20

238 11 0
                                    

"​ဘေဘီ...ကိုယ့်ကိုမမှတ်မိဘူးလား"

"ဂန်ထယ်အီ!!"

ထယ်​ယောင်း​နောက်ပြန်လှည့်ကြည့်စရာမလိုပဲသိသည်။သူ့ကို ​'ဘေဘီ'ဟု​ခေါ်တတ်တဲ့လူကတစ်​ယောက်တည်းရှိသည်။အဲ့ဒါဂန်ထယ်အီဆိုတဲ့လူပင်။​တောင်ကိုရီးယားရဲ့မျိုးရိုးစဉ်ဆက်ချမ်းသာတဲ့မိသားစုက​နေဆင်းသက်လာပြီး ယခုမျိုးဆက်ရဲ့အငယ်ဆုံးသားလည်းဖြစ်သည်။အ​ဖေကလက်ရှိ​တောင်ကိုရီးယားရဲ့ဝန်ကြီးချုပ်မို့ အာဏာ​ရောအရှိန်အဝါပါကြီးမားသည်။ဥစ္စာ​ပေါရုပ်​ချောမို့ မိန်းက​လေး​တွေဝိုင်းဝိုင်းလည်​နေသည့်တိုင် မမ့ကိုသ​ဘောကျသည်ဆို၍သူ့ထံချဉ်းကပ်လာခဲ့သည်။​နောက်မှသိရတာက မမ့ကိုသ​​ဘောကျခြင်းမဟုတ်ပဲ သူ့ကိုသ​ဘောကျ​နေသည်ဆို​သောကြောင့် ထိုလူ့ကိုသူ့အနားမှ​မောင်းထုတ်ခဲ့သည်။​မောင်းထုတ်ခဲ့​သော်လည်း အနားမှာအမြဲလိုလိုရှိ​​တတ်​ရာက​နေ ​ရုတ်တရက်ကြီး​ပေါ်မလာ​တော့တာ​ကြောင့် စိတ်​အေးသွားရ​ပေမယ့် ခု​တော့သူ့​​ရှေ့ပြန်​ပေါ်လာခဲ့သည်။သူ့ကိုပြန်ချစ်​ပေးဖို့ပဲအမြဲ​တောင်းဆို​လေ့ရှိတဲ့ ဂန်ထယ်အီကထိုစကားမှလွဲ၍ကျန်တာ ​နှောင့်ယှက်တာ​တော့မရှိ။သို့​သော် သူ့အနားမှာမရှိ​စေချင်တာ​တော့အမှန်​ပေ။

"​ဘေဘီ"

​နောက်တစ်ကြိမ်ထပ်​ခေါ်လာပြန်သည်။

"သွားရ​အောင်.."

ထယ်​ယောင်း​ ယွန်းဂီလက်ကိုအတင်းဆွဲ၍ ခပ်မြန်မြန်လမ်း​လျှောက်သည်။​ယွန်းဂီက ထယ်​ယောင်းပါးစပ်ကထွက်သွားတဲ့ ဂန်ထယ်အီ ဆိုတဲ့နာမည်ကို​မေးချင်​ပေမယ့်
​အ​လောကြီးတဲ့ပုံစံ​​​ကြောင့်​မေးခွင့်မရ။

"ဘာလို့လဲ ထယ်​ယောင်း...တိုက်ကားစီးမယ်ဆို"

"မစီး​တော့ဘူး...အိမ်ပြန်ချင်တယ်"

ထယ်​ယောင်းစကား​ကြောင့် ဘာမှထပ်မ​ပြောနေ​တော့ပဲ ကားပါကင်သို့သွားပြီး အိမ်သို့ပြန်​မောင်းပို့ရသည်။အလာတစ်လမ်းလုံးပွစိပွစိ ​ပြော​ခဲ့တဲ့ဟာ​လေးကအပြန်တစ်လမ်းလုံးကျတိတ်​နေ​တာကြောင့် သူ့မှာစိုးရိမ်ရပြန်သည်။

Freaky Couple(completed)Where stories live. Discover now