခုထိအလုပ်လုပ်ခိုင်းမလို့လား ပြန်သိတတ်ရမှာ​ပေါ့...ပြီး​တော့ခင်ဗျားမှာအလုပ်အကိုင်အတိအကျမရှိရင် ကျွန်​တော်ကမယူဘူး...ဘာမှတ်လဲ' လို့ခြိမ်း​ခြောက်လိုက်မှု​ကြောင့် ချက်ချင်းကိုညတွင်းချင်းအဘိုးကိုအလုပ်လုပ်ချင်ပြီဟု​ပြောပြီးစီစဥ်ခိုင်းလိုက်ရသည်။အဘိုးက​တော့ ​လောလွန်း​နေတဲ့သူ့ကိုအမြင်ကပ်၍ခေါင်းတောင်​ခေါက်​လိုက်သေးတယ်။ကိုယ့်အဘိုး​ပြောတုန်းက​တော့ ​နေ့​​ရွှေ့ည​ရွှေ့နဲ့ ချစ်သူ​ပြော​တော့ချက်ချင်းဆိုပြီးစ​နောက်ရင်း​ခေါင်းကို​ခေါက်တာ...တူမှမတူတာအဘိုးရယ်...ဟိုဟာ​လေးကသူ့စကားနား​ထောင်မှ... မဟုတ်ရင်စိတ်​ကောက်ပြီးသူ့ကိုပစ်ထားမှာ။ခုဆိုအဘိုးကကုမ္ပဏီကိုအ​ရေးကြီးကိစ္စရှိမှသာ လာပြီးceo​နေရာကိုလည်း ​​ယွန်းဂီကိုယာယီလွှဲထားသည်။ရှယ်ယာရှင်​တွေကသ​ဘောမကျ​ပေမယ့်လုပ်ငန်းစုကြီးတစ်ခုလုံးရဲ့ ရှယ်ယာ၈၀ရာခိုင်နှုန်း​လောက်ကို အဘိုးဖြစ်သူက​ယွန်းဂီနာမည်နဲ့ပဲဝင်ထားတာမို့ တစ်ခွန်းမဟရဲကြ။ဟကြရင် ​လမ်း​ဘေး​ရောက်သွားမယ်​ဆိုတာ အကုန်လုံးကအလိုလိုသိကြသည်။

လုံးဝမရင်းနီးတဲ့အလုပ်​တွေကို ခုမှစကိုင်တွယ်ရတာ​ကြောင့်သူ့အတွက်ခက်လွန်းလှသည်။သို့သော် စားပွဲ​ပေါ်၌​ထောင်ထား​သော ​လေး​ထောင့်ဆန်ဆန်အပြုံးပိုင်ရှင်ရဲ့ဓါတ်ပုံ​လေးကိုမြင်တာနဲ့ ကြိုးစားချင်စိတ်​တွေကတဖွားဖွား။အလုပ်​တွေကြိုးစားပြီး သူ့ချစ်သူ​လေးကိုတင့်​တောင်းတင့်တယ်ထားဦးမှာ။ကုမ္ပဏီမှာ ဝန်ထမ်းများနည်းတူမနက်၉နာရီက​နေ ည​နေ၅နာရီထိအလုပ်ဝင်​နေရ​တာ​ကြောင့် ထယ်​ယောင်းကိုအရင်က​လောက်​တော့အချိန်မ​ပေးနိုင်​တော့​ပေ။ထယ်​ယောင်းကလည်း သိတတ်စွာဘာမှဂျီမကျ။တစ်ခါတစ်​လေဆို ထမင်းဗူး​လေးနဲ့​တောင်​ရောက်လာပြီး​နေ့လည်စာကိုတူတူစား​ပေး​သေးတာ။တစ်ကယ်နားလည်​ပေးတတ်တဲ့ချစ်သူ​လေးကိုရထားတာမို့ တစ်​လောကလုံးကရှိသမျှဘုရား​တွေကို​ကျေးဇူး​တွေတင်ရတာ​နေ့တိုင်းပဲ။

Freaky Couple(completed)Where stories live. Discover now