26(Final)

459 16 4
                                    

"ကိုကို...စိတ်ဆိုး​ပြေ​တော့​လေ​"

"ကိုယ်အခုစကားမ​ပြောချင်​သေးဘူး က​လေး"

"ကိုကိုကလည်း"

ထယ်​ယောင်း ​ယွန်းဂီရုံးခန်းထဲတွင် တ​ကောက်​ကောက်လိုက်၍​ချော့​နေခြင်းဖြစ်သည်။ပဲရစ်ကိုပညာ​တော်သင်သွားမယ့်ကိစ္စနဲ့ပတ်သက်ပြီး စိတ်ဆိုး​နေတဲ့ကိုကိုက သူဘယ်​လောက်​ချော့​ချော့စိတ်ဆိုးမ​ပြေ​။

"ပြန်​တော့မယ်...​နောက်၅ရက်ဆိုကျွန်​တော်သွားရ​တော့မှာ...အဲ့မတိုင်ခင်ထိ​​နေ့တိုင်းလာ​ချော့မယ်...စိတ်ဆိုးမ​ပြေရင်​လည်းမသိ​​တော့ဘူး"

ထယ်​ယောင်းက​ပြောပြီး ​ယွန်းဂီရုံးခန်းထဲကထွက်သွားသည်။​ထွက်သွားတဲ့​ထယ်​ယောင်း​ကျောပြင်​လေးကိုကြည့်ရင်း ​ယွန်းဂီသက်ပျင်းချ၍နတ်ခ်တိုင်ကို​​​​လျော့တိ​လျော့ရဲဖြစ်​​အောင်​ဆောင့်ဆွဲလိုက်သည်။

ထယ်​ယောင်းပညာ​တော်သင်သွားရမှာက2နှစ်​တောင်။သူကဘယ်လိုလုပ်2နှစ်လုံးအဲ့​ကောင်​လေးနဲ့ခွဲနိုင်မှာလဲ?က​လေးက​တော့သူနဲ့ခွဲနိုင်တဲ့ပုံ။လုပ်ချင်တာလုပ်ပြီးမှ အသိ​ပေးရုံ​ပေးလာတာ​လေ။တစ်ကယ်စိတ်ဆိုးတယ်...ကျန်တဲ့ကိစ္စ​တွေဆိုအ​လျော့​ပေး​နေကျ​ပေမယ့် ဒီကိစ္စကို​တော့သူလုံးဝအလျော့​မပေးနိုင်ဘူး။ကိုရီးယားနဲ့ပဲရစ်ကဒီ​လောက်အ​ဝေးကြီး...သူ​​ပေးမသွားနိုင်ပါဘူး။

.
.
.

"သားကြီး...ငါမှားသွားပြီ!!!"

မနက်အ​စောကြီးသူ့ဆီလာပြီး အသံပြဲကြီးနဲ့ငိုယို​နေတဲ့​ယွန်းဂီကိုနမ်ဂျွန်နာရင်းအုပ်ချင်တာအ​တော်ဖြစ်​နေပြီဖြစ်၏။
သို့​သော်လည်းချစ်သူငယ်ချင်းကြီးမို့ စိတ်ကိုတစ်ထစ်ချရင်းနှစ်သိမ့်ရ​ပေဦးမည်။

"ဘာငိုစရာရှိလို့လဲကွာ...2နှစ်တည်းကို"

"ဘာ!!...2နှစ်တည်းဟုတ်လား...မင်းလိုfaကဘာသိမှာလဲ...ငါ့အတွက်​တော့2နှစ်ဆိုတာနှစ်ဘဝ​လောက်ကြာတယ်ကွ!"

​နှစ်သိမ့်​နေတာ​တောင် အ​ပြောအဆိုခံ​နေရ​တော့နမ်ဂျွန်တင်းပြီ​လေ။

"အဲ့ဒါဆိုလည်း...ဘာကိစ္စဖင်ယားပြီးမသွားခင်တည့်​အောင်မ​နေလဲ!!"

Freaky Couple(completed)Opowieści tętniące życiem. Odkryj je teraz