Extra ii

348 18 1
                                    

"ဒီတစ်ကွက်လှဲပြီးရင်...​နေ့လည်စာစားပါ​တော့ဒကာ​လေး"

"တင်ပါ့ဘုန်းဘုန်း"

ဘုန်းကြီး​ကျောင်းက ဘုန်းကြီးအုန်း​မောင်း​ခေါက်သံကသူ့ရင်ကို​အေးချမ်း​စေလိုက်တာ။ဒီလို​အေးချမ်းမယ်မှန်းသိရင် ​​စော​စော​ရောက်လာပါတယ်။ကင်မ်​ဆော့ဂျင်ဆိုတဲ့လူသား​ပေးတဲ့ဒဏ်ရာ​တွေကို ဘုန်းကြီး​ကျောင်းမှာ​ဖြေ​ဖျောက်ပစ်မယ်။ဒီမှာတစ်ပတ်လောက်လာ​နေတာ​တောင် ဒီ​လောက်​အေးချမ်း​နေတာ တစ်သက်လုံးသာ​နေလိုက်ရင်သူ​တော့​​သေရင်နိဗ္ဗာန်​​ရောက်မှာ​သေချာတယ်။

သူဘုန်းကြီးဝတ်လိုက်သင့်လား???

နမ်ဂျွန်ဘုန်းကြီး​ကျောင်းမျက်နှာစာကို တံမြက်စည်းလှဲပြီး​တော့ ​နေ့လည်စာစားရန်ထမင်းစားဆောင်သို့ထွက်လာခဲ့သည်။​ယွန်းဂီမင်္ဂလာပွဲပြီးတည်းက ​တောက်​လျှောက်အရက်​​တွေ​သောက်ပြီးအချိန်ပြည့်မူးရူး​နေတဲ့သူ့ကိုမားက စိတ်ပြန်ငြိမ်​အောင်ဘုန်းကြီးကျောင်းပို့လိုက်သည်။

မ​ကောင်း​ကျောင်းပို့လို့​ပြောရင်ပိုမှန်မလား?

စ​ရောက်လာတဲ့​နေ့တည်းက ​ကျောင်းကဘုန်းကြီး​တွေရဲ့အလုပ်​တွေကူလုပ်ရင်း တရားလည်းထိုင်၊တံမြက်စည်းလည်းလှဲ၊​တောင်တက်နဲ့ဆို​တော့စိတ်ငြိမ်သွားတာ​တော့အမှန်။အနည်းဆုံး​တော့ သူကင်မ်​ဆော့ဂျင်ကို​မေ့ထားလို့ရတယ်​လေ။ဘုန်းကြီး​ကျောင်းမို့ ​နှစ်နပ်စာလုံးသက်သက်လွတ်ပဲစားရတယ်။ညစာက​တော့ဥပုသ်​မစောင့်​ချင်လည်း​စောင့်ရတယ်။တစ်ပတ်အတွင်းမှာသူ​အတော်​တော့​နေသားကျ​နေပြီ။မနက်ဆို​စော​စောထပြီး​တောင်​ပေါ်ဘုရား​ကျောင်းထိတက်တယ်။ဘုန်းကြီး​ကျောင်းဝင်းထဲတံမြက်စည်းလှဲတယ်။အမှိုက်​တွေမီးရှို့တယ်။SNSလည်းမသုံး​တော့ပဲ ​လောကကြီးနဲ့အဆက်သွယ်ပြတ်​အောင်ဖုန်းပိတ်ထားတယ်။မားနဲ့ပါးက​သူရောက်ပြီးသုံးရက်​နေ့မှာ​လာ​တွေ့ပြီးစိတ်​ပျော်သ​လောက်​နေလို့မှာသွားတယ်။မားတို့ကပြန်မလာ​လေပို​ကောင်း​​လေပဲတဲ့။ပျင်းတဲ့အချိန်​တွေဆို​ကျောင်းထိုင်ဘုန်းကြီး​မွေးထားတဲ့ ခိုဆွန်းဆိုတဲ့​ခွေး​လေးနဲ့ပတ်​ဆော့တယ်။​နေ့လည်ဘက်ဆို ကိုရင်​လေး​တွေကိုအင်္ဂလိပ်စာသင်​ပေးတယ်။

Freaky Couple(completed)Where stories live. Discover now