15

248 16 2
                                    

"လက်ကိုလွှတ်...ခင်ဗျားဘယ်လိုဖြစ်​နေတာလဲ"

"အာ...ကိုယ်ဗိုက်ဆာလို့စိတ်ဆတ်သွားတာ
ထယ်​ယောင်းလည်းမစားရ​သေးဘူးမလား...တစ်ခုခုသွားစားရ​အောင်​လေ"

"မစားဘူး...အလုပ်​တွေရှိ​သေးတယ်...ခင်ဗျားလိုအားမ​နေဘူး"

"ကိုယ်လည်းမအားပါဘူး"

"​အော်...ဟုတ်လား..အဲ့ဒါဆိုလည်းခွင့်ပြုဦး​နော်...ပြန်ပြီ"

သူ့ကိုမဲ့ကာရွဲ့ကာ​ပြောပြီးထွက်သွားတဲ့ ​ကျောပြင်ပိစိ​လေးကိုကြည့်ပြီးသူပြုံးမိသည်။ခု​နောက်ပိုင်းကင်မ်ထယ်​ယောင်းကအရင်လိုသူ့အ​ပေါ်အရမ်းမစိမ်း​တော့။​ပြောသမျှငြိမ်ခံ​နေရတဲ့ဘဝက​နေ ခု​တော့နည်းနည်းစ​နောက်လို့ရတဲ့အထိအ​ခြေအ​နေ​ထိတိုးတက်လာပြီဖြစ်သည်။

"ထယ်​ယောင်း!!ကိုယ်​မေးဖို့​မေ့​နေတာ..ဟို​နေ့ကမမနဲ့ထည့်​ပေးလိုက်တဲ့ သစ်ခွပန်းနဲ့​ချောကလက်ကိတ်ကိုသ​ဘောကျတယ်မလား!!"

အိမ်ကလာကြိုတဲ့ကားအဖြူ​လေးဆီသွား​နေတဲ့ထယ်​ယောင်းကို သူ​နောက်က​နေလှမ်း​အော်ကာပြော​တော့ ​​ခြေလှမ်း​တွေရပ်သွားသည်။သူ့ကို​တော့ပြန်လှည့်မကြည့်။ခု​လောက်ဆို ကိုယ်သူ့ဆီက​လိမ်တာခံလိုက်တာသိသွား​လောက်ပြီ​ဆိုပြီးအဲ့ဟာ​လေးက ရှက်သွား​မှာလား?​လှောင်​နေမှာလား?ဆိုတာက ကျောပြင်ပဲ​မြင်​နေရ​တော့​သေချာမသိ။

"​ကောင်း​ကောင်းစားလိုက်ရတယ်!..​ကျေးဇူးပဲ!!"

ထယ်​ယောင်း ပြန်​ဖြေပြီးပြီးချင်း ​ခြေလှမ်း​တွေကိုခပ်သွက် သွက်အလုပ်​ပေးကာ ကား​​နောက်ခန်း​ပေါ်တက်ပြီးဦး​လေးကြီးကို​အိမ်သို့​မောင်းခိုင်းလိုက်သည်။​ကား​ပေါ်​​ရောက်တဲ့ထိသ​ဘောတကျရယ်​နေ​သေးသည့် ထယ်​ယောင်းအပြုံး​သေး​သေး​လေး​တွေကို​တော့ ​ယွန်းဂီမမြင်လိုက်ရပါ။

မမဆီကတစ်ဆင့်ရတဲ့သစ်ခွပန်းစည်း​လေးက​တော့ ထယ်​ယောင်းအခန်း​ထောင့်ပန်းအိုး​လေးထဲမှာ လှလှပပ​နေရာယူထားပြီး ၈လက်မ​ချောကလက်ကိတ်ကို​တော့မ​နေ့ညကထမင်း​တောင်မစားပဲ တစ်​ယောက်တည်းစားပစ်ခဲ့တာကလည်းထယ်​ယောင်းပင်။အစ်မဖြစ်သူ​ တောင်းစားတာ​တောင်မ​ကျွေးပဲ ဗိုက်အရမ်းဆာလို့ဆိုတဲ့အ​ကြောင်းပြချက်​လေးပြပြီးမကုန်တာကို​တောင် တစ်ထိုင်တည်းထိုင်စားဖြစ်ခဲ့တဲ့လူက ယခုကား​​နောက်ခန်းကအပြုံးပိုင်ရှင်​လေး။
.
.
.
'​ဒေါက်...​ဒေါက်'

Freaky Couple(completed)Where stories live. Discover now