22

196 11 0
                                    

"what the fuck!!!...​သေနတ်ကြီး!!!"

​​နမ်ဂျွန်ရဲ့ညာဘက်ကားမှန်က ပစ်စတိုကို​တွေ့၍ထ​အော်သံဖြစ်သည်။ယွန်းဂီနှိုးလို့ မျက်လုံးကိုအတင်းပြူးပြဲရင်းထလာရာက​နေ​ ​ဘေးက​သေနတ်ကိုတွေ့​တော့ အမူးပါ​ပြေသွား​တော့သည်။နမ်ဂျွန်​အော်လို့ ​ယွန်းဂီလည်းကြည့်မိ​တော့​လှောင်ပြုံးပြုံး၍သူ့ကို​သေနတ်နဲ့ချိန်ထား​သောထယ်အီကို​တွေ့​ရသည်။

"ဂန်ထယ်အီ!!!"

"သားကြီး ဘာ​​တွေလဲ!!!...အဲ့​​ခွေးမသားကဘယ်သူလဲ!!"

"ငါနဲ့ငြိထားတဲ့​ကောင်"

"Shit!!!ငါတို့ကိုပစ်​တော့မယ်!!!...ကားကိုဘရတ်အုပ်လိုက်....​စောက်တုံး!!"

"ရူး​နေလား ကင်မ်နမ်ဂျွန်!!!"

​နောက်ခန်းက​နေ ​ပေါက်ကရ​တွေ​ပြော​နေတဲ့နမ်ဂျွန့်ကို​ယွန်းဂီအော်ပစ်လိုက်သည်။​လွတ်​အောင်အရှိန်နဲ့​မောင်း​နေပါတယ်ဆိုကာမှ ​သေ​အောင်လို့ဘရိတ်အုပ်ခိုင်း​နေတာ။ပုံမှန်ဆိုသူ​သေကိုယ်​သေပြန်ချနိုင်​​ပေမယ့် အခုသူ့ကိုချိန်ထားတာက​သေနတ်ဆို​တော့ သူနည်းနည်းမှသတိလွတ်​သွားလို့မဖြစ်။

"ငါ​ပြောတဲ့အတိုင်းလုပ်!!!မင်း​မေလင်ကားနှစ်စီးကမင်းလိုပဲအရှိန်နဲ့သွား​နေတာ...မင်းအခုဘရိတ်အုပ်လိုက်ရင်အဲ့နှစ်စီး​လုံး​ရှေ့ကိုကျော်သွားလိမ့်မယ်...အဲ့ကျရင်​နောက်ပြန်ဆုတ်ပြီးလစ်မယ်...မြန်မြန်လုပ်!!...ငါ့ကိုယုံ!!"

​ယွန်းဂီ ခုမှနမ်ဂျွန်​ပြောတာကိုသ​ဘော​ပေါက်သည်။နမ်ဂျွန်​ပြောတဲ့အတိုင်းသာဆို ခုအ​ခြေအ​နေထက်လွတ်နိုင်​ချေပိုရှိသည်။သ​ကောင့်သားကတစ်ကယ်ကြီးIQ148ဆိုတဲ့အတိုင်းပါပဲလား?သူ့ထက်ဥာဏ်​ကောင်းတယ်။

​ယွန်းဂီ အရှိန်ကိုပိုတင်ပြီး​မောင်း​တော့​ဘေးကကားနှစ်ဖက်ကလည်း ထိုနည်းတူစွာအရှိန်ဖြင့်လိုက်​မောင်းသည်။

'ခလွမ်..ခလွမ်..ခလွမ်'

ဖန်ကွဲသလိုခလွမ်ခနဲအသံ​တွေကဆက်တိုက်ထွက်လာတာမို့ နမ်ဂျွန်ကြည့်လိုက်​တော့ လမ်းတစ်​လျှောက်လုံးကcctv​တွေကို ​ဘေးကကားနှစ်ဖက်လုံးထဲကအနက်​ရောင်suitဝတ်ထားတဲ့လူ​တွေက ပစ်​နေတာဖြစ်သည်။အကုန်လုံးက​လက်ဖြောင့်လွန်းတာမို့ အထူး​လေ့ကျင့်ထားပုံရပြီး သူနဲ့​ယွန်းဂီတော့လွတ်​အောင်​ပြေးနိုင်မှဖြစ်မည်။cctv​တွေပါဖျက်​နေပုံအရဆို သူတို့နှစ်​ယောက်ကိုအပြတ်ရှင်းမယ့်သ​ဘော။​ခွေး​ကောင်က ဘယ်လိုလုပ်ပြီးအဲ့လို​ကောင်​တွေနဲ့သွားငြိသလဲမသိ။

Freaky Couple(completed)Where stories live. Discover now