11

238 18 0
                                    

​ယွန်းဂီဒီမနက်လည်း ​စော​စောထ၍ပြင်ဆင်ပြီးထယ်​ယောင်းကို့လိုက်ပို့​ပေးရန် ဧည့်ခန်းက​စောင့်​နေ​လေသည်။
ထယ်​ယောင်းက​တော့ခုထိဆင်းမလာ​သေး။

'ဝုတ်...ဝုတ်...'

သူ့ကို​တွေ့တိုင်း​ဟောင်​နေကျ ​ခွေးမဲမဲ​သေး​သေး​လေးကို
လည်းမြင်​နေကျ​တော့ရိုး​နေပြီဖြစ်တာမို့ လျစ်လျူရှုလိုက်သည်။စိတ်ရှိတိုင်းဆို ဖိနပ်နဲ့​ကောက်​ပေါက်ချင်​​ပေမယ့် မ​တော်လို့ထယ်​ယောင်းဆင်းလာတာနဲ့ကြုံသွားမှာစိုးလို့ ​ဟောင်စမ်းဆိုပြီး​တော့သာကြည့်​နေလိုက်တယ်။အပျင်း​ပြေတာ​​ပေါ့။

'ဝုတ်...ဝုတ်...'

ဆက်​ဟောင်​နေရင်း သူထိုင်​နေတဲ့ထိုင်ခုံနားကိုလာပြီးသူ့​ပေါ်တွယ်ကပ်မလို့လုပ်​နေတဲ့​ခွေးမဲမဲ​​လေးက သူ့ကိုဘာဖြစ်​စေချင်လဲမသိ။ချီ​စေချင်တာလား?ချီလိုက်ရမလား?

"အား!!!​ခွေးမသား​လေး!!!"

​ယွန်းဂီ သူ့ကိုချီခိုင်း​နေတယ်ထင်ပြီးချီလိုက်​တော့ခဏ​တော့သူ့အ​​ပေါ်မှာငြိမ်​နေ​သေးသည်။ဒီလိုကျ​တော့လည်း ​ခွေးမသား​လေးကလိမ္မာပါလား လို့​တွေး​နေတုန်းသူ့​ပေါင်နှစ်ဖက်လုံး​နွေးသွားတာ​ကြောင့် ကြည့်လိုက်​တော့​​သေး​ပေါက်ချသွားတဲ့​​ကင်မ်ထယ်​ယောင်းရဲ့အချစ်​တော်​လေး။သူလည်း​အော်​​ရောသူ့ကိုယ်​ပေါ်ကဆင်းပြီး သူ့ကိုမျက်လုံးပြူးပြူးနဲ့​​ကြောင်​တောင်​တောင်​လေးကြည့်​နေ​သေးသည်။

"ဘာကြည့်တာလဲ!!မင်းလုပ်လိုက်တာကိုကြည့်စမ်း!!
ငါမနက်အ​စောကြီးတည်းက ​ရေချိုးပြီးမင်းသခင်ကိုစောင့်​နေတာ​လေ...တစ်ကယ့်​သောက်ကျင့်မ​ကောင်းတဲ့​ခွေးမသား​လေး!!"

'ဝုတ်...ဝုတ်'

အမယ်...သူ​ပြော​တော့သူ့ကိုပြန်​ဟောင်တာ။အဲ့​သောက်​ခွေးမသား​လေးက တစ်ခါ​လောက်ရိုက်ခံရမှာမှတ်မှာ။​ယွန်းဂီချက်ချင်းဖိနပ်ပါးကိုချွတ်ပြီးလက်ကကိုင်ကာ မျက်နှာကလည်းလူယုတ်မာပြုံး​​ကြီးပြုံးပြီး ထယ်​ယောင်းအချစ်​တော်​လေးရဲ့ဖင်ကိုရိုက်ဖို့ပြင်​တော့ ချက်ချင်း​ထွက်​ပြေးသွားတဲ့​ခွေးမဲမဲ​လေး။

Freaky Couple(completed)Where stories live. Discover now