10

258 21 0
                                    

"ပုံကြမ်းက​တော့ ဆွဲထားပြီးသား
ကျွန်​​တော်ရထားတဲ့​ခေါင်းစဥ်က လွတ်လပ်ပြီး
ကြည့်လိုက်တာနဲ့အဆင့်အတန်းတစ်ခုရှိ​နေရမယ့်
ဒီဇိုင်းမျိုး...အင်းမ်...​မော်ဒယ်နဲ့လည်းလိုက်ရမယ့်ဒီဇိုင်းမျိုး
ဆို​တော့ နည်းနည်း​တော့ဒီဇိုင်းကိုပြန်ပြင်ရမယ်ထင်တယ်
အချိန်ကရပါတယ်...လိုက်ခဲ့...ကျွန်​တော့်အလုပ်ခန်းထဲကို"

​မနက်က​ကူညီ​ပေးဆိုလို့ လွယ်လွယ်​ခေါင်းညိတ်လိုက်မိတာ
​​နောင်တရလိုက်တာ။​ယောင်းဖ​လောင်း​လေးဆီကအမှတ်ရချင်​​ဇောနဲ့ ကူညီ​ပေးမှာပါဆိုပြီးအာ​ချောင်လိုက်တဲ့အကျိုး ဆက်က​မော်ဒယ်လုပ်​ပေးရမယ်တဲ့။သူ့ရုပ်က​ချောပြီးသားဆို​တော့​မော်ဒယ်လုပ်​ပေးရတာကိစ္စမရှိ​ပေမယ့် presentationလုပ်ရင်သူပါလိုက်ပြီးထိုင်​ပေးရမယ်ဆို​တော့မလုပ်ချင်ပါဘူး။ရှုပ်ရှုပ်ယှက်ယှက်​တွေ။အခုမှငြင်းလည်းဟိုဟာ​လေးကအခက်​တွေ့ဦးမှာဆို​တော့ကူညီလိုက်ပါ့မယ်​လေ။

ထယ်​ယောင်း​​ခေါ်သွားတဲ့ အ​ပေါ်ဆုံးကအလုပ်ခန်းဆိုတဲ့​နေရာကတစ်ခန်းလုံးကအညို​​ရောင်​တွေသုတ်ထားပြီးဒီဇိုင်းဆွဲထားတဲ့စာရွက်​တွေကလည်းတစ်ခန်းလုံးကနံရံတိုင်းမှာကပ်ထားတာအပြည့်။ပြတင်း​ပေါက်အကြီးကြီး​တွေနဲ့ လသာ​ဆောင်လည်းရှိပြီးလိုက်ကာ​တွေက​တော့အဖြူ​ရောင်​တွေနဲ့အလှတင်ထားသည်။ပြတင်း​ပေါက်နားမှာစက်ချုပ်စက်ကြီးနှစ်လုံးနဲ့ အင်ကျီတိုင်းချုပ်တဲ့အရုပ်​တွေလည်းရှိသည်။နရံအ​​ပေါ်နားမှာနံရံကပ်မှန်ဗီရိုပါပြီး အဲ့ထဲမှာလည်းပိတ်စ​တွေ၊အပ်ချုပ်ပစ္စည်း​တွေနဲ့ရှုပ်ပွ​နေသည်။တစ်ခန်းလုံးကိုချုံ့ကြည့်လိုက်ရင် ​တော်တော်ကိုအလုပ်ကြိုးစားတဲ့fashion designerတစ်​ယောက်ရဲ့အခန်းလိုမျိုးပင်။

ထယ်​ယောင်းက​တော့ သူ့အလုပ်ခန်း​​လေးကိုသူကြည့်ပြီးဂုဏ်ယူပြုံး​လေးပြုံး​နေ​ပေမယ့် ​ယွန်းဂီက​တော့မျက်ခုံး​တွေကျုံ့၊မျက်နှာကိုရှုံ့မဲ့ရင်းသာ ရှုပ်ပွ​နေတဲ့အခန်းတစ်ခန်းရယ်လို့သာမှတ်ချက်ချ​နေသည်။

"ဒါကျွန်​တော့်အလုပ်ခန်း​လေ ဘယ်လိုလဲ"

သူ့ကိုကြွားသလိုလိုနဲ့ ချီးကျူး​ပေးစေချင်သလို​မေး​​စေ့ကိုလက်ညှိး​လေးနဲ့​ပွတ်ပြီး​မေးလာတဲ့ထယ်​ယောင်း​ကြောင့် မသိမသာသက်ပြင်းချလိုက်ရင်း လိမ်​ပြောဖို့သာပြင်ရ​တော့သည်။အမှန်အတိုင်း ရှုပ်ပွညစ်ပတ်ပြီးမျက်စိ​နောက်စရာအခန်းလို့​ပြောကြည့်ပါလား?​သူ့အတွက်မ​တွေးရဲစရာ။

Freaky Couple(completed)Where stories live. Discover now