Extra i

303 17 2
                                    

​​ယွန်းဂီဖုန်းကိုလက်ကမချ​ပေ။အ​ကြောင်းမှာ​တော့ပဲရစ်မှာ
နမ်ဂျွန်ရိုက်​ပေးထားတဲ့ ဗီဒီယိုကိုigမှာတင်ဖို့အတွက် editလုပ်နေခြင်းသာ။

"shit!!!...​သောက်editက​ဘာလို့​သောက်ရမ်းခက်တာလဲ"

က​လေးကိုလက်ထပ်ခွင့်​တောင်းခဲ့တဲ့​နေ့က သူ့ဘဝမှာအ​ပျော်ဆုံးပဲ။က​လေးက​'အင်း...ကျွန်​တော်ကိုကို့ကိုလက်ထပ်မှာ' လို့ဖြေလိုက်​တော့သူ့ရင်ထဲမှာမီးရှူးမီးပန်း​တွေပွင့်ထွက်ကုန်တာ။က​လေးနဲ့အတူပဲရစ်မှာအချိန်တစ်ပတ်​လောက်ဖြုန်းပြီးက​လေးကိုပါ ကိုရီးယားကို​ပြန်​ခေါ်လာခဲ့တယ်။က​လေးအစ်မနဲ့အဘိုးကိုလက်ထပ်ခွင့်​တောင်းတဲ့အ​ကြောင်းအသိ​ပေး​တော့ အားလုံးကလည်းဝမ်းသာ​နေကြတာ။သူကခုချက်​ချင်း​တောင်ယူချင်​ပေမယ့် က​လေးအသက်25ပြည့်မှယူပါဆိုလို့လပိုင်း​လောက်ထပ်​စောင့်ရဦးမယ်။စိတ်သိပ်မရှည်​ပေမယ့်လည်း အခုက​လေးကသူ့ရဲ့50%​လောက်ပိုင်ဆိုင်မှု​လေးဖြစ်​နေပြီမို့ ဒီက​ကောင်ကစိတ်ရှည်ရှည်နဲ့​စောင့်ရမှာပါပဲ။​နောက်၄လတည်းကို​အေး​​ဆေး​ပေါ့။

"ကိုကိုဘာလုပ်​နေတာလဲ...အား​နေဖုန်းပဲကြည့်​နေတယ်"

ထမင်းဘူး​လေးကိုင်ပြီးဝင်လာတဲ့က​လေးက ကိုရီးယားပြန်​ရောက်တည်းကတစ်​နေကုန်သူ့ရုံးခန်းမှာပဲ​နေသည်။2နှစ်လုံးခွဲ​နေခဲ့ရတာကိုက​လေးက အစားပြန်ယူ​နေတဲ့ပုံ။

"ကိုယ်အ​ရေးကြီးတာလုပ်​နေလို့ပါ"

"ပြ...ဘာ​တွေကအ​​ရေးကြီး​နေတာလဲ"

​ပြောရင်းနဲ့ဖုန်းကိုဆတ်ခနဲယူသွားတဲ့လက်သွယ်သွယ်​လေး။သူလက်ထပ်ခွင့်​တောင်းထားတဲ့လက်စွပ်​​လေးက က​လေးနဲ့ဆိုသိပ်လှတာ။အရင်ကprivacyဆိုအရမ်းအ​လေးထားတတ်တဲ့က​လေးကခု​တော့ ဇိုးခနဲဇွက်ခနဲ။သူက​လည်းလိမ်ညာထားတာတစ်ခုမှမရှိ​တော့ ကြိုက်တဲ့အချိန်ယူကြည့်က​လေးသ​ဘောပဲ။

"ဘာများလုပ်​နေတာလဲလို့ကိုကိုရယ်...ဟိုး​နေ့တည်းကလုပ်​နေတာခုထိမပြီးသေးဘူးလား"

"အင်း...ကိုယ်စိတ်တိုင်းမကျ​သေးလို့"

"ကျွန်​တော်လုပ်​ပေးမယ်...ကိုကိုအလုပ်လုပ်​တော့"

Freaky Couple(completed)Where stories live. Discover now