19

209 13 0
                                    

မမနဲ့ဥက္ကဌမင်ကို ​ယွန်းဂီနဲ့သူတွဲ​နေ​ကြောင်းတရားဝင်ဖွင့်​ပြောပြီးတည်းက သူ့​နေရက်​တွေကို​ယွန်းဂီနဲ့ပဲစတင်ပြီး​ယွန်းဂီနဲ့ပဲအဆုံးသတ်သည်။​နေ့တိုင်း ​ယွန်းဂီဆီကသည်းသည်းလှုပ်အချစ်ခံ ဂရုစိုက်ခံရတာ​ကြောင့်မ​ပျော်ရပဲအိပ်​ပျော်သွားရတဲ့​နေ့ဆိုတာမရှိ။အခုလည်း တစ်​​နေ့လုံးdateလုပ်ဖို့မနက်တည်းကလာ​ခေါ်မယ်ဆိုတဲ့ ​လူ​ကြောင့်အ​စောကြီးထပြီးပြင်​ဆင်​နေရသည်။

မင်ယွန်းဂီက သူ့အတွက်​တော့ဘုရားက​ပေးတဲ့ဆုလာဘ်ပါ​လေ။ထိုလူကြီးက သူ့ကိုဆိုမျက်စိ​အောက်ကအ​ပျောက်မခံ လွန်လွန်ကြူးကြူးသည်းသည်းလှုပ် တစ်ခါတစ်​လေဆို​ဘေးလူ​တွေပါအမြင်ကပ်ရတဲ့အထိပိုလွန်းသည်။သူကလည်းဒီလိုဂရုစိုက်မှု အကဲပိုမှု​တွေကြားမှာ​ပျော်​နေတာဖုံးမရ ဖိမရ။ပထမဆုံးရည်းစားထားဖူးခြင်း​ကြောင့် အကုန်လုံးကအသစ်အဆန်း​တွေကြီးပင်။

'တီ'

အဝတ်​တွေတစ်ထည်ပြီးတစ်ထည် မှန်​ရှေ့မှာလဲ​နေ​ပေမယ့် ခုထိစိတ်တိုင်းကျတာမ​တွေ့​သေး။ထိုစဥ် 'တီ' ဆိုတဲ့အသံနဲ့အတူဝင်လာတဲ့မက်​ဆေ့​ကြောင့် အဝတ်ပုံ​ထဲကထွက်ကာဖတ်လိုက်​သည်။

/ကိုယ်ထယ်​ယောင်းအိမ်​ရှေ့မှာ​ရောက်ပြီ
ထွက်လာခဲ့​နော် မမနဲ့စကား​ပြော​နေရရင်
ထယ်​ယောင်းနဲ့​တွေ့ဖို့အချိန်ပုပ်သွားမှာစိုးလို့/

ဟုပို့ထား​လေ​သော မင်ယွန်းဂီရဲ့မက်​ဆေ့။​
ပြောသားပဲ...ဒီလူကအရမ်းပိုပါတယ်လို့။

​စောင့်​နေသည်ဆို​သော​ကြောင့်ဖွထားတဲ့ထဲကမှ စိတ်တိုင်းအကျဆုံးဝတ်ဆုံ​လေးကိုမြန်မြန်ဝတ်၍​ ​ရေ​မွှေးမြန်မြန်ဆွတ်ကာ​အောက်ထပ်သို့​ပြေးရသည်။

"ထယ်​လေး...ခြံထဲသွားမလို့လား..မနက်စာစားဦး​လေ"

"မဟုတ်ဘူးမမ...ကျွန်​တော်အပြင်သွားမလို့...နောက်ကျ​နေလို့မစား​တော့ဘူး​နော်"

"ဘယ်သူနဲ့လဲ​ပြောသွားဦး​လေ"

"မင်ယွန်းဂီနဲ့!!"

မမလှမ်း​မေးတာကို ပြန်​အော်​ပြောရင်းနဲ့သာခြံ​​ရှေ့သို့​ပြေးရသည်။ခြံတံခါးပွင့်တာနဲ့ ​ကားတံခါးကိုဖွင့်ရင်း​စောင့်​နေတဲ့လူကို​တွေ့ရ​တော့​ပြေးလာလို့​မောသွားတာ​တောင် ဘယ်​ပျောက်သွားမှန်းမသိ။

Freaky Couple(completed)Where stories live. Discover now