25

250 12 7
                                    

'အား!!!!'

"ထယ်​ယောင်း!"

ထယ်​ယောင်းမျက်နှာနဲ့အင်ကျီပေါ်လာစင်တဲ့​သွေးစက်​တွေနဲ့ မျက်စိ​​ရှေ့မှာတင်စက္ကန့်မခြားလဲကျသွားတဲ့ခန္ဓါကိုယ်နှစ်ခု​ကြောင့် ထယ်​ယောင်း​သွေးလန့်ကာ​အသံကုန်ခြစ်​အော်မိပြီး​မေ့​မျောသွား​တော့သည်။

​လဲကျသွားတဲ့ထယ်​ယောင်းကိုယ်​လေးကိုအမြန်ဖမ်းရင်း ​ယွန်းဂီပွေ့ဖက်ထားရသည်။အခု​လေးတင်သူ့မျက်စိ​ရှေ့မှာဖြစ်ပျက်သွားတဲ့အဖြစ်အပျက်​တွေက သူ့ကိုလည်းအ​တော်ထိတ်လန့်သွား​စေတာပင်။သူသာမက မတ်တပ်ရပ်​နေတဲ့ဝတ်ဆုံမဲနဲ့ဂန်ထယ်အီရဲ့လူ​တွေ၊ရဲအရာရှိ​တွေအပါအဝင်အားလုံးပင် ​ကြောင်ပြီးရပ်ကြည့်​နေမိကြသည်။ဘယ်သူမှမထင်မှတ်ထားတဲ့အဖြစ်အပျက်ကြီးမလား။

ဂန်အိမ်​တော်တစ်ခုလုံးကိုဆွဲချမယ့်အပြစ်​တွေကိုဂန်ထယ်အီကဒီလိုအဆုံးသတ်​ပေးသွားခဲ့သည်။

ထိုသတင်း​တွေက​တောင်ကိုရီးယားတစ်ခွင်လုံးကသတင်း​တွေ ဆိုရှယ်မီဒီယာ​ပေ့ချ်​တွေမှာတခဏချင်းပြန့်နှံ့သွားပြီးတစ်ကမ္ဘာလုံးကိုပါတုန်လှုပ်​စေခဲ့သည့်သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ဝန်ကြီးချုပ်ဂန်ဟာ​ရွေး​ကောက်ပွဲက​နေနှုတ်ထွက်ခဲ့ပြီး သားဖြစ်သူဂန်ထယ်အီရဲ့အပြစ်​တွေကိုယ်စား ပြည်သူ့လူထုကို​တောင်းပန်ခဲ့သည်။သားဖြစ်သူလုပ်ရက်ကိုပြည်သူ​တွေကမနှစ်မြို​ပေမယ့် ဝန်ကြီးချုပ်ဂန်ဟာတာဝန်ထမ်း​ဆောင်စဥ်ကာလတစ်​လျှောက်လုံးရိုးသား​ဖြောင့်မတ်ပြီး ပိုမိုတိုးတက်​အောင်အခွင့်အလမ်း​တွေပြုလုပ်​ပေးနိုင်ခဲ့တာ​ကြောင့် ပြည်သူ​တွေကချစ်ခင်​လေးစားပြီးအပြစ်မတင်ကြပဲ သားဖြစ်သူကိုသာမုန်းတီးခဲ့ကြသည်။ကံမ​ကောင်းစွာနဲ့ ဂန်ထယ်အီရဲ့ချစ်လှစွာ​သောအ​မေဟာ သားဖြစ်သူရဲ့သတင်း​ကြောင့်ပဲအစားထိုးထား​သောနှလုံးမှာရုတ်တရက် ရပ်ပြီးဆုံးပါးသွားခဲ့ရသည်။ထိုအမှု​ကြောင့်ပဲ ဂန်အိမ်​တော်တစ်ခုလုံးကိုရီးယားက​နေ က​နေဒါကိုအပြီး​ပြောင်းသွားခဲ့​ပြီးဒီသတင်းဟာလည်းတစ်စစနဲ့​ပျောက်ကွယ်သွား​တော့သည်။

Freaky Couple(completed)Where stories live. Discover now